Monday, February 15, 2010


ဘင်္ဂလာဒေခ်ျ့ ကျေးလက် အမျိုးသမီးများဘ၀ကို လေ့လာစဉ် ထိုင်းမင်းသမီး သီရိဒုံ သက်ကယ်တဲတွင် နေထိုင်သွားမည်

2/15/2010

ထိုင်းမင်းသမီး သီရိဒုံသည် ကျေးလက် ဒေသ အမျိုးသမီးများ နှင့် ကလေးငယ်များ၏ ဘ၀ကို လေ့လာစဉ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကျေးလက် ဒေသတခုတွင် သူမအတွက် ဆောက်လုပ်ထားသော သက်ကယ်တဲ အတွင်း နေထိုင်သွားမည်ဟု သတင်းရရှိသည်။

သူမသည် ယနေ့တွင် ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ သို့လေကြောင်း ခရီးဖြင့် ရောက်ရှိလာမည် ဖြစ်ပြီး မနက်ဖြန်တွင် သူမ လေ့လာရန် စီစဉ်ထားသည့် နိုင်ငံ မြောက်ပိုင်းမှ ဂိုင်ဘန်ဒါ ခရိုင်ကို သွားရောက်မည် ဖြစ်သည်။

အဆိုပါ ခရိုင်အတွင်းရှိ ယမုံနာမြစ် အတွင်းတည်ရှိသော ရာချပူရ်ကျွန်းငယ်တွင် သူမအနေထိုင်မည့် တဲငယ်အား တခြားတဲငယ် ၃၄ ဦးနှင့် အတူ တည်ဆောက် ထားပြီး ၅ ရက်ကြာနေထိုင်မည် ဖြစ်သည်။

ထိုင်းမင်းသမီး သီရိဒုံသည် အမေရိကန် အခြေစိုက် ဂျွန်ဟုက်ကိန်း (John Hopkins) တက္ကသိုလ် ရှိ ဘလုံဘခ် (Bloomberg) ကျောင်း လူထုကျန်းမာရေး ဌာန ၏ သုတေသန အဖွဲ့ဝင် တဦး အနေဖြင့် လိုက်ပါလာမည် ဖြစ်ပြီး သူမနှင့် အတူ အဖွဲ့ဝင် ၃၄ ဦး ပါဝင်မည် ဖြစ်သည်။

သူမနှင့် အတူ ထိုင်းဘုရင့် ဆွေတော် မျိုးတော် ၅ဦးလည်း အတူ လိုက်ပါလာမည်ဟု သိရသည်။

သူမနေထိုင်မည့် သက်ကယ်တဲ ခြံဝင်း အတွင်း လှပသော ပန်းခြံတခုကိုလည်း တည်ဆောက်ထားကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

ထိုင်းမင်းသမီး သီရိဒုံသည် အဆိုပါ လေ့လာရေးခရီးစဉ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကျေးလက်ဒေသရှိ မိခင်များ၏ ဘ၀နှင့် ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေများကို အဓိက လေ့လာ သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။