Thursday, April 1, 2010


မန်မာမှ တင်သွင်း လာသည့် မူးယစ်ဆေးဝါးများ ဘင်္ဂလာတွင် ဖမ်းဆီးရမိ

3/30/2010

မောင်အေး (နိရဉ္စရာ)
မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် မူးယစ်ဆေးဝါး အများအပြားကို ဘင်္ဂလာ အာဏာပိုင်များက နယ်စပ်တွင် တနင်္ဂနွေနေ့က ဖမ်းဆီး လိုက်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလ ပေါက်ဈေး တန်ဖိုးမှာ တာကာငွေမှာ ၁ ကုဋေ ကျော်ဖိုး ရှိပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဘိန်းဖြူ၊ ကိုကင်း၊ အရက်နှင့် စိတ်ကြွဆေးဝါးများ ဖြစ်သည်။

၎င်းမူးယစ်ဆေးဝါးများကို တနေ့တည်းတွင် နေရာ သုံးနေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘင်္ဂလား ရိုင်ဖယ် တပ်ဖွဲ့မှ သတင်း အရ တက်ကနက်မြို့မှ စစ်တကောင်း သို့သွား သည့် S.Alam ကုမ္ပဏီပိုင် ခရီးသည်တင် ဘတ်စ်ကား တစီးကို စစ်တကောင်းမြို့အ၀င် ကော်ရနဖူလ်းလီ တံတားတွင် ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ၁ ကီလို ဒဿမ ၄ ဂရမ်နှင့် ကိုးကင်း ၁ ကီလို ဒဿမ ၁ ဂရမ်းကို ဖမ်းဆီး ရမိသည်။

ဖမ်းဆီးမူကို ဒုတိယ ဗိုလ်မှူးကြီး မိုဟာမတ်ဟောဆန်းမှ ဦးဆောင်ခဲ့သည်ဟု ရဲက ပြောသည်။

အဆိုပါ နေ့တွင်ပင် ယာဘားဆေးပြား ၂၀၀ ကို မူးယစ် ရောင်းဝယ် ဖေါက်ကားသူ နှစ်ဦးနှင့် အတူ တက်ကနက်မြို့ရှိ ဟာဘိရ်ပါရာ တည်းခိုခန်းမှ ဘင်္ဂလာဒေခ်ျ့ တန်ပြန် ဒုစရိုက် နှိမ်နှင်းရေး အမှတ် (၇) RAB အဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မိုဟာမတ် တေလ်ယက် (၂၂)နှစ်နှင့် ကောစ့်ဘာ ဇားမြို့ ချောမီ တီပါရာတွင် နေထိုင်သည့် မြန်မာနိုင်ငံသာ ဆာဟေလ် အာမတ်(၂၈) နှစ်တို့ဖြစ်သည်။

တက်ကနာမြို့နယ် ဟာဘိရ်ပါရာမှ အဆိုပါနေ့တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် အရက်မျိုးစုံ ပုလင်းပေါင်း ၂၆၉ ပုလင်းကို ဘင်္ဂလာရဲက ဖမ်းဆီးခဲ့သည်။

No comments: