Tuesday, January 12, 2010

နအဖ ရွေးကောက်ပွဲကို ၂၀၁၀ အောက်တိုဘာ ၁၀ ရက်တွင်ပြုလုပ်မည်


နအဖ စစ်အစိုးရမှ ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု အာဆာဟိသတင်းကို ကိုးကားပြီး မိုးသောက်ကြယ် ဘလော့တွင် ဖေါ်ပြသည်။

အာဏာသိမ်း နအဖ စစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လာမည့် အောက်တိုဘာ ၁၀ ရက် တနင်္ဂနွေနေ့ တွင် ပြုလုပ်မည်ဟု ဂျပန်နိုင်ငံရှိ နာမည်ကြီးသတင်းစာ တစ်ခုဖြစ်သော အာဆာဟိ(Asahi) သတင်းစာက ဖေါ်ပြကြောင်း မိုးသောက်ကြယ်က ပြောသည်။

အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto) ဆိုသူက ရေးသား ပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများ အနေဖြင့် ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးများမှ နှုတ်ထွက်ကြရမည် ဖြစ်ပြီး ရွှေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင် ကြရမည်ဟု ဆိုသည်။

၆ လတာ အချိန်ကာလမှာ မဲဆွယ်ရန် လုံလောက်သော အချိန်ဖြစ်ကြောင်း စစ်အာဏာပိုင်များက ပြောကြောင်း ဖေါ်ပြ ပါရှိသည်ဟုလည်း သိရသည်။

နအဖ စစ်အုပ်စုမှ တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အရ အောက်လွှတ်တော်တွင် အမတ် ၄၄၀ နေရာနှင့် အထက် လွှတ်တော်တွင် အမတ် ၂၄၂ နေရာကို အတည်ပြုနိုင်ရေး အတွက် တပြိုင်နက်တည်းလုပ်ဆောင်မည် ဖြစ်သည်ဟု ပြောသည်။

ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီ အဖွဲ့အစည်းများနှင့် တသီး ပုဂ္ဂအမတ်များကို ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဧပြီလတွင် သတ်မှတ်ပေးမည် ဖြစ်သည်ဟု ဆိုသည်။

ကြံဖွံ့အသင်းမှ အဆင့်(၂)နှင့် အဆင့်(၃)ရှိသူ ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးမှာ ပါတီထူထောင်ရန် အခြေအနေများနေသည်ဟု ဖေါ်ပြသည်။

သို့သော်လည်း အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက်များကို နိရဉ္စရာက ရရှိခြင်းမရှိသေးပါ။

No comments: