Friday, March 5, 2010

မြန်မာ ထောင်သား ၄၅ ဦးကို ဘင်္ဂလာမှ မြန်မာသို့ လွဲပြောင်း

3/5/2010

ထွန်းနိုင်(နိရဉ္စရာ) ယမန်နေ့က ပြုလုပ်သော မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် လွှတ်ရက်စေ့ မြန်မာ အကျဉ်းသား ၄၅ ဦးကို ဘင်္ဂလာဘက်မှ မြန်မာဘက်သို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက် အရ သိရှိရသည်။

အဆိုပါ ထောင်သားများမှာ ကော့ဘဇားထောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ခဲ့သူ လွတ်ရက်စေ့ ထောင်သားများ ဖြစ်ကြောင်း သိရသည်။

ကော့ဘဇားထောင်ထဲတွင် လက်ရှိ အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား ထောင်သား ၆၃၆ ဦးရှိပြီး ထိုအထဲမှ ၈၉ ဦးမှာ လွှတ်ရက်စေ့ ထောင်သားများ ဖြစ်ကြသည်။

မြန်မာဘက်မှ ၄၅ ဦးသာ လက်ခံခဲ့သဖြင့် အများအပြားမှာ လွှတ်ရက်စေ့သော်လည်း ပြည်တော် မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။

ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် မြန်မာ နစကဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်နှင့် ဘင်္ဂလာရိုင်ဖယ်ဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်စီ တက်ရောက်ပြီး နယ်စပ် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် နယ်စပ်ဖြတ်ကျော်ပြီး ဓါးပြတိုက်နေသော ကိစ္စအပါအ၀င် လူမှောင်ခိုကူးမူ တားဆီးရေး၊ မူးယစ်ရောင်းဝယ် ဖေါက်ကားမူတားဆီ်းရေးနှင့် တခြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ အပြီးတွင် နစက တပ်ဖွဲ့နှင့် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့တို့ ချစ်ကြည်ရေး ဘော်လီဘော ကစားကြရာ မြန်မာ နစကမှ သုံးပွဲ စလုံး ရှုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာဘက်ကမှ ကိုယ်စားလှယ်အဖွဲ့ကို နစက ဒုကွက်ကဲရေးမှူး မှ ဦးဆောင်ပြီး ဘင်္ဂလာကိုယ်စားလှယ်အဖွဲ့ကို တက်ကနက် အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူးက ဦးဆောင်ကြောင်း သိရသည်။

No comments: