Friday, July 13, 2012

၂၀၁၂-ခု၊ ဇွန်လ(၈)ရက်နေ့မှ စတင်ဖြစ်ပွါးခဲ့သော အရေးအခင်းအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားထုတ်ပြန်ချက်


(၁) မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များနှင့် စစ်တွေမြို့တို့တွင် နေထိုင်လျှက်ရှိနေကြ သည့် ဘင်္ဂလီမူဆလင်အများစုသည် 

ဖဆပလအစိုးရ၊ မဆလအစိုးရ၊ န၀တ၊ နအဖအစိုးရ အုပ်ချုပ်စဉ်ကာ လတွင် ပုံစံမျိုးစုံဖြင့် နည်းမျိုးစုံကို အသုံးပြုလျှက် ဘင်္ဂလားဒေ့ခ်ျ မှဝင်ရောက်လာကြသော ဘင်္ဂလီမူဆလင် များဖြစ်ပေသည်။
(၂) ထိုသို့ဝင်ရောက်လာမှုသည် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၏ယဉ်ကျေးမှုအရ အဆမတန် လူဦးရေမွေးဖွားနှုံး တိုးပွါးနေမှုကြောင်းလည်းကောင်း၊ အဆက်ဆက်အုပ်ချုပ်လာသော မြန်မာနိုင်ငံ အစိုးရ၏ စည်းမျဉ်း ဥပဒေ (Rule and law) ကို အတိအကျလိုက်နာ ကျင့်သုံးရန်ပျက်ကွက်ခဲ့သဖြင့်လည်းကောင်း၊ အထက်ဖေါ်ပြပါ မြို့နယ်များတွင် ဘင်္ဂလီမူဆလင်လူဦးရေ ပိုမိုများပြား လာခြင်း ဖြစ်သည်ဟု ဝေဘန်သုံးသပ်မိပါသည်။ 
(၃)ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ နောက်ထက်ဝင်ရောက်မည်ကို အတိအကျအခိုင်အမာမတားဆီးနိုင်လျှင်သော် လည်းကောင်း၊ ခေတ်အဆက်ဆက်တွင် ရောက်ရှိနေကြပြီဖြစ်သော ဘင်္ဂလီမူဆလင်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှုမပြုလုပ်နိုင်လျှင်သော်လည်းကောင်း၊ နောက်ထပ်လည်းအရေးအခင်းများ ဖြစ်ပေါ်နေ အုံးမည်ဟု ဝေဘန်သုံးသပ်မိပါသည်။
(၄) မြန်မာနိုင်ငံတွင် “ ရိုဟင်ဂျာ” နာမည်ဖြင့် တိုင်းရင်းသားလူမျိုးတမျိုးလုံးဝ မရှိကြောင်းကို အဆက်ဆက် အုပ်ချုပ်လာခဲ့သော အစိုးရများ၏ သန်းခေါင်စာရင်းမှတ်တမ်းများတွင်လည်းကောင်း၊ သမိုင်းပညာရှင်များ၏ မှတ်တမ်းများတွင်လည်းကောင်း၊ န၀တ၊ နအဖအစိုးရ အုပ်ချုပ်စဉ်ကာလတွင် မြန်မာနိုင်ငံတွင် လူမျိုး(၁၃၅) မျိုးကို ဖေါ်ပြရာတွင်လည်းကောင်း လုံးဝမတွေ့ရပေ။
(၅)၂၀၁၂-ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှစတင် ဖြစ်ပွါးခဲ့သည့် အရေးအခင်းတွင် ဓါးစာခံအဖြစ် အသုံးချခံ ပြီး သေ ဆုံးခဲ့ရသော ဘင်္ဂလီမူဆလင်များ၊ အရေးအခင်းကာလအတွင်း ဓါးစာခံအဖြစ် အသုံးချခံ ကာအိုးအိမ်၊ ပစ္စည်းဥစ္စာဆုံးရှုံးခဲ့ကြရမှုများအတွက် ထပ်တူထပ်မျှခံစားရပါသည်။ ၄င်းအပြင်အရေး အခင်းဖြစ်ပေါ်အောင် လှုံ့ ဆော်ဖန်တီးခဲ့ကြသော “ရိုဟင်ဂျာ” ခေါ်ဘင်္ဂလီမူဆလင် များကို ပြင်းပြင်း ထန် ထန်ရှုချကန့်ကွက်ပါသည်။
(၆)၂၀၁၂-ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှစတင် ဖြစ်ပွါးခဲ့သည့် အရေးအခင်းကာလအတွင်း အသက်ဆုံးရှုါံ်ခဲ့ကြ ရသော ရခိုင်လူမျိုးများ၊ရခိုင့်မျိုးနွယ်စုများအတွက် အထူးဝမ်းနဲကြေကွဲရပါကြောင်း၊ အရေးအခင်းကာလအ တွင်းအိုးအိမ်၊ ခြံမြေ၊ ဥစ္စာပစ္စည်းစသည်များ ဆုံးရှုံးခဲ့ကြရမှုအတွက် ထပ်တူထပ်မျှခံစားရပါသည်။ အသက် အိုး အိမ်စည်းစိမ်ဥစ္စာဆုံးရှုံးခဲ့ကြရသော ရခိုင်လူထု၊ ရခိုင်ပြည်သူများနှင့် ထပ်တူထပ်မျှခံစားရပါသည်။ အ ရေးအခင်းဖြစ်ပွါးအောင် ဖန်တီးသူများကိုအထူးရှုချကန့်ကွက်ကြောင်း အလေးအ နက် ဖေါ်ပြအပ်ပါ သည်။
(၇)မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေတို့သည်လည်းကောင်း၊ ရခိုင်ပြည်နယ်တခုလုံး သည်လည်းကောင်း၊ ရခိုင်လူမျိုးတို့၏ မိဘ-ဘိုးဘွားဘင်မှစ၍ ပိုင်ဆိုင်ခဲ့သောဒေသ၊ ပြည်နယ်တိုင်းပြည် တခုဖြစ်ပေသည်။ မူလပိုင်ရှင်ဖြစ်သည့် ရခိုင်လူမျိုးတို့သည် မောင်တောမြို့နယ်တွင် ရခိုင်လူမျိုးလူဦးရေ (၅)ရာခိုင်နှုံး၊ ဘူးသီးတောင်မြို့နယ်တွင် (၈)ရာခိုင်နှုံး၊ ရသေ့တောင်မြို့နယ်တွင် (၅၀)ရာခိုင်နှုံး၊ စစ်တွေမြို့ တွင်(၅၀)ရာခိုင်နှုံးသာရှိတော့သည်။ ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င်လာရောက်ကြသူများသည် မူလပိုင်ရှင် ပုံစံမျိုးဖြစ်သွားကြပေသည်။
(၈) ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ပုံစံမျိုးစုံဖြင့် နည်းမျိုးစုံကိုအသုံးချပြီး ၀င်ရောက်လာကြသော ဧည့်သည်များအိမ် ရှင်အဖြစ်သို့ရောက်သွားလျှင် မည်သို့ခံစားကြရမည်ဆိုသည်ကို မှန်မှန်ကန်ကန် ဝေဘန်သုံးသပ်ပြီး ကိုယ် ချင်းစာနာမှုတရားများဖြင့် ကြည့်မြင်ကြဖို့ပန်ကြားအပ်ပါသည်။ အထူးသဖြင့် လူမျိုးတမျိုး၏ အမျိုးသားရေး အမြင်ဖြင့် ကြည့်မြင်ကြရန်အထူးလိုအပ်ပါသည်။

No comments: