WELCOME TO ARAKAN LIBERATION PARTY

welcome to Arakan Liberation Party if you want to know, please content E-mail; alpthailandoffice @gmail.com, jksoesan@gmail.com, Phone: +6608 98585477

Wednesday, February 25, 2015

ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G) မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အား ကူညီထောက်ပံ့

     
ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G)သည် ၂၀၁၂-ခုနှစ်မှ လက်ရှိ အချိန်အထိ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)ALAသို့လစဉ်လတိုင်း စားနှင့်ရိပ်ခါ နှင့် ငွေ အချိုကို ထောက်ပံ့ ကူညီလာခဲ့ သည်မှာ နှစ်တာအားဖြင့် ၃ နှစ်ပြည့်ပီးဖြစ်ပါသည်။ ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း (A.R.K.G) မဲဆောက်၊ ဗဟို၊ (A.R.K.G- ဋ္ဌာနခွဲ၊ဟတ်ယိုင်၊ ပါသနီ၊နာဠာဒေ၀၊ယလာ)မှ ရခိုင်ပြည်လွတ် မြောက်   ရေးပါတီ(ALP/ ALA)သို့ လစဉ် လတိုင်း ရိက္ခာပစ္စည်းများကို  ယင်းသို့ ကူညီ ထောက်ပံ့ပေးမှုအတွက် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် မိမိတို့ တက်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ပေးမှုအတွက် ရခိုင်ပြည် လွတ်မြောက် ရေးပါတီ(ALP) ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) အနေဖြင့် ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G)အား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Read more »

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခန်း (နိရဉ္စရာ လွတ် လပ် သောသတင်းဌာန)

Posted on: Tuesday, February 24, 2015 at 5:28 am
ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့နဲ့အတူ ရက္ခိုင်တပ်မတော် ( Arakan Army) ပါဝင်နေတယ်။ ရခိုင်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲမဟုတ်ဘဲ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ဘာကြောင့် ပါဝင်နေရပါသလဲ ဆိုတာကို ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေးမြန်းပြီး တင်ပြ ပေးလိုက်ပါတယ်။
မေး – အခု ဖြစ်နေတဲ့ လောက်ကိုင်တိုက်ပွဲမှာ ရခိုင့်တပ်မတော်က ဘာကြောင့် ပါဝင်နေရတာပါလဲ။
ဖြေ – ဒါက ကျွန်တော်တို့က ကိုးကန့်အဖွဲ့နဲ့ နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ပေါ့။ ကိုးကန့်အဖွဲ့အစည်းက လည်း ဒီ UNFC အဖွဲ့ဝင်ဖြစ်တယ်။ NCCTအဖွဲ့ဝင်ဖြစ်တယ်။ ကျွန်တော်တို့က အခုပေါ့နော် မြန်မာနိုင် ငံမြောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ အခြေစိုက်ပြီးလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ် တယ်။ ဒါကြောင့် ကျွန်တော်တို့က မိတ်ဆွေရဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို မိတ်ဆွေဝတ္တရားနဲ့အညီ ကူညီဆောင်ရွက်တာဖြစ်တယ်။ တပြိုင်တည်းမှာလည်း ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကို အမျိုးမျိုးနဲ့ပေါ့ မလိမ့်တပတ် ဒီမိုကရေစီတို့ ဘာတို့နဲ့ အုပ်ချုပ်နေတဲ့ ဘုံရန်သူကို ပူးပေါင်း တော်လှန်တဲ့ သဘောပါပဲ။
မေး – အခု ကိုးကန့်မှာဖြစ်တဲ့ စစ်ပွဲကို ငြိမ်းငြိမ်းချမ်းဖြေရှင်းပြီး စစ်ပွဲကို ရပ်နိုင်တဲ့ အခြေအနေမျိုးကော မြင်မိပါသလား။
ဖြေ – ဒါကတော့ နည်းနည်းတော့ ခက်တယ်ဗျ။ အဓိက ကတော့ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာဆိုတော့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာဖြေရှင်းတာတော့ အကောင်းဆုံးပဲပေါ့။ သို့သော် ဒီတိုင်းပြည်မှာ က စားပွဲဝိုင်း နိုင်ငံရေး ယဉ်ကျေးမှုပေါ့ Political Culture ပေါ့၊ အဲဒါကို မျိုးစေ့ချပြီးမှ မှန်မှန်ကန်ကန် ဆောင်ရွက်တဲ့ ယဉ်ကျေးမှုကို ထူထောင်ရဦးမှာဖြစ်တယ်။ ဒါကြောင့်နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားမှု တွေတိုင်းမှာ အပျက်ပျက်နဲ့ နာခေါင်း သွေးထွက်ပေါ့၊ အဖြေတစ်စုံတစ်ရာ တိုင်းပြည်အတွက် ကောင်း မွန်တဲ့ရလဒ်တွေ မရှိပဲနဲ့ ဒါမျိုး တ၀ဲဝဲလည်လည်ဖြစ်နေတာများတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ က ငြိမ်းချမ်းစွာပြေလည်သွားဖို့ပဲ ပြောချင်ပါတယ်။
မေး – ဟုတ်ကဲ့ အခုကနေပြီးတော့ Arakan Army ကနေပြီးတော့ အဲဒီဒေသမှာ ပါဝင်ပတ်သက်တာက ရခိုင့်တပ်မတော်ကို ဒီအစိုးရက အသိအမှတ်မပြုဘူး၊ အသိအမှတ်ပြုလိုတဲ့အနေအထားမရှိ ဘူး ။ အဲဒါကြောင့် အသိအမှတ်ပြုမှုရနိုင်အောင် ဒီလို စစ်ပွဲတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောဆို နေသံတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်ပါလဲ။
ဖြေ – သူတို့ အသိအမှတ်ပြုတယ် မပြုဘူးဆိုတာကတော့ သိပ်ပြီးမှ အဆုံးအဖြတ်မဟုတ်ပါဘူး။ အဓိ ကတော့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နေဖို့ကပဲ ပိုအရေးကြီးပါတယ်။ သူတို့က ကျွန်တော်တို့ကို အသိအမှတ် မပြုဘူး ပြောလို့ရသလို ကျွန်တော်တို့လည်း သူတို့ကို အသိအမှတ်မပြု လို့ လက်နက်ကိုင်တော်လှန်တာပေါ့။ သြော် သူတို့ပြောပြောနေတဲ့ ဥပဒေအရဆိုတဲ့ စကားလုံးကိုသာ ကျွန်တော်တို့ဘက်က ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။ ဥပဒေဆိုတာ တရားဝင်ရဲ့လားပေါ့။ ခင်ဗျား တို့ ပြောနေတဲ့ ဥပဒေဆိုတာ။ အဲဒီလိုမျိုးလည်း ပြန်မေးရင် မေးလို့ရပါတယ်။ တစ်ခုတော့ ကျွန်တော် တို့ သတိထားမိတာ မှန်ပါတယ်။ ကျွန်တော်တို့ ရခိုင့်တပ်မတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အပေါ် မှာ လူတွေကလည်း အများကြီး ကျွန်တော်တို့ ရခိုင်ပြည်သူလူထုကလည်း ထောက်ခံမှုတွေ အများ ကြီးရှိတယ်။ အဲဒါတွေအပေါ်မှာ ကျွန်တော်တို့ လူထုနဲ့ဆက်စပ်ပြီးမှ တခြား အမျိုးသားရေးလုပ်ငန်း တွေ ပိုပြီးဆောင်ရွက်လာမှာ စိုးရိမ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ အရမ်းနေရာရပြီးဖြစ်လာရင် သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဖြစ်တော့ဘူးပေါ့။ အဲဒါတွေအပေါ်မှာ စိုး ရိမ်မှုတွေကြောင့် ကြိုတင်ကာကွယ်နေတာလည်းဖြစ်မယ်။ ကျွန်တော်တို့ ရခိုင့်တပ်မတော် အနေနဲ့က တော့ ဒီကချင်ပြည်တစ်ခုတည်းတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ တိုင်းရင်းသားမဟာမိတ်ဒေသတွေ နေရာအမျိုးမျိုးမှာ ကျွန်တော်တို့ လှုပ်ရှားပါတယ်။ တခြားလုပ်လို့ရသေးတဲ့ဟာတွေ လည်း အများကြီးတော့ရှိပါသေးတယ်။ ဒါကြောင့် လူတွေထင်သလိုမျိုး ဘာမှမဆီမဆိုင် ကိုးကန့်ဒေ သမှာ ၀င်ပါတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင့်တပ်မတော်ဟာ တိုင်းရင်းသား မဟာမိတ်ဒေသ အသီးသီးမှာ အခြေပြုလှုပ်ရှားနေတာတွေတော့ အများကြီး ရှိပါတယ်။
မေး- အခုဖြစ်လာတဲ့ တိုက်ပွဲက ရေရှိန်မြင့်လာနိုင်ပါလား၊ ရေရှိန်နည်းသွားနိုင်ပါလား။ တိုက်ပွဲက ပြင်း ထန်လာနိုင်ပါလား၊ မပြင်းထန်လာပဲနဲ့ အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားနိုင်တဲ့ အနေထားမျိုး ရှိလာ နိုင်ပါသလား။ အခု ဖြစ်နေတဲ့ စစ်ပွဲကို ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ – ရေရှိန်မြင့်လာဖို့၊ မမြင့်လာဖို့ဆိုတာက သူတို့အပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့က ဆက်ပြီးမှ တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ရေရှိန်မြင့်လာမှာပဲ။ အခုတော့ တပ်တွေအ များကြီး ပို့လွတ်နေတယ်။ နေရာအသီးသီးမှာ မြန်မာအစိုးရရဲ့ တပ်မတွေ အများကြီးဝင်လာတယ်။ ၀င် လာတဲ့ တပ်မတွေကလည်း ဒီရှမ်းပြည်မြောက်ပိုင်း တစ်ခွင်တည်းမဟုတ်ဘူး။ ဒီမြောက်ပိုင်း KIA နယ်တွေမှာရော မနေ့ကညပိုင်းဆိုလည်း ဒီတပ်မဟာ (၃) ဘက်မှာလည်း တိုက်ပွဲတွေပေါ့ အင်အား အလုံးအရင်းသုံးပြီးမှ တပ်ရင်း (၁၅)ဘက်မှာ စခန်းတွေကို ၀င်တိုက်တာတို့ ပြီးရင် KIA မဟာမိတ် တစ်ခွင်မှာလည်း စစ်ကြောင်းတွေအများကြီးထိုးပြီးမှ စစ်ရေးအရခြိမ်းခြောက်တာတို့၊ ပြီးရင် အခု စစ် ဖြစ်နေတဲ့ ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာဆိုရင် ပိုပြီးမှ အရုပ်ဆိုးတဲ့ တိုက်ပွဲပုံသဏ္ဍာန် တွေ ပြန်ဖြစ်လာတယ်။ မနေ့က ရက်မှာဆိုရင် တော်တော်လေး တိုက်ပွဲလည်း ပြင်းထန်တယ်။ ရွာတွေ မီးလောင်တာ တပြိုင်တည်းမှာပဲ ၊ ဒီကြားထဲမှာ လေကြောင်းအရ စစ်ဆင်ရေးတွေလည်း အများကြီး ၀င်တာပေါ့။ လေကြောင်းအရ တိုက်ခိုက်မှု အများကြီး လုပ်တယ်။ ဒါကြောင့် စစ်ရေးအရ အခြေအနေ က ပိုဆိုးလာတယ်လို့ ပြောလို့ရတယ်။ စစ်ရှိန်မြင့်လာမလားဆိုတာက ဒီအစိုးရ ဘာဆက်လုပ်မလဲအ ပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။
မေး – ရခိုင့်တပ်မတော်အနေနဲ့ရော ဒီအစိုးရနဲ့ ငြိမ်းချမ်းရေးတွေဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲဖို့ အစီအစဉ်တွေ မရှိဘူးလား။
ဖြေ – ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလိုလားပါတယ်။ နိုင်ငံရေးပြဿနာကို ကျွန်တော်တို့က ငြိမ်းချမ်း စွာ စားပွဲပေါ်မှာ ဖြေရှင်းဖို့အတွက် အမြဲတမ်း စိတ်ဝင်စားတယ်။ ဒါကတော့ ငြိမ်းချမ်းရေးဆို တာလည်း နှစ်ဦးနှစ်ဖက်က နားလည်မှ ရမယ်လို့၊ တစ်ဦးကိုတစ်ဦးအသိအမှတ်ပြုပြီးမှ အဲလိုမျိုး စကားပြောလာရမယ်၊ အဖြေရှာရမယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က အိုးမပူပဲ ခွက်ပူနေလို့မရဘူးလေ။ ကျွန်တော်တို့က တော်လှန်တဲ့ လက်နက်ကိုင်တပ်မတော်ပဲ။ သူတို့က မဆွေးနွေးဘူးဆိုလည်း တိုက်တဲ့လမ်းပဲ ရွေးကြတာပေါ့။

Read more »

လောက်ကိုင်စစ်ပွဲကရလိုက်တဲ့..မြန်မာ့တပ်မတော်၏အားနည်းချက်များ(၁)

လောက်ကိုင်စစ်ပွဲကရလိုက်တဲ့..မြန်မာ့တပ်မတော်၏အားနည်းချက်များ(၁)
(စာရေးသူအနေနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့ စေတနာအရင်းခံဖြင့်အပြုသဘော ဝေ
ဖန်သုံးသပ်သွားပါ့မယ်။ဒါကြောင့်ပုဂ္ဂိုလ်ရေးရာချစ်ခြင်း၊မုန်းခြင်းမထားဘဲကျဆုံးသူတွေ
ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေရဲ့မျက်နှာကို မြင်တွေ့လိုက်ရချိန် ခံစားချက်ဖြစ်ပေါ်လာကာ တပ်မတော်ရဲ့ အနာဂါတ်ကို ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်ပါတယ်။မည်သူတဦး
တယောက်ကိုမှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ..နောက်နောင်ကိုသင်ခန်းစာယူရန်သာ
ဖြစ်ပါတယ်)
-------


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောငိလှိုင်ဟာ တပ်မတော်
ကို(Standard Army) ဖြစ်ရေးလမ်းညွန်ချက်တရပ်အနေနဲ့ အခမ်းအနားတွေမှာ
ပြောဆိုသွားတာတွေ့ ရပါတယ်။ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး၊ (ကြည်း၊ လေ၊ ခြေလျင်တင့်အမြောက်) ပူးပေါင်းစစ်ဆင်ရေး၊(ရေ၊လေ)ပူးပေါင်းစစ်
ဆင်ရေးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေပါတယ်။ တပ်ချူပ်ရဲ့ နိုင်ငံတကာ
ခရီးစဉ်တွေမှာစစ်လက်နက်ပစ္စည်း၊၊ရေငုပ်သင်္ဘော၊ဂျက်လေယာဉ်၊တင့်ကား၊ လေ
ကြောင်းရန်ကာကွယ်ရေးဒုံးများ လေ့လာကာ ခေတ်မီတပ်မတော် ဖြစ်ရေး ကြိုးစားနေ
ရာ အရှိန်အဟုန်ရနေပြီဖြစ်လို့ စိတ်ကူးယဉ်အိပ်မက်တောင် မက်နေခဲ့ပါတယ်။
--
မကြာသေးမီကာလကလေးကမှ လောက်ကိုင်ဒေသဧရိယာမှာ ပြင်းထန်တဲ့တိုက်ပွဲ
များကြောင့် အရာရှိ၊ စစ်သည်ကျဆုံး၊ ထိခိုက်ဒဏ်ရာရ (၁ရ ရက်နေ့ ထိ ၄၇ ကျ၊ ၇၃ ထိခိုက်) ဖြစ်ကာ ရန်သူ့ထံမှ ၂၈ အလောင်းရ၊ လက်နက် ၁၀၀၊ လက်တော့ကွန်ပျူ
တာ၎လုံး၊ခဲယမ်းများရရှိတဲ့သတင်းကြောင့်အိပ်ပျော်နေရာမှအလန့်တကြားနိုးထလိုက်
သလို ဖြစ်မိပါတယ်။
---
စာရေးသူအနေနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့ စေတနာအရင်းခံဖြင့်အပြုသဘော ဝေ
ဖန်သုံးသပ်သွားပါ့မယ်။ဒါကြောင့်ပုဂ္ဂိုလ်ရေးရာချစ်ခြင်း၊မုန်းခြင်းမထားဘဲကျဆုံးသူတွေ
ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေရဲ့မျက်နှာကို မြင်တွေ့လိုက်ရချိန် ခံစားချက်ဖြစ်ပေါ်လာကာ တပ်မတော်ရဲ့ အနာဂါတ်ကို ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်ပါတယ်။
---
စာရေးသူအနေနဲ့ ခေတ်မီတပ်မတော်ဖြစ်ရေးအတွက်ယခုတိုက်ပွဲများမှသင်ခန်းစာ
ဖေါ်ထုတ်ချက်အား သုံးသပ် သွားပါမယ်။ လောက်ကိုင်ဒေသတိုက်ပွဲများမှာ တပ်
မတော်သားများ ကျဆုံးထိခိုက်ဒဏ်ရာရ အရေအတွက်ဆုံးရှုံးမှု ကြီးမားလှပါတယ်။ စစ်သဘောအရအပေါင်းအနှုတ်ရလဒ်မှာတပ်မတော်ဘက်မှထိခိုက်ကျဆုံးတဲ့၁၀၀ခန့် 
နဲ့ ရန်သူဆီမှ သိမ်းဆည်းရမိတဲ့လက်နက် ၁၀၀ တို့ တိုက်ဆိုင်တူညီလုနီးပါး တွေ့ ရပါ
တယ်။ ဒါပေမဲ့ လူနဲ့ လက်နက်တန်ဘိုး ချိန်ထိုးလို့ မကောင်းပါ။ မလဲနိုင်ပါ။ လက်နက်
ထက် လူကို တန်ဘိုးထားရပါမယ်။ ဒါကြောင့် ပေးဆပ်ရတာကြီးမားလှပါတယ်။
----
ဒီပြသနာမဖြစ်ခင်၂၀၁၄ခုနှစ်ဧပြီလခန့်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလားဂွင်မှာကိုးကန့်
အဖွဲ့ စစ်သင်တန်းလျို့ဝှက်ပေးနေရာ – တပ်စုမှုးကို မကျေနပ်လို့ တရုတ်ကြေးစားစစ်
သား ၈ဦးက ပစ်သတ်ပြီး လက်နက်ခဲယမ်းအပြည့်အစုံတင်ကာ ကားဖြင့် ထွက်လာခဲ့ပါ
တယ်။သူတို့ ဟာ မြို့ပေါင်း၂၀ ဖြတ်ကျော်၊ မြန်မာပြည်အရှေ့မှအနောက်ဘက်အိန္ဒိယ
နယ်စပ်တွင်းဝင်ခါနီး၊ ကလေးမြို့ဂိတ်မှာ လက်မတင်လေး မိခဲ့ပါတယ်။
---
ဒီအဖွဲ့ လွယ်လွယ်ကူကူနဲ့ ဖြတ်သွားနိုင်တာကြောင့် လုံခြုံရေးကွန်ယက်ကြီး ပေါက်ပြဲ
နေတာ အထင်သားတွေ့ မြင်နေရပါတယ်။ ဒီလောက်ကိုင်တိုက်ပွဲ ဖြစ်ခါနီးအချိန်လေး
မှာပင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ကွမ်းလုံမြို၊့ ကျွန်းပေါ်ခြုံဒေသ၊မုန်းစီ၊မုန်းပေါ်
လေးတွေမှာကိုးကန့်အဖွဲ့ ကတပ်မတော်ကိုခြုံခိုချလို့တပ်ဘက်မှ(၇)ဦး)ကျသွားတဲ့ဖြစ်
စဉ်ရှိပါတယ်။ ဒါအပြင်ဖုန်ကြားရှင် ကိုယိတိုင် တရုတ်အစိုးရအာဘော် Gobel သတင်း
စာမှာတိုက်ပါမယ်လို့ ပေါ်တင်ကြေညာထားတာကိုစစ်ရေးသတိ၊လုံခြုံရေးစီမံချက်၊ ကြို
တင်ပြင်ဆင်မှုတွေကို ကစထမှုး ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်တယောက် ဂေါက်ရိုက်
ပြီး စဉ်းစားနေပုံရ ပါတယ်။
---
ကစထမှုးအနေနဲ့ တပ်ရင်းလိုက်အလှူးအလဲဖြစ်နေချိန် လားရှိုးမြို့ မှ တဖ၀ါးမှမခွါဘဲ အဝေးရောက်ကွပ်ကဲနေတာကို အံ့သြစွာတွေ့ ရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ
(ခံ-ခွါ-ချီ) တိုက်စစ်နည်းဗျုဟာ ဥပဒေသအတိုင်း ရှေ့တန်းကျကျ ကွပ်ကဲရမည်ဆိုတာ ကိုအောင်သန်းထွဋ်တယောက် မေ့ပုံရပါတယ်။ ယခင်ဒုဗိုလ်ချုပ်ကြီးမောင်လှ ဆိုရင် ရန်သူ့ပစ်အား ဒလစပ်ပစ်အားကြမ်းနေတဲ့ကြား ရဟတ်ယာဉ်ပိုင်းလော့ကို အတင်းမ
ရမက ဆင်းခိုင်းတာမို့ - သူ့သွေးထုတ်ပြီး ကိုအောင်သန်းထွဋ်ထံ သွင်းရကိန်းဆိုက်နေ
ပါတယ်။
---
ကက(ကြည်း)မှာ စစ်ဆင်ရေးကိုင်တွယ်နေပြီး စရဖကို အရည်အသွေးမြှင့်အောင်မလုပ်
နိုင်လို့ စစ်ဦးစီးအရာရှိချူပ် (ကြည်း)ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေတယောက် နတခတိုင်းမှုးလုပ်ခဲ့တုန်းက မုန်တိုင်းအငွေ့သက်ကျန်သေးနေလို့ အသာမှေးနေလား
မသိပါ။ တကယ်တော့ ဒီရာထူးဟာ ဦးသန်းရွှေက ဦးတင်ဦးအား နေရာပေးချင်တာ
ကြောင့် စစ်ရုံးမှာ အပိုလိုဖြစ်နေပြီး၊ ဦးတင်ဦးမရှိတဲ့နောက်တော်တော်နဲ့ အစားမထိုးခဲ့
ရာမှဒုဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးကိုတဖန်နေရာပေးချင်လို့ ပြန်လည်အသက်ဝင်လာတာ
့ဖြစ်ပါတယ်။
---
အဲဒီနောက် ကိုကျော်ဆွေနဲ့ နေရာချိန်းလိုက်တာဖြစ်ပါတယ်။ တကယ်တော့စစ်ရုံးမှာ ဆုံးဖြတ်နိုင်ခွင့်ပါဝါဟာ (၄) ဦး (ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦး
စီးချုပ် (ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဦးစီး ဗိုလ်မှုး
ချုပ်စစ်ဆင်ရေး) တောင်ရှိနေတာအမိန့်၊ကွပ်ကဲမှုအဆင်ဆင့်ဖြတ်နေရတာမို့ ကြန့် 
ကြာနိုင်ပါတယ်။ လက်ရှိ စရဖ ကိုင်နေတဲ့ ကိုမြတ်ထွန်းဦးဟာ ဗိုလ်ချုပ်ထိန်မောင်ကို စည်းရုံးနိုင်ခဲ့လို့ (၆)နှစ်အတွင်းရာထူးထိပ်ပိုင်းကိုတက်လာရာဦးစီးချုပ်အလောင်းလျာ
အဖြစ် ရေပန်းစားရာမှ ရာထူးရွေ့ခံရလို့ စိတ်ဓါတ်တွေကျဆင်းနေတာလားမသိပါ။
---
လက်ရှိတိုက်ပွဲများတွင် ထောက်လှမ်းရေးကွန်ယက်ကြီးပေါက်ပြဲလို့ အားနည်းချက်ကြောင့် တပ်အထိနာလှပါတယ်။
(အပိုင်းနှစ်ဆက်ဖတ်ရန်)
ဗိုလ်ထက်မင်း။

Read more »

ဂျပန်​နိုင်​ငံအ​ခြေစိုက်​ Nippon Foundation မှ တတိယအကြိမ်​ ထာက်ပံ့ပစ္စည်းများကို ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP) သို့ လွဲအပ်

ဂျပန်​နိုင်​ငံအ​ခြေစိုက်​ Nippon Foundation မှ တတိယအကြိမ်​ ထာက်ပံ့ပစ္စည်းများကို ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP) သို့ လွဲအပ်ပွဲ အခမ်းအနားကို ​ဖေ​ဖေါ်ဝါရီ လ ၁၄ ရက်​ စ​နေ​နေ့ တွင်​ ရခိုင်​ပြည်​လွတ်​​မြောက်​​ရေးပါတီ(ALP) ​ကျောက်​​တော်​ ဆက်ဆံရေးရုံးရှေ့ တွင် (၉း၃၀) တွင်​ ကျင်းပခဲ့ကြသည်။
 အဆိုပါအခမ်းအနားသို့ ရခိုင်​ပြည်​လွတ်​​မြောက်​​ရေးပါတီ တွဲဖက်ထွေထွေအတွင်ရေးမှူး ခိုင်အောင်စိုးသန်း နှင့်​အတူ ရခိုင်​ပြည်​လွတ်​​မြောက်​​ရေးတပ်​မ​တော်​မှရဲ​ဘော်​များ | Nippon Foundationမှ Project Director မာဆူရှီစ်မား | ရခိုင်​ပြည်​သူ/သား များ |ရခိုင်​ပြည်​နယ်​ နယ်​/လုံ ၀န်​ကြီ ဗိုလ်​မှူးကြီးထိန်​လင်း | မြန်​မာ့ငြိမ်းချမ်း​ရေးစင်​တာ (MPC) မှ ဗိုလ်ကြီး စိုးမိုးအောင် နှင့်​ အတူး ​ကျောက်​​တော်​မြို့ အစိုးရဌာနဆိုင်​ရာ မှ တာဝန်​ရှိပုဂ္ဂုလ်​ များ တတ်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်​ ဗိုလ်​မှူးကြီး ထိန်​လင်း နှင့်​ MPC မှ ဗိုလ်ကြီး စိုးမိုးအောင် တို့က အမှာစကားများ​ပြောကြားပြီး Nippon Foundation Project Director မာဆူရှီစ်​မား က ဒုတိယကမ္ဘာစစ်​အပြီးတွက်​ ဂျပန်​ နိုင်​ငံသည်​ စားနပ်​ရိက္ခာ ကအစ အခက်​အခဲ များစွာကြုံ​တွေချိန်​ တွင်​မြန်​မာနိုင်​ငံ က အကူများစွာရခဲ​ကြောင်း|ယင်​​ကျေးဇူးများကို ဂျပန်​နိုင်​ငံသားများ လုံးဝမ​မေ့​ကြောင်း အခုဤသို့ ​ပေးရခြင်​သည့်​ ​ကျေးဇူးပြန်​ဆပ်​ ​နေခြင်းဖြစ်​​ကြောင်း|နောက်​ ၅ နှစ်​အထိ ပြည်​သူပြည်​သားများအတွက်​ အကူအညီ​ပေးမည့်​အ​ကြောင်းနှင့်​ ရခိုင်​ပြည်​လွတ်​​မြောက်​​ရေးပါတီအား အခုလို့ ၀ိုင်းဝန်း ပြီ ပြည်​သူအကျိုး​ဆောင်​ရွှက်​ ​နေခြင်း​ကြောင်း အထူ​ကျေးဇူးတင်​​ကြောင်း  များကို အကျယ်တ၀င့်ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း ပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ၂၀၁၂ ခုနှစ်တွင် ဧပြီလ ၅ ရက်နေ့တွင် ပြည်နယ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ ထိုသဘောတူညီချက်စာချုပ်တွင် ပါဝင်သည့် အချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုအချက်ထဲတွင် နောက်ဆုံးအချက်ဖြစ်သည့် ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန်ဆို သည့် အချက်အပေါ်တွင် အခြေခံ၍ ယခုကဲ့သို့ ဂျပန်နိုင်ငံမှ Nippon Foundation မှ ထောက်ပံ့ပစ္စည်း များကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ လက်ခံရယူကာ ဒေသခံပြည်သူများကို ထောက်ပံ့လားရခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်၏ဆင်းရဲဒုက္ခအပေါင်းအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အနေနှင့် အတတ်နိုင်ဆုံး လွတ်မြောက်အောင် ကြိုးစားနေကြာင်း၊ ယခုတကြိမ်ဆိုလျှင် တတိယအကြိမ်အဖြစ် ယခင်အကြိမ်​များကဲသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ |ဆိုလာ မီးအိမ်နှင့် ဆေးစိမ်ခြင်ထောင်များပါ ပေးလှူလားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားအပြီးတွင် Nippon Foundation မှ Project Director နှင့် ရခိုင်ပြည်မြောက်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း နှင့်အတူ တပ်ဖွဲ့ဝင်တချို့ လိုက်ပါပြီး ကျောက်တော်မြို့ နယ် ​ကျောက်​န​ခေါင်း ​ကျေးရွှာကို ​​စက်လှေ ဖြင့် လားရောက်ကာ ဆန်၊ ဆီး၊ ဆား၊ ပဲ များအား အိမ်ထောင်စုအလိုက် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်သွယ်ရန် – 09252665290
    2015-02-14

Read more »

Tuesday, October 8, 2013

စစ်တွေမှာ ဆန္ဒပြသူနှစ်ဦး ကို ထောင် (၃) လစီ ချမှတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်ဆလင် ဒုက္ခသည်တွေအတွက် တူရကီနိုင်ငံရဲ့အကူအညီနဲ့ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် ကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးနဲ့ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇောဦးတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ- ၁၈ နဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက မြို့ခံလူထု အတော်များများ ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ အဲဒီအထဲက ဒီနှစ်ဦးကို ခေါင်းဆောင်လို့ရွေးချယ် သတ်မှတ်ပြီး ထောင်ဒဏ်တွေချမှတ်တာဖြစ်တယ်လို့ ဦးကျော်ဇောဦးရဲ့မိခင် ဒေါ်စောသိန်းတန်က RFA ကိုပြောပါတယ်။

Read more »

ကျောက် ဖြူ အထူး စီး ပွား ရေး ဇုံ တည် ဆောက်

ကျောက် ဖြူ အထူး စီး ပွား ရေး ဇုံ တည် ဆောက် မည့် နေ ရာ တဝိုက် ရှိ ကျေး ရွာ ပေါင်း ၄၂ ရွာ မှ ရွာ သား ပေါင်း ၄၀၀ခန့် နှင့် ကျောက် ဖြူ မှ မြို့ မိ မြို့ ဖ များ၊ အရပ် ဘက် လူ့ အဖွဲ့ အစည်း များ မှ ကို ယ် စား လှယ် များ စည် မော် ကျေး ရွာ တွင် ၈၊၁၀၊ ၂၀၁၃ နေ့ ၁၂ နာ ရီ က ကျေး ရွာ ဘုန်း တော် ကြီး ကျောင်း တွင် တွေ့ ဆုံ ပွဲ တရပ် ကို ပြု လုပ် ခဲ့ ကြ သည် ။ ၄င်း တွေ့ ဆုံ ပွဲ တွင် ဒေ သ ခံ အများ စု တို့ က ဤ ဇုံ ကို လက် ခံ ကြာင်း ဆွေး နွေး ကြ သည်။ သို့ သော် လည် ၄င်း တို့ တနည်း နည်း နှင့် မှီ ခို နေ ရ သော လယ် မြေ တော တောင် မြစ် ချောင်း များ ကိုအသုံး ပြု ရမည် ဆို လျင် လည်း ဒေ သခံ တို့ အကျိုး ကို မထိ ခိုက် စေ ရန် လေ့ လာ တွက် ချက် ပြီး မှ အသုံး ပြု စေ လို ကြောင်း ဆွေး နွေး ကြ သည် ။ ထိုင်း နိုင် ငံ မက် တာ ဖွတ် ဒေ သ စက်မှု ဇုံ မှ အကြောင်း အရာ အ ဖြစ် အပျက် များ ကို ပရို ဂျက် တာ ဖြင့် ရှင်း လင်း ပြီး နောက်ဒေ သ ခံ တို့ ၏ ပတ် ဝန်း ကျင် နှင့် ကျန်း မာ ရေးကို ထိ ခိုက် စေ နိုင် သော စက် ရုံ များ ကို အလို မရှိ ကြောင်း ၊ ဒေ သ ခံ တို့ အလုပ် အကိုင် အခွင့် အလမ်း နှင့် အတပ် ပညာ ဆိုင် ရာ သင် တန်း များ ကို ဖန် တီး ပေး ရ မည် ဖြစ် ကြောင်း၊ စောင့် ကြည့် ရေး ကော် မီ တီ ကို ဒေ သခံ တို့ ကိုယ် တိုင် ပါ ဝင် ဖွဲ့ စည်း ရန် လို အပ် ကြောင်း၊ ၄င်း ဇုံ ဖြစ် လာ ခဲ့ လျင် ဒေ သခံ မဟုတ် သူ များ အဆမတန် များ လာ နိုင် သဖြင့် ဒေ သခံ တို့၏ ဓလေ့ စရိပ် မပျောက် ပျက် အောင် ထိန်း သိမ်း ရမည် ဖြစ် ကြောင်း ၊ကောင် ကျိုး များ ရှိ သ လို ဆိုး ကျိုး များ လည်း ရှိ သဖြင့် ဖြစ် ပေါ် လာမည့် ဆိုး ကျိုး အတွက် လည်း ပြင် ဆင် ထား ဖို့ လို အပ် ကြောင်း ကျယ် ပြန့် စွာ ဆွေး နွေး ခဲ့ ကြ သည်။ လူ မှု ကွန် ယက်( ကျောက် ဖြူ ) မှ ဦး ထွန်း လွင် က ဆွေး နွေး ရာ တွင် (သမတ ကြီး ကျောက် ဖြူ ခရီး စဉ် ၌ ပြော ဆို သွား သော ကွန် ယက် အဖွဲ့ သည် မသိ နား မလည် သဖြင့် ဖျက် လို ဖျက် ဆီး လုပ် နေ ကြောင်း ပြော ဆို ခြင်း သည် ) မဟုတ် မှန် ကြောင်း အောက် ခြေ ဆိုင် ရာ ဌာ နတို့ မှ မှား ယွင်း စွာ အစီရင် ခံ ခြင်း ကြောင့် သမတ ကြီး က ဤ သို့ ပြော ခြင်း ဖြစ် ကြောင်း ချေ ပ သည်။ေ ကျး လက် ဒေ သ ဖွံ့ ဖြိုး ရေး အသင်း များ ကို အား ကောင်း စေ ပြီး ဒေသ ဖွံ ဖြိုး ရေး ကို ဆောင် ရွက် ကြ ရာ တွင် ဌာ န ဆိုင် ရာ တို့ ပူး ပေါင်း ဆောင် ရွက် ကြ ရန် လို အပ် ကြောင်း ကို လည်း တိုက် တွန်း ခဲ့ သည်။

Read more »

Monday, February 11, 2013

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်ရောက်ရှိ

ဒေါ်ခင်မျိုးသက်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ ရောက်ရှိလာခဲ့ပြီး၊ မကြာသေးခင်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ရဲ့ ခရီးစဉ် ပထမနေ့အဖြစ် ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေ ကိုပါ တွေ့ဆုံခဲ့တဲ့အတွက် အခြေအနေတွေ တိုးတက်မှု ရလာဖို့ ဒေသခံ လွှတ်တော်အမတ်တွေက မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေနဲ့ စိန်ခေါ်မှု အတိုင်းအတာ ဘယ်လောက်ရှိနေသေးတယ်ဆိုတာကို ဆန်းစစ်ဖို့ လာရောက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာ တနင်္လာနေ့က ရခိုင်ပြည် နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ RNDP ရခိုင်တိုးတက်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မရကျော် က ဗွီအိုအေ ကို ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ သူ စစ်တွေကို ရောက်ပါတယ်။ ရောက်ပြီးပြီးချင်း သူက ဘောဒူဝစခန်းဖြစ်တဲ့ သဲချောင်းစခန်းတွေကို သူက အစိုးရအဖွဲ့ ၀န်ကြီး သုံးဦးနဲ့ အဲ့လိုမျိုး တောက်လျှောက် ဆင်းသွားပါတယ်။ အဲ့ဒါပြီးနောက် နေ့လည်စာစားပြီးရင် သူတို့ မြေပုံကို ဆက်ပြီးသွားပါတယ်။ ဒီနေ့ညနေဘက် ပြန်ဝင်ပြီးရင် စစ်တွေ ဟိုတယ်မှာ ဒီနေ့ညအိပ်မယ်လို့တော့ သိရပါတယ်။”

ဦးအောင်မရကျော်ပါ။ အစိုးရတာဝန်ရှိသူတွေပါ လိုက်ပါပြီး အခုထိ တည်ငြိမ်မှုမရှိသေးတဲ့ ရခိုင်ပြည်နယ်ထဲကို အခုလို ကိုယ်တိုင်လာရောက်ပြီး စစ်ဆေးတာမို့ လူ့အခွင့်အရေးဆိုင်ရာ အကျိုးရှိတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။

“အဲ့ဒီမှာက အဓိက လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူတယောက်အနေနဲ့ ကျနော်တို့ နိုင်ငံကိုရောက်လာတာဆိုတော့ ကျနော်တို့ နယ်မြေထဲမှာ ရှိတဲ့ဟာတွေကို သူ လေ့လာမယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေမှာတော့ အကျိုးရှိမယ် လို့ ထင်ပါတယ်။ အရင်တခါလာတုန်းကလည်း အဲ့ဒါမျိုး အကျိုးရှိတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဆိုတော့ အဲ့ဒါမျိုးလေးတွေကို နည်းနည်း Address လုပ်လို့ရှိရင်လည်း ခုနကပေါ့နော် နိုင်ငံတော်က သက်ဆိုင်ရာ လူကြီးတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အဲ့ဒါမျိုးလေးတွေ ပူးပေါင်း ဆောင်ရွက်လို့ရှိရင်တော့ အကျိုးရှိမယ်လို့တော့ ထင်တယ်ဗျ။”

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ပြောသွား တာပါ။ ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့အတွက် အရေးကြီးသလို၊ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေ ဘယ်လောက်ရှိလာပြီဆိုတာနဲ့ အကဲစမ်း စိန်ခေါ်မှုအဖြစ် ဘာတွေ ကျန်နေသေးသလဲဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောဆို ခဲ့တဲ့ မစ္စတာ ကင်တားနား ဟာ မနက်ဖြန်မှာ ရခိုင်ကနေ အပြန်မှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရသလို၊ မြောက်ပိုင်း ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ကချင်ပြည်နယ်ထဲမှာ အခု လောလောဆယ် မြန်မာအစိုးရကနေ ကုလသမဂ္ဂ အပါအ၀င် လူသားချင်းစာနာမှု အဖွဲ့တွေကို ဒုက္ခသည်တွေ လိုအပ်နေတဲ့ ပံ့ပိုးမှုတွေ သွားရောက်ပေးအပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

KIA ကချင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်မှုတွေ ရပ်စဲစေဖို့အတွက်လည်း ဆွေးနွေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ မကြာသေးခင်ကပဲ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း သွားရောက် စစ်ဆေး ကြည့်ရှုဦးမှာဖြစ်ပါတယ်။

Read more »

Saturday, July 14, 2012

ရဟန်းရှင်လူ၊ ရခိုင်ပြည်သူများသို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း သ၀ဏ်လွှာ


၂၀၁၂ ခု ဇန်န၀ါရီလ (၂၃) ရက်နိန့် ရက်စွဲဖြင့် ငြိမ်းချမ်းရေးအတွက် တွိ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလအတွင်း လာရောက်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ငြိမ်းချမ်းရေးကိုယ်စားလှယ် 

Read more »

Friday, July 13, 2012

ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ငြိမ်းချမ်းရေး အဖွဲ့ကို စစ်တွေမြို့တွင် ပြည်သူ သိန်းချီ ကြိုဆို


ထွန်းထွန်း
----------
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။

Read more »

၂၀၁၂-ခု၊ ဇွန်လ(၈)ရက်နေ့မှ စတင်ဖြစ်ပွါးခဲ့သော အရေးအခင်းအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားထုတ်ပြန်ချက်


(၁) မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များနှင့် စစ်တွေမြို့တို့တွင် နေထိုင်လျှက်ရှိနေကြ သည့် ဘင်္ဂလီမူဆလင်အများစုသည် 

Read more »

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲ


၂၀၁၂-ခု၊ ဇူလိုင်လ (၇) ရက် နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၊ ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲကို

Read more »

Friday, January 27, 2012

ALP/ALA ကို ငြိမ်းချမ်းရီးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA ကို ၂၀၁၂ နှစ်ခု ဇန်နဝါရီ လ ၁၂ ရက်နိန့်မှာ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရီး ဆွေးနွေးရီးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အရှိဖက်ဒေသသို့ စာနန့်ရေးပြီးကေ ကမ်းလှမ်းလာ ပါရေ။

Read more »

Friday, January 13, 2012

ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ကိုထွန်းလင်းကျော်အပါအဝင် ၆ဦးလွတ်မြောက်

မင်းဆက်ခိုင်
----------
၂၀၀၉ ခုနှစ်တွင် မတရားဖမ်းဆီးခံခဲ့ရသော ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ၆ဦးမှာ ယနေ့ လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက်လာကြောင်း သိရသည်။


Released political prisoners 

Read more »