Thursday, January 21, 2010

ရခိုင်ပြည်အတွင်း မဲရလဒ်

မောင်အေး(နိရဉ္စရာ) မေလ-၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နအဖ စစ်အစိုးရ၏ တဘက်သတ် ပြည်သူ့ဆန္ဒ ခံယူပွဲတွင် ရခိုင်ပြည်နယ် မြို့နယ်တချို့မှ ရရှိသည့် မဲရလာဒ်များကို မြို့နယ် ကော်မရှင်များက ထုတ်ပြန်ကျေညာရာ ထိုမဲရလဒ်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
ဂွမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူအရေ အတွက်မှာ ၂၄၅၇၉-ဦးရှိပြီး မဲပေးသူအရေအတွက်မှာ ၂၄၅၁၅-ဦး ရှိသည်၊ ထိုအထဲတွင် ထေက်ခံမဲ ၁၉၂၆၄-မဲ၊ ကန့်ကွက်မဲ ၄၄၃၃-မဲနှင့် ပါယ်မဲ ၈၁၈-မဲရှိကြောင်း သိရှိ ရသည်။
ကျိန္တလီ မြို့နယ်ခွဲ မဲဆန္ဒ နယ်မြေတွင် မဲပေးပိုင်ခွင့် ရှိသူ ၁၅၃၈၅-ဦး၊ လာရောက်မဲပေးသူ ၁၅၃၈၂-ဦးရှိသည်။ ထိုအထဲတွင် ထောက်ခံမဲ ၁၂၇၀၅-ဦး၊ ကန့်ကွက်မဲ၂၄၀၉-မဲနှင့် ပါယ်မဲ၂၆၈ မဲရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မောင်တောမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ အရေ အတွက်မှာ ၂၄၇၇၈၆-ဦးပြီး မဲရုံများသို့ လာရောက်မဲပေးသူအရေအတွက်မှာ ၁၆၈၁၂၅-ဦး ရှိသည်၊ မြို့နယ် ကော်မရှင် ဥက္ကဌက မောင်တောမြို့နယ်တွင် ၉၀ ရာခိုင်နုန်းကျော် ထောက်ခံမဲပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ဖေါ်ကျေညာသည်။
ကျောက်ဖြူမြို့နယ်တွင် မဲပေးနိုင်သူ ၇၈၆၈၂-ဦးရှိပြီး လာရောက်မဲပေးသူ အရေအတွက်မှာ ၄၅၂၈၂-ဦးရှိသည်။ သို့သော် မဲရလဒ်ကို သိရှိရခြင်း မရှိသေးပါ၊
မအီမြို့သစ် မဲဆန္ဒနယ်မြေတွင် ၄၂၃၃၆-ဦးမဲပေးပိုင်ခွင့်ရှိပြီး လာရောက်မဲပေးသူများမှာ ၃၈၉၉၀-ဦး ရှိသည်။
ပလက်ဝမြို့ပေါ်တွင် မဲဆန္ဒရှင် ၃၉၀၁-ဦးရှိပြီး မဲရုံများသို့ လာရောက်မဲပေးသူများမှာ ၂၀၅၅-ဦးရှိခဲ့ကြပြီး ကန့်ကွက်မဲ ၄၄၈-နှင့် ထောက်ခံမဲ ၃၄၅၃- ရှိသည်။ အန္ဒိယနယ်စပ်ရှိ ကျေးရွာတချို့တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ မဲစာရွက်များကို ၀င်ရောက် သိမ်းဆည်းသွားသဖြင့် ဆန္ဒခံယူပွဲကို ရပ်တန့်ထားခဲ့ရကြောင်း သိရှိရသည်။
မာန်အောင်မြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၂၆၇၇၀-ဦးရှိပြီး လာရောက်မဲပေးသူများမှာ ၁၅၅၆၆-ဦးရှိသည်။ မဲရလဒ်ကိုမူ ယခုအချိန်ထိ မသိရှိရသေးပါ၊
သံတွဲမြို့ပေါ်ရှိ မဲဆန္ဒရှင် ၇၁၂၇၈-ဦးရှိပြီး လာရောက်ဆန္ဒမဲပေးသူ ၇၁၂၇၀-ဦးရှိသည်။ ထိုထဲမှ ထောက်ခံမဲ ၅၆၁၇၈-မဲ၊ ကန့်ကွက်မဲ ၁၁၆၇၅-မဲနှင့် ပါယ်မဲ ၃၄၁၇-မဲ ရှိသည်။
ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့နယ်တွင် မဲဆန္ဒ ရှင် ၅၆၈၁၄-ဦးရှိပြီး လာရောက်မဲပေးသူစုစုပေါင်းမှာ ၂၆၁၁၆-ရှိခဲ့သည်။ ထိုအထဲမှ ထောက်ခံမဲ ၂၅၅၉၆-နှင့် ကန့်ကွက်မဲ ၄၈၉-မဲ ပါယ်မဲ ၃၁-မဲ ပေးခဲ့ကြသည်။
ရမ်းဗြဲမြို့နယ်တွင် မဲဆန္ဒရှင် ၆၄၇၈၉-ဦးရှိပြီး လာရောက်မဲပေးသူမှာ ၅၈၃၂၄ -ဦးရှိသည်။ ထိုအထဲမှ ထောက်ခံမဲ ၃၇၂၀၉ မဲနှင့် ကန့်ကွက်မဲ ၁၈၈၀၆-မဲရှိကာ ၂၃၀၉-ဦးမှာ လာရောက်မဲပေးခြင်း မရှိကြောင်း သိရှိရသည်။
မြေပုံမြို့နယ်တွင် မဲဆန္ဒရှင် ၆၆၄၉၄-မဲရှိပြီး လာရောက်မဲပေးသူအရေအတွက်မှာ ၆၅၀၄၁ ဥိးရှီသည်၊ ထိုအထဲမှ ကန့်ကွက်မဲ ၁၂၈၆၅-မဲ၊ ထောက်ခံမဲ ၄၉၁၈၉-မဲနှင့် ပါယ်မဲ ၂၉၈၇ မဲရှိခဲ့ကြောင်း သိရှိရသည်။
စစ်တွေမြို့ပေါ်ရပ်ကွက် ၃၁ ခုတွင် မိဇံနှင့် ဗျိုင်းဖြူရွာတွင် ဆန့်ကျင် ကန့်ကွက်မဲ ပိုများခဲ့ပြီး တခြားရပ်ကွက်များတွင် နအဖ စစ်အစိုးရမှ အနိင်ရရှိသွားခဲ့သည်။
တဆက်တည်းတွင်းလည်း ကျန်ရှိနေသည့် မြို့နယ်တချို့မှ မဲရလာဒ်များကို အသေးစိပ် ဖော်ပြပေးနိုင်ရန် နိရဉ္စရာမှ ဆက်လက်စုံးစမ်းလျှက် ရှိပါသည်။

No comments: