Friday, July 16, 2010

ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ထောင်ဒဏ် ၁၅ လ ချမှတ် သတင်းနှင့် ပတ်သက်ပြီး အမှားပြင်ဆင်ချက်

အိန္ဒိယ နိုင်ငံ ကာလကတ္တားထောင်ထဲတွင် ဖမ်းဆီးခံထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ကာလကတ္တား တရားရုံး တခုမှ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်နေ့) က ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်သည်ဟု နိရဉ္စရာမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဖေါ်ပြသော ထောင် ၁၅ လမှာ မှားယွင်းနေပါသဖြင့် ထောင် ၃ နှစ် ချမှတ်သည်ဟု ပြင်ဆင် ဖတ်ရှု့စေလိုပါသည်။

သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁နှစ် သုံးလ နှင့် ဒဏ်ငွေ ရူပီ ၂၀၀၀၊ ပေါက်ကွဲစေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ)ဖြင့် ထောင် တနှစ် သုံးလနှင့် ဒဏ်ငွေ ၂၀၀၀ နှင့် လက်နက်မူ တခု ပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂၀၀၀ ဟု သိရပါသည်။

၎င်းပြင် သူတို့ အနေဖြင့် ဒဏ်ငွေများ မပေးဆောင်ပါက နောက်ထပ် ထောင် ၈ လထိ ကျခံရမည် ဖြစ်သည်ဟု သိရပါသည်။

သူတို့အမူအား တရားသူကြီး Uday Chandra Nag က စီရင်ချက် ချမှတ်ခဲ့သည်ဟု လည်း သိရပါသည်။

အမူမှာ ပြီးပြတ်သွားပြီ ဖြစ်သော်လည်း သူတို့ လွှတ်မြှောက်ရေး အတွက် အနည်းငယ် အချိန်ယူရအုံးမည်ဟု သိရပါသည်