Friday, January 27, 2012

ALP/ALA ကို ငြိမ်းချမ်းရီးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA ကို ၂၀၁၂ နှစ်ခု ဇန်နဝါရီ လ ၁၂ ရက်နိန့်မှာ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရီး ဆွေးနွေးရီးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အရှိဖက်ဒေသသို့ စာနန့်ရေးပြီးကေ ကမ်းလှမ်းလာ ပါရေ။

 
၂၀၁၁ သြဂုတ်လ (၁၈) ရက်နိန့်စွဲနန့် ထုတ်ပြန်ကြေငြာလားခရေ ဦးသိန်းစိန်အစိုးရ၏ငြိမ်း ချမ်းရီးဆွေးနွေးရီး လုပ်ငန်းစိုင်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတိကို တဖွဲ့ချင်း၊ တဖွဲ့ချင်း ကမ်းလှမ်း လာစော်ဖြိုက်ပါရေ။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနန့် ဈီးဦးဖေါက်ပြီးကေ ဆွေးနွေးခ ကတ်တေ ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရီး မဟာစီမံကိန်းရေ အနောက်နိုင်ငံက စီးပွားရေးပိတ်ဆို့ထားစော်ကို ပယ်ဖျက်ဖို့ နည်းလမ်းကောင်းတစ်ခုဆိုပနာ လူတိုင်းသိထားကတ်ပါရေ။ အဂုပိုင် ALP ကို ကမ်းလှမ်းလာစော်မှာ ALP ဖက်ကလက်ခံကြိုဆိုကြောင်းလည်း သိရပါရေ။ ဆွေးနွေးဖို့ နိန်ရာ၊ အချိန်ကို ALP ဖက်က အကြောင်းပြန်ပြီးကေ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို လည်း စေလွှတ်လားဖို့လို့လည်း သိရပါရေ။ ငြိမ်းချမ်းရေး လုပ်ငန်းစိုင်တိကို ဆွေးနွေးဖို့အတွက် ALP ပါတီ တွင်း ဆွေးနွေးပြီးကေ တဆင့်ချင်းကို ပြည်သူလူထုပါးက လိုအပ်ချက်အရ အသံတိကို နားထောင် လားဖို့ဖြိုက် ပါရေ။ ALP ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်က “ကျနော်ရို့ လက်ကမ်းကြိုဆိုပါရေ။ အပြုသဘောဆောင်ပြီးကေ ကမ်းလှမ်းလာရေအတွက် အဂုလောလောဆယ် မှာတော့ ပါတီတွင်း ဆွေးနွေးတုန်းရာ ဟိသိမ့်ရေ အတွက် အားလုံးအဆင့်သင့်ဖြိုက်မှ ပြည်သူလူထုကို ချပြပီးပါမေ” လို့ လေးဝတီ ကို ပြောပြလားပါရေ။
ALP ပါတီရေ ရခိုင်ပြည်-အိန္ဒိယနယ်စပ်၊ ရခိုင်-ဘင်္ဂလားရှေ့်နယ်စပ်၊ မြန်မာ-ထိုင်း နယ်စပ်ရို့မှာ အခြီ တည်ပြီးကေ ရခိုင့်လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နိန်ရေ ပါတီ၊တပ်မတော် တစ်ရပ်ဖြိုက်ပါရေ။
မှတ်ချက်။ ။ အကြံပြုချက်တိကို ပီးပို့ဖို့ဆိုကေ ဒေလိပ်စာကို ပီးပို့လို့ရပါရေ။
ALP ပါတီသမိုင်းကို ဖတ်ချင်ကေ ဒေနိန်ရာမှာ လားဖတ်နိုင်ပါရေ။

No comments: