Wednesday, February 25, 2015

ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G) မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အား ကူညီထောက်ပံ့

     
ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G)သည် ၂၀၁၂-ခုနှစ်မှ လက်ရှိ အချိန်အထိ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)ALAသို့လစဉ်လတိုင်း စားနှင့်ရိပ်ခါ နှင့် ငွေ အချိုကို ထောက်ပံ့ ကူညီလာခဲ့ သည်မှာ နှစ်တာအားဖြင့် ၃ နှစ်ပြည့်ပီးဖြစ်ပါသည်။ ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း (A.R.K.G) မဲဆောက်၊ ဗဟို၊ (A.R.K.G- ဋ္ဌာနခွဲ၊ဟတ်ယိုင်၊ ပါသနီ၊နာဠာဒေ၀၊ယလာ)မှ ရခိုင်ပြည်လွတ် မြောက်   ရေးပါတီ(ALP/ ALA)သို့ လစဉ် လတိုင်း ရိက္ခာပစ္စည်းများကို  ယင်းသို့ ကူညီ ထောက်ပံ့ပေးမှုအတွက် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် မိမိတို့ တက်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ပေးမှုအတွက် ရခိုင်ပြည် လွတ်မြောက် ရေးပါတီ(ALP) ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) အနေဖြင့် ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G)အား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

လောက်ကိုင်စစ်ပွဲကရလိုက်တဲ့..မြန်မာ့တပ်မတော်၏အားနည်းချက်များ(၁)

လောက်ကိုင်စစ်ပွဲကရလိုက်တဲ့..မြန်မာ့တပ်မတော်၏အားနည်းချက်များ(၁)
(စာရေးသူအနေနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့ စေတနာအရင်းခံဖြင့်အပြုသဘော ဝေ
ဖန်သုံးသပ်သွားပါ့မယ်။ဒါကြောင့်ပုဂ္ဂိုလ်ရေးရာချစ်ခြင်း၊မုန်းခြင်းမထားဘဲကျဆုံးသူတွေ
ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေရဲ့မျက်နှာကို မြင်တွေ့လိုက်ရချိန် ခံစားချက်ဖြစ်ပေါ်လာကာ တပ်မတော်ရဲ့ အနာဂါတ်ကို ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်ပါတယ်။မည်သူတဦး
တယောက်ကိုမှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ..နောက်နောင်ကိုသင်ခန်းစာယူရန်သာ
ဖြစ်ပါတယ်)
-------


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောငိလှိုင်ဟာ တပ်မတော်
ကို(Standard Army) ဖြစ်ရေးလမ်းညွန်ချက်တရပ်အနေနဲ့ အခမ်းအနားတွေမှာ
ပြောဆိုသွားတာတွေ့ ရပါတယ်။ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး၊ (ကြည်း၊ လေ၊ ခြေလျင်တင့်အမြောက်) ပူးပေါင်းစစ်ဆင်ရေး၊(ရေ၊လေ)ပူးပေါင်းစစ်
ဆင်ရေးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေပါတယ်။ တပ်ချူပ်ရဲ့ နိုင်ငံတကာ
ခရီးစဉ်တွေမှာစစ်လက်နက်ပစ္စည်း၊၊ရေငုပ်သင်္ဘော၊ဂျက်လေယာဉ်၊တင့်ကား၊ လေ
ကြောင်းရန်ကာကွယ်ရေးဒုံးများ လေ့လာကာ ခေတ်မီတပ်မတော် ဖြစ်ရေး ကြိုးစားနေ
ရာ အရှိန်အဟုန်ရနေပြီဖြစ်လို့ စိတ်ကူးယဉ်အိပ်မက်တောင် မက်နေခဲ့ပါတယ်။
--
မကြာသေးမီကာလကလေးကမှ လောက်ကိုင်ဒေသဧရိယာမှာ ပြင်းထန်တဲ့တိုက်ပွဲ
များကြောင့် အရာရှိ၊ စစ်သည်ကျဆုံး၊ ထိခိုက်ဒဏ်ရာရ (၁ရ ရက်နေ့ ထိ ၄၇ ကျ၊ ၇၃ ထိခိုက်) ဖြစ်ကာ ရန်သူ့ထံမှ ၂၈ အလောင်းရ၊ လက်နက် ၁၀၀၊ လက်တော့ကွန်ပျူ
တာ၎လုံး၊ခဲယမ်းများရရှိတဲ့သတင်းကြောင့်အိပ်ပျော်နေရာမှအလန့်တကြားနိုးထလိုက်
သလို ဖြစ်မိပါတယ်။
---
စာရေးသူအနေနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့ စေတနာအရင်းခံဖြင့်အပြုသဘော ဝေ
ဖန်သုံးသပ်သွားပါ့မယ်။ဒါကြောင့်ပုဂ္ဂိုလ်ရေးရာချစ်ခြင်း၊မုန်းခြင်းမထားဘဲကျဆုံးသူတွေ
ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေရဲ့မျက်နှာကို မြင်တွေ့လိုက်ရချိန် ခံစားချက်ဖြစ်ပေါ်လာကာ တပ်မတော်ရဲ့ အနာဂါတ်ကို ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်ပါတယ်။
---
စာရေးသူအနေနဲ့ ခေတ်မီတပ်မတော်ဖြစ်ရေးအတွက်ယခုတိုက်ပွဲများမှသင်ခန်းစာ
ဖေါ်ထုတ်ချက်အား သုံးသပ် သွားပါမယ်။ လောက်ကိုင်ဒေသတိုက်ပွဲများမှာ တပ်
မတော်သားများ ကျဆုံးထိခိုက်ဒဏ်ရာရ အရေအတွက်ဆုံးရှုံးမှု ကြီးမားလှပါတယ်။ စစ်သဘောအရအပေါင်းအနှုတ်ရလဒ်မှာတပ်မတော်ဘက်မှထိခိုက်ကျဆုံးတဲ့၁၀၀ခန့် 
နဲ့ ရန်သူဆီမှ သိမ်းဆည်းရမိတဲ့လက်နက် ၁၀၀ တို့ တိုက်ဆိုင်တူညီလုနီးပါး တွေ့ ရပါ
တယ်။ ဒါပေမဲ့ လူနဲ့ လက်နက်တန်ဘိုး ချိန်ထိုးလို့ မကောင်းပါ။ မလဲနိုင်ပါ။ လက်နက်
ထက် လူကို တန်ဘိုးထားရပါမယ်။ ဒါကြောင့် ပေးဆပ်ရတာကြီးမားလှပါတယ်။
----
ဒီပြသနာမဖြစ်ခင်၂၀၁၄ခုနှစ်ဧပြီလခန့်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလားဂွင်မှာကိုးကန့်
အဖွဲ့ စစ်သင်တန်းလျို့ဝှက်ပေးနေရာ – တပ်စုမှုးကို မကျေနပ်လို့ တရုတ်ကြေးစားစစ်
သား ၈ဦးက ပစ်သတ်ပြီး လက်နက်ခဲယမ်းအပြည့်အစုံတင်ကာ ကားဖြင့် ထွက်လာခဲ့ပါ
တယ်။သူတို့ ဟာ မြို့ပေါင်း၂၀ ဖြတ်ကျော်၊ မြန်မာပြည်အရှေ့မှအနောက်ဘက်အိန္ဒိယ
နယ်စပ်တွင်းဝင်ခါနီး၊ ကလေးမြို့ဂိတ်မှာ လက်မတင်လေး မိခဲ့ပါတယ်။
---
ဒီအဖွဲ့ လွယ်လွယ်ကူကူနဲ့ ဖြတ်သွားနိုင်တာကြောင့် လုံခြုံရေးကွန်ယက်ကြီး ပေါက်ပြဲ
နေတာ အထင်သားတွေ့ မြင်နေရပါတယ်။ ဒီလောက်ကိုင်တိုက်ပွဲ ဖြစ်ခါနီးအချိန်လေး
မှာပင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ကွမ်းလုံမြို၊့ ကျွန်းပေါ်ခြုံဒေသ၊မုန်းစီ၊မုန်းပေါ်
လေးတွေမှာကိုးကန့်အဖွဲ့ ကတပ်မတော်ကိုခြုံခိုချလို့တပ်ဘက်မှ(၇)ဦး)ကျသွားတဲ့ဖြစ်
စဉ်ရှိပါတယ်။ ဒါအပြင်ဖုန်ကြားရှင် ကိုယိတိုင် တရုတ်အစိုးရအာဘော် Gobel သတင်း
စာမှာတိုက်ပါမယ်လို့ ပေါ်တင်ကြေညာထားတာကိုစစ်ရေးသတိ၊လုံခြုံရေးစီမံချက်၊ ကြို
တင်ပြင်ဆင်မှုတွေကို ကစထမှုး ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်တယောက် ဂေါက်ရိုက်
ပြီး စဉ်းစားနေပုံရ ပါတယ်။
---
ကစထမှုးအနေနဲ့ တပ်ရင်းလိုက်အလှူးအလဲဖြစ်နေချိန် လားရှိုးမြို့ မှ တဖ၀ါးမှမခွါဘဲ အဝေးရောက်ကွပ်ကဲနေတာကို အံ့သြစွာတွေ့ ရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ
(ခံ-ခွါ-ချီ) တိုက်စစ်နည်းဗျုဟာ ဥပဒေသအတိုင်း ရှေ့တန်းကျကျ ကွပ်ကဲရမည်ဆိုတာ ကိုအောင်သန်းထွဋ်တယောက် မေ့ပုံရပါတယ်။ ယခင်ဒုဗိုလ်ချုပ်ကြီးမောင်လှ ဆိုရင် ရန်သူ့ပစ်အား ဒလစပ်ပစ်အားကြမ်းနေတဲ့ကြား ရဟတ်ယာဉ်ပိုင်းလော့ကို အတင်းမ
ရမက ဆင်းခိုင်းတာမို့ - သူ့သွေးထုတ်ပြီး ကိုအောင်သန်းထွဋ်ထံ သွင်းရကိန်းဆိုက်နေ
ပါတယ်။
---
ကက(ကြည်း)မှာ စစ်ဆင်ရေးကိုင်တွယ်နေပြီး စရဖကို အရည်အသွေးမြှင့်အောင်မလုပ်
နိုင်လို့ စစ်ဦးစီးအရာရှိချူပ် (ကြည်း)ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေတယောက် နတခတိုင်းမှုးလုပ်ခဲ့တုန်းက မုန်တိုင်းအငွေ့သက်ကျန်သေးနေလို့ အသာမှေးနေလား
မသိပါ။ တကယ်တော့ ဒီရာထူးဟာ ဦးသန်းရွှေက ဦးတင်ဦးအား နေရာပေးချင်တာ
ကြောင့် စစ်ရုံးမှာ အပိုလိုဖြစ်နေပြီး၊ ဦးတင်ဦးမရှိတဲ့နောက်တော်တော်နဲ့ အစားမထိုးခဲ့
ရာမှဒုဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးကိုတဖန်နေရာပေးချင်လို့ ပြန်လည်အသက်ဝင်လာတာ
့ဖြစ်ပါတယ်။
---
အဲဒီနောက် ကိုကျော်ဆွေနဲ့ နေရာချိန်းလိုက်တာဖြစ်ပါတယ်။ တကယ်တော့စစ်ရုံးမှာ ဆုံးဖြတ်နိုင်ခွင့်ပါဝါဟာ (၄) ဦး (ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦး
စီးချုပ် (ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဦးစီး ဗိုလ်မှုး
ချုပ်စစ်ဆင်ရေး) တောင်ရှိနေတာအမိန့်၊ကွပ်ကဲမှုအဆင်ဆင့်ဖြတ်နေရတာမို့ ကြန့် 
ကြာနိုင်ပါတယ်။ လက်ရှိ စရဖ ကိုင်နေတဲ့ ကိုမြတ်ထွန်းဦးဟာ ဗိုလ်ချုပ်ထိန်မောင်ကို စည်းရုံးနိုင်ခဲ့လို့ (၆)နှစ်အတွင်းရာထူးထိပ်ပိုင်းကိုတက်လာရာဦးစီးချုပ်အလောင်းလျာ
အဖြစ် ရေပန်းစားရာမှ ရာထူးရွေ့ခံရလို့ စိတ်ဓါတ်တွေကျဆင်းနေတာလားမသိပါ။
---
လက်ရှိတိုက်ပွဲများတွင် ထောက်လှမ်းရေးကွန်ယက်ကြီးပေါက်ပြဲလို့ အားနည်းချက်ကြောင့် တပ်အထိနာလှပါတယ်။
(အပိုင်းနှစ်ဆက်ဖတ်ရန်)
ဗိုလ်ထက်မင်း။