Saturday, July 14, 2012

ရဟန်းရှင်လူ၊ ရခိုင်ပြည်သူများသို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း သ၀ဏ်လွှာ


၂၀၁၂ ခု ဇန်န၀ါရီလ (၂၃) ရက်နိန့် ရက်စွဲဖြင့် ငြိမ်းချမ်းရေးအတွက် တွိ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလအတွင်း လာရောက်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ငြိမ်းချမ်းရေးကိုယ်စားလှယ် 

အဖွဲ့ခေါင်းဆောင်၊ ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လာရောက်တွေ့ဆုံနှုတ်ဆက် ခဲ့ကြသော ရန်ကုန်မြို့ရှိ ရခိုင့်နိုင်ငံရေးအဖွဲ့များ၊ ရခိုင့်နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့များနှင့် တသီးပုဂ္ဂလများကို လည်းကောင်း၊ နှင့် ဒု-အဖွဲ့ခေါင်းဆောင်၊ ပါတီတွဲဘက် အထွေထွေအတွင်းရေးမှူး ခိုင်သုခရို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၄င်းတို့ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ဖြစ်သော ချင်းလက်ဝ၊ တရွန်အိုင်၊ ပလက်ဝ၊ ကျောက်တော်၊ စစ်တွေမြို့ရို့မှ ဝမ်းပန်းတသာ စိတ်ပါလက်ပါ ကြိုဆိုခဲ့ကြသော ထောင်ပေါင်း များစွာသော ရဟန်းသျှင်လူ၊ ရခိုင်ပြည်သူအပေါင်းကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ဖေါ်ပြလိုပါသည်။
ထို့အပြင် ဆရာတော် သံဃာတော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်ရို့၏ ရင်တွင်းမှ ဆုမွန်နှင့် ကြွေးကြော်သံများဖြစ်သည့်
-       လွတ်မြောက်ပါဇီ ရခိုင်ပြည်
-       မျိုးချစ်စိတ်ဓါတ်နှင့် ရှင်သန်ပါဇီ
-       မျိုးချစ်ပုဂ္ဂိုလ် လက်လှမ်းကြို ၀င်လာမစဲ တသဲသဲ
-       ရခိုင်ပြည်မှ စိန်ခေါ်သံ
-       ရခိုင်ပြည် ငါရို့ပြည်
-       ရခိုင်ပြည်ကို ငါရို့အုပ်ချုပ်မေ- စသည့် အမှတ်တရ ပိုစတာများဖြင့် အားရ၀မ်းသာ ခန့်ညားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသော ရခိုင် ရဟန်းရှင်လူ မိာပြည်သူ ထောင်ပေါင်းများစွာအား ALP/ALA မှ ရိုသေ လေးစားစွာဖြင့် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း-

ရခိုင့်ကံကြမ္မာ ရခိုင်ဖန်တီးနိုင်ရေးအတွက် လှုပ်ရှားရုန်းကန် ကြိုးပမ်းနီကြသော ရခိုင်အင်အားစု အားလုံးနှင့်အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ရန် ALP/ALA မှသန္ဓိဌာန်ချထားပါကြောင်း အသိပီး ထုတ်ဖေါ်ကြေငြာအပ်ပါသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP)
ရက်စွဲ။ ရခိုင်သက္ကရာဇ် ၁၃၇၃ တန်ခူးလဆန်း (၁၀) ရက်
ခရစ်သက္ကရာဇ် ၂၀၁၂ ခု၊ ဧပြီလ (၁၆) ရက်

No comments: