အေနိ ၂၁၊ ၁၂၊ ၂၀၁၁
(ဗုဒ္ဓဟူးနိ) မှာ တိုင်းပြည်နန့် လူမျိုးအပေါ်တာဝန်ထမ်းဆောင်ယင်း
သီဆုံးလားပါရေ။ ဆရာကြီးရေ ဥက္ကဌကြီး ခိုင်မိုးလင်း လက်ထက်ကပင် အကြံပီး
အဖြိုက်သော်လည်းကောင်း၊ ကိုယ်တိုင်းလည်း စစ်သားကောင်းတယောက်အဖြိုက်
အဖပြည်အတွက် အသက်ကို ပီးဆပ်ပနာ တာဝန်ကျီးပွန်စွာ ထမ်းဆောင်ခရေ မျိုးချစ်
ပြည်ချစ် လူမျိုးချစ် ပုဂ္ဂိုလ်တယောက်တစ်ဦးလည်း ဖြိုက်ပါရေ။ ဆရာကြီးရေ
ရခိုင်လူမျိုးရို့၏ သမိုင်းဆိုင်ရာကိုလည်း နှံစပ်ပြီးကေ ရခိုင်လူငယ်တိကို
နိုင်ငံချစ်စိတ် အချုပ်အချာအာဏာအရေးကြီးရေပုံတိကို တတ်နိုင်သလောက်
အသီခင်ကာလတလျှောက်လုံးမှာ စည်းရုံးဟောပြောပီးခပါရေ။
Sunday, December 25, 2011
Saturday, January 15, 2011
လေဘေးဒေသ ဖြန့်ကျက် စစ်သားများ အားလုံး ရုတ်သိမ်း
ယခုကဲ့သို့ ရုတ်သိမ်းသွားခြင်းမှာ ကရင်ရှေ့တန်းသို့ ပို့ဆောင်ရန် အတွက် ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
“ အခု ကယ်ဆယ်ရေး လုပ်နေတဲ့ စစ်သားတွေ တစ်ဦးမှ မရှိတော့ဘူး။ သူတို့ကို အကုန်လုံး တပ်ရင်းကို ပြန်ခေါ်သွားတယ်။ လက်ရှိ သိရတာက သူတို့ကို ကရင်ဘက်ကို ပို့နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။
Wednesday, January 12, 2011
Thursday, January 6, 2011
နအဖ စစ်စခန်းကို ALA မှတိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံး
မောင်အေး
-------------
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

Friday, December 10, 2010
စစ်တွေ တက္ကသိုလ် ကျောင်းသားများမှ ခေတ်လေးခေတ် ရိုးရာ အ၀တ်အစားများဖြင့် သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေတွင် ကျင်းပမည်
၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သော တန်ဆောင်းမုန်း လပြည့်နေ့တွင် စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဖွဲ့စည်းထားသော AUSSAR အသင်းမှ ဦးစီးပြီး ရခိုင် ခေတ် ၄ ခေတ် ရိုးရာ အ၀တ်အစားများကို ၀တ်ဆင်ပြီး သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်ပုန်းဆွမ်း ကပ်လှူပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၁)ရက် တနင်္ဂနွေနေ့ တဆောင်မုန်းလပြည့်နေ့ နံနက် ၆း၀၀ နာရီတွင် စစ်တွေမြို့ လောက မာရ်ဇိန်ပြည်လုံး ချမ်းသာဘုရားကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဟု တာဝန်ရှိသူများက ပြောသည်။
“ သင်ပုန်းဆွမ်း ကပ်လှူပွဲကို လောကမာရ်ဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ရခိုင် မင်္ဂလာ စည်တော်ကိုတီးပြိး ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ကျင်းပ ပြုလုပ် ဖြစ်ပါတယ်။ သင်ပုန်းဆွမ်း ကပ်လှူရာမှာလည်း ရခိုင် မင်္ဂလာစည်တော်က ရှေ့မှ ဦးဆောင်ပြီး နောက်မှ ကျောင်းသား ကျောင်းသူ အယောက် ၁၀၀ ကျော်ခန့်က ဓညဝတီခေတ်၊ ဝေသာလီ ခေတ်၊ လေးမြို့ ခေတ်၊ မြောက်ဦးခေတ် စတဲ့ ခေတ်(၄) ခေတ်ရဲ့ ရခိုင်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ပြီး မြို့ကိုပတ်၍ ရခိုင်ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု အသင်းဝင် ကျောင်းသား တဦးက နိရဉ္စရာ သို့ ပြောကြားခဲ့သည်။
အဆိုပါ သင်ပုန်းဆွမ်းကပ်လှူပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ တက္ကသိုလ် ပေါင်းစုံမှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူ များက ပျော်ပျော် ရွှင်ရွှင် စည်စည်ကားကား ကပ်လှူပူဇော်မည်ဟုလည်း ပြောကြားသည်။
သင်ပုန်းဆွမ်းကပ်လှူပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်ကို သူက ယခုလို ရှင်းပြသည်။
“ ဒီပွဲကို ကျွန်တော်တို့ (AUSSAR) အသင်းက ဦးစီးပြီးတော့ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ (AUSSAR) ဆိုတာကတော့ (Association of University Social and Stipen Affair Rakhine) တက္ကသိုလ် ပညာသင် ထောက်ပံ့ရေးနဲ့ သာရေး နာရေး အသင်း (ရခိုင်) ဖြစ်ပါတယ်။ ဒီအသင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ တွေနဲ့ ဖွဲ့စည်း ထားတာပါ။ ကျွန်တော်တို့ အသင်းကတော့ ကျောင်းသားတွေရဲ့ နာရေနဲ့ ပတ်သတ်လို့လည်း ကုညီ ထောက်ပံ့ပေးသလို သာရေးနဲ့ ပတ်သတ်လာရင်တော့ ကျွန်တော်တို့က ရခိုင်ရိုးရာ အစဉ်အလာ ကို ဖော်ထုတ်မူ ပြုလုပ်ပါတယ်။ ဒီသင်ပုန်းဆွမ်း ကပ်ရတဲ့ အဓိက အချက်လည်း ရခိုင်ရိုးရာကို ထိမ်းသိန်း စောင့်ရှောက်ရေးနဲ့ ဖော်ထုတ်ရေး အတွက် ဖြစ်ပါတယ်။
(နိရဉ္စရာ သတင်း)

လေဘေးသင့် ပြည်သူများကို ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တချို့တွင် စတင် ပိတ်ပင်
စောသူဝင်း
--------------
ရခိုင်ပြည်နယ်မှ လေဘေးသင့် ကျေးရွာများတွင် သောက်ရေကန်များမှ သောက်သုံးရေများ သယ်ယူခွင့်ကို စတင်ပိတ်ပင် တားမြစ်လာသဖြင့် လေဘေးသင့် ပြည်သူများ ရေရရှိရေး အထူး အခက်ကြုံနေကြကြောင်း သတင်း ရရှိသည်။
ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ပိတ်ပင်လိုက်သဖြင့် ဒုက္ခကြုံနေရသော ကျေးရွာများမှာ မြေပုံမြို့နယ်မှ ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။
“ အခု ကျွန်တော်တို့ မြေပုံမြို့နယ် စိတ္တရကျေးရွာ၊ သင်ဘောင်ချောင်း ကျေးရွာနဲ့ တခြားအနီးအနား ကျေးရွာတွေမှာ သောက်ရေကန်တွေထဲ ဆားငံရေတွေ ၀င်သွားတဲ့ အတွက် သရက်တောင် ကျေးရွာတွေမှာ တည်ရှိတဲ့ ရေကန်တွေက ရေကို ခပ်ယူ အသုံးပြုနေကြရပါတယ်။ အခုတော့ သရက်တောင်ကျေးရွာတွေက ရေကန်တွေမှာလည်း ရေက လျော့နည်း လာတော့ အချိန်ပိုင်းနဲ့ ခွင့်ပြုလာတဲ့ အတွက် သောက်သုံးရေ ရရှိရေး အထူး အခက်ကြုံ နေကြရပါတယ်။”
သရက်တောင် ကျေးရွာတွင်လည်း ဂရိ မုန်တိုင်းဒဏ်ကြောင့် သောက်ရေကန် တချို့မှာ ဆားငံရေ ၀င်သွားသဖြင့် သောက်သုံး၍ မရဘဲ ဖြစ်နေသဖြင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျန်ရေကန်များမှ ရေသယ်ယူခွင့်ကို အချိန်ပိုင်းဖြင့် ခွင့်ပြု လာခြင်း ဖြစ်သည်။
သရက်တောင်ကျေးရွာမှ ရွာသားတစ်ဦးကလည်း “ နွေရာသီ ရောက်ရင် ကျွန်တော်တို့ ရွာမှာလည်း ရေရှားပါးမူနဲ့ ရင်ဆိုင်ရနိုင်တဲ့ အတွက် ပတ်ဝန်းကျင်ကျေးရွာတွေက ရေခပ် ရေသယ်ယူခွင့်ကို တစ်နေ့မှာ ညနေ ၃ နာရီက နေပြီးတော့ ညနေ ၅ နာရီ အထိ သယ်ဆောင်ခွင့် ပြုပေးထား ပါတယ်။ နွားလှည်းတွေကို အသုံးပြုပြီး ရေသယ်ယူခွင့်ကို မပြုပါဘုး “ ဟု သူက ပြောသည်။
ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တစ်ချို့တွင် စတင် ပိတ်ပင်လာသဖြင့် လေဘေးသင့်ပြည်သူများမှာ သောက်သုံးရေ ရရှိရေးနှင့် ပတ်သက်ပြီး အထူး ဒုက္ခကြုံတွေ့ နေကြရပြီး လက်ရှိ စစ်အစိုးရ အာဏာပိုင်များမှလည်း လေဘေးသင့် ကျေးရွာများတွင် ကြုံတွေ့နေရသော သောက်သုံးရေး ရရှိရေး ကိစ္စကို ယခုအချိန်ထိ တစုံတရာ ၀ိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

မြန်မာ-ဘင်္ဂလာနယ်စပ်မှ ကျောက်တော်ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခု ဖေါက်လုပ်နေ
မင်းဆက်ခိုင်
---------------
မြန်မာ- ဘင်္ဂလာဒေ့ခ်ျ နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာမှ ကျောက်တော်မြို့ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခုကို နအဖ စစ်တပ်မှ စတင် ဖေါက်လုပ်နေကြောင်း သတင်း ရရှိသည်။
ယခုဖေါက်လုပ်နေသော ကားလမ်းသစ်ကို မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းမှ ဂုတ်ပီရွာ အထိ ဖေါက်လုပ်နေခြင်း ဖြစ်ပြီး ဂုတ်ပီမှ တဆင့် ဘူးသီးတောင်ထိ ဖေါက်လုပ်မည် ဖြစ်သည်။
ယခု ဖေါက်လုပ်နေသော ကြိမ်ချောင်းနှင့် ဂုတ်ပီ လမ်းမှာ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဖေါက်လုပ်ရန် ရာတားထားသည့် ချစ်ကြည်ရေး လမ်းမပေါ်တွင် တည်ရှိသည်။
အဆိုပါ လမ်းသည် ဘင်္ဂလာဒေခ်ျ့ဘက်မှ ကော့ဘဇားမှာ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကျေးရွာ တရွာ ဖြစ်သော ခေါင်းတုံးထိ ဖေါက်လုပ်မည် ဖြစ်ပြီး ခေါင်းတုံးမှ နတ်မြစ်ကို ချစ်ကြည်ရေး တံတား တည်ဆောက် ဖြတ်ကျော်ကာ မြန်မာဘက်မှ တောင်ပြိုမြို့နှင့် ဆက်သွယ်မည် ဖြစ်သည်။
တောင်ပြိုမှ တဆင့် ကြိမ်ချောင်း၊ ကြိမ်ချောင်းမှ ဂုတ်ပီ၊ ဂုတ်ပီမှ ဘူးသီးတောင်ကို ဆက်သွယ်မည် ဖြစ်ပြီး ဘူးသီးတောင်မှ တဆင့် စစ်တွေ- ရန်ကုန် ကားလမ်း တည်ရှိရာ ကျောက်တော်အထိ ကားလမ်း ဖေါက်လုပ်မည် ဖြစ်သည်။
ယခုအခါ ဘူးသီးတောင်နှင့် ကျောက်တော်ကိုလည်း လမ်းကြမ်းဖေါက်လုပ်နေပြီ ဖြစ်ပြီး အဆိုပါ လမ်းသည် စစ်တွေကို ရှောင်ကွင်းကာ မောင်တော အနောက်ဘက် နယ်စပ်မှ ရန်ကုန်ကို တိုက်ရိုက် ဆက်သွယ်နိုင်မည့် လမ်းကြောင်း ဖြစ်သည်။
ယခုကဲ့သို့ စစ်တပ်မှ အဆိုပါ လမ်းကို ဖေါက်လုပ်နေသော်လည်း မည်သည့် အတွက်ကြောင့် ဖေါက်လုပ်ရသည်ကို လူသိ ရှင်ကြား တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိကြောင်း သိရသည်။
၎င်းကုတ်ပီလမ်းမှာ အင်္ဂလိပ်အစိုးရခေတ်ကတည်းက မေယုတောင်ကိုဖြတ်ပြီး ဖေါက်လုပ်ခဲ့သော တောင်ကြား လမ်း တခုဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကို စစ်တပ်မှအရာရှိများ ဦးဆောင်လုပ်ကိုင်နေခြင်းကို တွေ့ရှိရကြောင်း ဒေသခံ ရယက တဦးက ပြောသည်။
“ ကုတ်ပီလမ်း အတိုင်း ဖေါက်လုပ်နေတာကိုတော့ တွေ့ရပါတယ်။ ဘာအတွက် လမ်းဖေါက် တာလဲဆိုတာ ကိုတော့ မပြောတတ်ပါဘူး။ ဒု-ဗိုလ်မှူးကြီး မြင့်ဦး ဦးစီးပြီး လုပ်နေတာ ဖြစ်ပါတယ်။”
ယခုအခါတွင် ကြိမ်ချောင်း ချောင်းကိုဖြတ်ပြီး အဆိုပါ လမ်းသစ်အတွက် တံတားတစင်း တည်ဆောက်ရန် ပြင်ဆင်မှုများလည်း ပြုလုပ်နေကြကြောင်းသိရသည်။
ယခုဖေါက်လုပ်သောလမ်းမှာ ဘင်္ဂလာ-မြန်မာ-တရုတ် လမ်းမကြီး အတွက် ဖြစ်နိုင်ခြေရှိသော်လည်း တခြားကဏ္ဍများ အတွက် ဖြစ်နိုင်ခြေပိုများကြောင်း ဘင်္ဂလာနယ်စပ်တွင် နေထိုင်သူ ဦးသာသာမောင်က ပြောသည်။
“အာရှလမ်းမကြီးအတွက် စတင်ဖေါက်လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားကဏ္ဍတွေ အသုံးပြုဖို့ အတွက် ဖေါက်လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ ဥပမာ စစ်လမ်းကြောင်း ပဲဖြစ်ဖြစ်၊ တခြားစီမံကိန်း တခုခု ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ အတိအကျ ပြောဖို့တော့ စောသေးတယ်” ဟု ပြောသည်။
(နိရဉ္စရာ သတင်း
Friday, November 26, 2010
ရထားလမ်းကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ်များ ပျက်စီး ဆုံးရှုံးနေမှုနှင့် ပတ်သက်၍ ရခိုင် အဖွဲ့ အစည်းများမှ သဘောထား ထုတ်ပြန်
မောင်ရမ္မာ
------------
ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်လုပ်နေသဖြင့် ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များ အကြီးအကျယ် ပျက်စီးနေရာ ရခိုင်သံဃာ့သမဂ္ဂနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီက နိုဝင်္ဘာလ ၂၂ ရက်နေ့က ကျေညာချက် ထုတ်ပြန်ပြီး ရထားလမ်း ဖေါက်လုပ်နေခြင်းကို ကန့်ကွက် လိုက်ကြောင်း သိရသည်။
ရခိုင်သံဃာ့သမဂ္ဂမှ ကျေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ဥက္ကဌ ဆရာတော် ဦးသီဟက ယခုကဲ့သို့ မိန့် ကြားသည်။
“ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က လူမျိုးတမျိုးမှာ အဓိက စံသတ်မှတ်ချက်ဟာ အဲဒီ လူမျိုး တမျိုးရဲ့ ရှေ့ဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာတွေပေါ်မှာ မူတည်လို့ ရှိပါတယ်။ အဲဒီ လူမျိုး တမျိုးရဲ့ စံချိန် စံညွန်း ဟာလည်း အဲဒီလူမျိုး တမျိုးရဲ့ သမိုင်းနောက်ခံ အပေါ်မှာ အခြေ တည်နေတဲ့ အတွက်ကြောင့် အခု နအဖ စစ်အစိုးရက ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ လူသားတွေအတွက် အကျိုးပြုဖို့ ဆိုတာထက် ရှေးဟောင်း အမွေ အနှစ်တွေကို ပျက်စီးနေတယ်လို့ ဦးဇင်းတို့ မြင်တယ်။ ခံစားမိတယ်။ နောက်တချက်က ဘိုးတော်မောင်ဝိုင်း သိမ်းပြီးတဲ့ နောက်ပိုင်းက ပြောင်းလို့ ရတာတွေ ကို ပြောင်း၊ ယူလို့ရတာတွေကိုယူ၊ ယူလို့မရတာတွေကို မီးတိုက်ဖျက်ဆီးခဲ့တယ်။ အဲဒါတွေကို မကျေနပ်တဲ့ တိုင်အောင် ယနေ့ထိ ရခိုင်ယဉ်ကျေးမှုတွေကို ဖျက်ဆီးလာ တယ်။ ရခိုင် ယဉ်ကျေးမှု တွေကို ဗမာ ယဉ်ကျေးမှုပြုလာတယ်။ ဒီလိုဖျက်ဆီးလာတာတွေကို လက်ပိုက်ကြည့်မ နေနိုင်၊ ဒါကြောင့် ကန့်ကွက် ရတာဖြစ်ပါတယ်။”
ရခိုင်သံဃာ့သမဂ္ဂအနေဖြင့် အဆိုပါရှေ့ဟောင်းအမွေအနှစ်တွေဖျက်ဆီးနေမှုကို ရပ်တန့်စေရန် အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် ရှေးဟောင်း သုတေသနအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများကို တိုင်ကြားရန် အစီ အစဉ်ကို မကြာခင် အကောင်အထည်ဖေါ် လုပ်ဆောင်မည်ဟု ဆရာတော်က ပြောသည်။
ယခုကဲ့သို့ နအဖ စစ်အစိုးရ၏ စစ်တွေ-အမ်း ရထားလမ်းပိုင်း ဖေါက်လုပ်နေရာတွင် ရှေးအဟောင်း အဆောက်အဦးများ ဖျက်ဆီးခံနေရခြင်းမှာ ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည် အမျိုးသား ကောင်စီ အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်က ယခုကဲ့သို့ ပြောသည်။
“ရထားလမ်းဖေါက်လုပ်မှုဟာ ရခိုင်ပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတွေကို ကျော်လွှားဖို့ အတွက် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖွံဖြိုးတိုးတက်ရေးအစီအစဉ်အရ လုပ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ကန့်ကွက်စရာ တခုလည်း မရှိပါ။ အခုလက်ရှိမြင်နေရတာက ရခိုင် အမျိုးသားတွေ အပေါ်မှာ သွယ်ဝိုက်တဲ့နည်းနဲ့ ဖိနှိပ်မှုတွေကို ပိုပြီးလုပ်နေတယ်လို့ ယူဆတယ်။ ဒုတိယတချက်က ရန်ကုန် စစ်တွေကားလမ်းဖေါက်တဲ့အခါ တခါအတွေ့အကြုံရခဲ့ပြီ။ ရှေးဟောင်းသမိုင်း အမွေအနှစ် တွေကို ဖျက်ဆီးရုံသာမက ဒေသခံတွေ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခဲ့တယ်။ အဲဒါဟာ ကားလမ်း ဖေါက်တဲ့အခါ ရလိုက်တဲ့အတွေ့အကြုံပါ။ အခု အလားတူဘဲ မီးရထား လမ်းဖေါက်လုပ်တဲ့ အခါမှာလည်း မြောက်ဦးမြို့မှာဆိုရင် အားလုံးမြင်ကြတဲအတိုင်းဘဲ။ ဆုံးရှုံးပျက်စီးမှုတွေဟာ သိသိ သာသာ ဖြစ်နေပါတယ်။ ANC အနေနဲ့ သဘောထားရှိတာက အဲဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီး နေတယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။
ယခုဖေါက်လုပ်နေသော ရထားလမ်းနှင့် ယခင် ရန်ကုန်-စစ်တွေ ကားလမ်း ဖေါက်လုပ်စဉ်ကလည်း ဓည၀တီ မြို့တော်ဟောင်းနှင့် ဝေသာလီ မြို့တော်ဟောင်းများကို ဖြတ်ပြီး ဖေါက်လုပ်ခဲ့သဖြင့် သမိုင်းဝင် အဆောက်အဦးများစွာ ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။
ယခု ဖေါက်လုပ်နေသော စစ်တွေ-အမ်း- မင်းဘူးရထားလမ်းမှာ ၁၅၇ မိုင်ရှည်လျားပြီး နအဖ စစ်အစိုးရမှ ၁၀ နှစ်စီမံကိန်းဖြင့် ဖောက်လုပ်နေသော ရထားလမ်းဖြစ်သည်။
(နိရဉ္စရာ သတင်း
</textarea>

Thursday, November 25, 2010
Saturday, November 13, 2010
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး RNDP မမျှော်မှန်း
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအပြီး အင်အား အကောင်းဆုံး ပါတီအဖြစ် ပေါ်ထွက်လာသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြည်နယ် ဝန်ကြီးချုပ်နေရာ မမျှော်မှန်းဟု ဆိုသည်။
ရွေကောက်ပွဲဝင် ကတည်းက အစိုးရဖွဲ့ရန်နှင့် ပြည်နယ်ဝန်ကြီးချုပ် ရာထူးကို မမျှော်မှန်းခဲ့သလို၊ ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်မည်ဖြစ်သဖြင့် မရရှိနိုင်ကြောင်း RNDP က ပြောဆိုခြင်း ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်များအရ RNDP က အမတ်လောင်း ၄၄ ဦး ဝင်ပြိုင်ခဲ့ရာ ၃၅ ဦး အနိုင်ရခဲ့သဖြင့် ၈ဝ ရခိုင်နှုန်း အောင်မြင်မှု ရရှိခဲ့သည်။
ယင်း ၃၅ ဦးအနက် ၇ ဦးသည် အမျိုးသား လွှတ်တော်နှင့် ၉ ဦးသည် ပြည်သူ့လွှတ်တော် အမတ်များဖြစ်ရာ၊ ပြည်နယ် လွှတ်တော်အတွက် ၁၈ ဦးသာ ပါရှိသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ တဦးတည်းသော ပြည်နယ် လွှတ်တော်အမတ်နှင့် ပူးပေါင်းခဲ့လျှင်ပင် ၁၉ ဦးသာ ရှိသေးသဖြင့် အမတ်ဦးရေ ထက်ဝက်ပင် မပြည့်သေးပါ။
“ပြည်နယ် ဝန်ကြီးချုပ် နေရာကိုလည်း မမှန်းပါဘူး။ သိတဲ့အတိုင်းပဲ သမတက ရွေးမှာလေ၊ ပါတီထောင်ကတည်းက အစိုးရဖွဲ့ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။
ပါတီထောင်စဉ်ကတည်းက လွှတ်တော်တွင်းမှာ ရခိုင်ပြည်သူများအတွက် သင့်လျော်မှု မရှိသော ဥပဒေများကို ပယ်ချနိုင်ရန်နှင့် ထောက်ပြ ပြောဆိုနိုင်ရန်သာ ရည်ရွယ်ထားခဲ့သည်ဟု ဆိုသည်။
ပြည်နယ် အရေးကိစ္စများအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြည်နယ်လွှတ်တော်တွင် အမတ် ၄၆ ဦး သို့မဟုတ် ၄၇ ဦး ရှိမည်။ သို့သော် RNDP အမတ် ၁၈ ဦးသည် အစိုးရဖွဲ့နိုင်မည့် ၅ဝ ရာခိုင်နှုန်းအောက် ရှိနေသည်။ စစ်တပ်က အလိုအလျောက် ရောက်လာမည့် အမတ် ၁၁ ဦး သို့မဟုတ် ၁၂ ဦး ရှိနေမည်။ ကျန်ရှိသည့် ၁၆ ဦး သို့မဟုတ် ၁၇ ဦးထဲတွင် စစ်အစိုးရသြဇာခံ ကြံ့ဖွံ့ပါတီမှ အမတ် ၁၃ ဦးထက်မနည်း ပါရှိကြောင်း နောက်ဆုံး လေ့လာချက်များအရ သိရသည်။
RNDP သည် ရွေးကောက်ပွဲဝင်စဉ်ကပင် ပြည်နယ်လွှတ်တော်အတွက် လိုအပ်သော အမတ်လောင်း ဦးရေ၏ ထက်ဝက်ကျော်ပင် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါ။
RNDP သည် တောင်ပိုင်းမြို့နယ်များတွင် ယှဉ်ပြိုင်အား နည်းခဲ့ပြီး၊ မြောက်ပိုင်းမြို့နယ်များတွင်သာ အဓိကထား ဝင်ပြိုင်ခဲ့သည်။ ၎င်းတို့အနေဖြင့် တောင်ပိုင်းမြို့နယ်များတွင် ယှဉ်ပြိုင်အား နည်းခဲ့ခြင်းမှာ ဘဏ္ဍာရေး အခြေအနေနှင့် စည်းရုံးချိန် နည်းပါခဲ့ခြင်းကြောင့်ဟု RNDP က ပြောဆိုသည်။
၁၉၉ဝ ပါတီစုံ ရွေးကောက်ပွဲတွင် တောင်ပိုင်းမြို့နယ်များ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သာ အနိုင်ရခဲ့ပြီး မြောက်ပိုင်း မြို့နယ်များတွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့သည်။

Friday, November 12, 2010
ကြံ့ဖွံ့ ပါတီကို မဲမပေးသဖြင့် တာတမံကို ဖေါက်ချရာ လယ်ဧက ထောင်ချီ၍ ပျက်စီး
11/12/2010
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကံချောင်းကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ဆည်ထားသော တာတမံ တစ်ခုကို ဆည်မြောင်း အရာရှိများက ဖေါက်ချလိုက်သဖြင့် လယ်ဧက ထောင်ချီ၍ ပျက်စီး သွားကြောင်း သတင်း ရရှိသည်။
“ သူတို့က ရွေးကောက်ပွဲပီးတဲ့ နောက်တစ်နေ့မှာ မော်တော်ဘုတ် တစီးနဲ့ လာပြီး တမံ တုတ်ထားတဲ့ ဆည်ကို ဖေါက်ချလိုက်တဲ့ အတွက် ဆားငံရေတွေ ၀င်ပီး လယ်ဧက တထောင်နီးပါး ပျက်စီးသွားခဲ့ပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဆည်ကို ဖေါက်ချရသည့် အကြောင်းအရင်းကို သူက ယခုကဲ့သို့ ဆက်ပြောသည်။
“ ရွေးကောက်ပွဲ မတိုင်မှီက ရယက ဥက္ကဌရယ်။ ကြံ့ခိုင်ရေး တာဝန်ရှိသူတွေရယ်။ နောက်ပီး ဆည်မြောင်းက တာဝန်ရှိသူတွေရယ် ကျွန်တော်တို့ ရွာကို ရောက်လာပြီး ကြံ့ခိုင်ရေးကို မဲထည့်ဖို့ ပြောပါတယ်။ မဲမထည့်ရင် ဒုက္ခတွေ့မယ်ဆိုပီးလည်း သူတို့က ပြောပါတယ်။ ရွေးကောက်ပွဲနေ့မှာ ရွာသားတွေက ကြံ့ခိုင်ရေး ပါတီကို မဲမထည့်ဘဲ ရခိုင်ပါတီကို မဲထည့်လိုက်တော့ သူတို့က လုံးဝ မကျေနပ် ဖြစ်သွားပါတယ်။ ဒါကို လက်စားချေတဲ့ အနေနဲ့ နောက်တစ်နေ့ နံနက်ပိုင်းမှာ တမံတုတ်ထားတာကို လာပြီး ဖေါက်ချလိုက်ပါတယ်။”
စပါးပင်များမှာ အသီး သီးစ ပြုနေချိန်တွင် ဆားငံရေများ ၀င်ရောက်သွားသဖြင့် အားလုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ဆည်မြောင်းဌာနမှ ဆည်ကို ဖေါက်ချလိုက်သဖြင့် လယ်မြေဧက အများအပြား ပျက်စီးသွားကြောင်းကို ကျေးရွာ လူကြီးများက ပေါက်တောမြို့နယ် မယက ဥက္ကဌအား သွားရောက်တိုင်ကြားရာ မယက ဥက္ကဌ ခင်မောင်လွှင်မှ “ ခင်ဗျားတို့ ရခိုင်ပါတီ ရတပကို မဲထည့်တဲ့ အတွက် ရခိုင်ပါတီကိုဘဲ သွားတိုင်ပါ” ဟု ဆိုကာ ငေါက်ငမ်းပြီး ကျေးရွာ လူကြီးများကို ရုံးခန်းထဲမှ မောင်းထုတ်လိုက်ကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နစ်နာနေရသော လယ်သမားများ အနေဖြင့် အာဏာပိုင်များမှ တာတမံကို ဖေါက်ချရာမှ လယ်မြေဧကများစွာ ထပ်မံ ပျက်စီးသွားသဖြင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြရကြောင်း သိရသည်။

Saturday, November 6, 2010
ရခိုင်ပြည်နယ် ဥက္ကဌလောင်းဆိုသူက မဲရုံမှူးများကို ငွေပေးပြီး အနိုင်ရရေး လုပ်ဆောင်ပေးရန် တိုက်တွန်း
11/6/2010
Adjust font size:
ရမ်းဗြဲမြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ကျော်ခင်မှ မိမိမှာ ရခိုင် ပြည်နယ် ဥက္ကဌ လောင်းဖြစ်သဖြင့် မိမိအနိုင်ရရှိရေး ပြုလုပ်ပေးရန် မဲရုံမှူးများကို ငွေပေး စည်းရုံးခဲ့သည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။
“ ဦးကျော်ခင်က သူလူတွေက တဆင့် နိုဝင်္ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီမှာ မဲရုံမှူး လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျောက်နီမော် အထက်တန်းကျောင်းထဲကို လက်မှတ်ထိုး ဖိတ်ကြားပီး အစည်းအဝေး တစ်ခု ပြုလုပ်ပါတယ်။ သူက မိမိကိုယ်ကို ပြည်နယ် ဥက္ကဌလောင်းဖြစ်တယ်။ သူသာ ရမ်းဗြဲမှာ အနိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် သူကို အနိုင်ရရှိရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါဆိုပီး ပြောတယ်။ ပီးရင် မဲရုံမှူးတွေ လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျပ်ငွေ တစ်သောင်းစီပေးပါတယ်” ဟု သူက ပြောသည်။
ကျောက်နီမော် ကျေးရွာမှာ ရမ်းဗြဲမြို့နယ်အတွင်း တည်ရှိပြီး အဆိုပါ အစည်းအဝေးသို့ ဆရာ ဆရာမ ၄၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။
“ ဒါ့ပြင် ဦးကျော်ခင်က ကျောက်နီမော်က မူဆလင် ငါးဖမ်းလုပ်သားတွေဆီက ကြိုတင်မဲ ၄၀၀ ကိုကောက်ယူပြီး သူ့ကို မဲပေးခိုင်းထားပါတယ်။ ပီးရင် ရွာသားတွေကို သူ့ကိုမဲမပေးရင် ဒုက္ခ အကြီးအကျယ် ရောက်ကြရလိမ့်မယ်ဆိုပီး ရွာသားတွေအကုန်လုံးကို သတိပေးထားပါတယ်” ဟုသူက ဆက်ပြောသည်။
ဦးကျော်ခင်မှာ သူအနိုင်ရရှိရေးအတွက် ရမ်းဗြဲမြို့နယ် အတွင်း ကျေးရွာသားများကို ခြိမ်းခြောက်မူများ အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :

Sunday, August 29, 2010
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက်ရာထူးမှ အနားယူ
သောမတ်စ် မောင်ရွှေ | စနေနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၀ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ အနားယူခြင်း အပါအဝင် တပ်မတော် ထိပ်တန်း စစ်ဘက် ရာထူးများတွင် အပြောင်းအရွေ့များ သောကြာနေ့က ဖြစ်ပွားခဲ့သည်။
ယခင် စစ်ရေးချူပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပြီး အခြားသော ကစထမှူး (၃) ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။
နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ နေရာတွင် ယခင် စစ်ဆင်ရေး အထူးအဖွဲ့မှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အား အစားထိုး ခန့်အပ်ခဲ့သည်။
မြန်မာနိုင်ငံ၌ ဆယ်စုနှစ် နှစ်ခုအကြာတွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပရန်ရှိသော နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ သမတလောင်း သုံးဦးကို အဆိုပြုရမည် ဖြစ်သည်။ ထိုသုံးဦး အနက်မှ ရှုံးနိမ့်သွားသူ နှစ်ဦးသည် ဒုသမ္မတများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။
စစ်ဘက် ရာထူး အပြောင်းအလဲများအရ ၁၉၉၂ ခုနှစ် ကတည်းက စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့သော အသက် ၇၇ နှစ်အရွယ် ဦးသန်းရွှေသည် သမတ ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပြီး ၄င်း၏ လက်ရုံး အသက် ၇၂ နှစ် ရှိပြီဖြစ်သော ဦးမောင်အေးနှင့် အသက် ၆၂ နှစ်အရွယ် ဦးသူရရွှေမန်းတို့သည် ဒုတိယ သမတများ ဖြစ်လာနိုင်စရာ အကြောင်းရှိနေသည်။ ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် ပြည်တွင်းပြည်ပမှ လေ့လာသူများ မှန်းဆထားကြသော ရွေးကောက်ပွဲသည် အတုအယောင် ဟန်ပြသာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်းကို ချွတ်ကာ အရပ်သား ဝတ်စုံဖြစ်သော ပုဆိုးပြောင်းဝတ်၍ အာဏာကိုမူ ၄င်းတို့ကပင် ဆက်လက် ကိုင်စွဲထားလိမ့်မည်ဟူသော ယူဆချက်များနှင့် ကိုက်ညီနေပေလိမ့်မည်။
လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်ဘက်အရာရှိနှင့် ၂၇ ဦးခန့် သည်လည်း ယခုနှစ် နှစ်လယ်ပိုင်းက စစ်ဘက် ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများအား မကြာခဏ အကြမ်းဖက်လေ့ရှိသည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်သည်။ စစ်ယူနီဖောင်း ချွတ်ကာ စစ်ဘက်ရာထူးများမှ နုတ်ထွက်လိုက်ခြင်းသည် ကြံ့ဖွံ့ပါတီဝင်များအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သဘောပင်ဖြစ်သည်။
မြန်မာ့နိုင်ငံရေး အကဲခတ်များက စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီး သမတ မရွေးချယ်ရသေးခင် အချိန်အထိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေကာ နိုင်ငံ အကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု ခန့်မှန်းကြသည်။
၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတဝှမ်းလုံး၌ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရသည် ထိုရလဒ်အား လျစ်လျူရှုခဲ့ကာ အာဏာကို ဆက်လက် ကိုင်စွဲထားခဲ့သည်။ ထို့ပြင် ထောင်နှင့်ချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား ထောင်သွင်း အကျဉ်းချခဲ့သည်။
ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးလျှင် အရပ်သား အစိုးရသည် ဥပဒေပြဌာန်းသူများ ဖြစ်လာမည်ဟု ဆိုသော်လည်း ထိုအရပ်သား အစိုးရတွင် စစ်ဘက်မူဝါဒများအား စစ်ဆေးနိုင်သည့် အာဏာရှိလိမ့်မည် မဟုတ်ပေ။ စစ်ဘက်သည် လွှတ်တော်အရပ်ရပ်တွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာ ရယူလိမ့်မည် ဖြစ်ပြီး အဓိက ဝန်ကြီးရာထူးများကိုလည်း စစ်ဘက်မှပင် ရယူနိုင်ရန် ကြိုတင် စီစဉ်ထားသည်။
စစ်အစိုးရက ရေးဆွဲခဲ့သော အငြင်းပွါးဖွယ်ရာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ဆီးနိတ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များအတွက် ဥပဒေပြုအမတ်များကို မဲဖြင့် ရွေးချယ်ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း အဓိက စီရင်ဆုံးဖြတ်ခွင့်ရှိသော နေရာများကိုမူ စစ်ဘက်က ထိန်းချုပ်ထားလိမ့်မည် ဖြစ်သည်။
နေပြည်တော်မှ ရရှိသော သတင်းများအရ သူရမြင့်အောင်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူမည့် စစ်ဘက်မှ ကိုယ်စားလှယ်များအား ရွေးချယ်ပေးလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် အခြေခံဥပဒေအရ လွှတ်တော်သုံးရပ်တွင် စုစုပေါင်း ရာနှင့်ချီသည့် စစ်ဘက်မှ အရာရှိများ နေရာ ရလာလိမ့်မည် ဖြစ်သည်။ ထို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးကာ နှစ်သန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည် နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်းတွင် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
လေ့လာသူများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် နိုင်ငံတကာ အစိုးရများက ဝေဖန်ရာတွင် စစ်အစိုးရသည် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပျက်စီး ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းအပြီး လိုအပ်နေသော ရေ၊ အစားအစာ၊ ဆေးဝါးများနှင့် ယာယီနေရာထိုင်ခင်းပြုလုပ်ရန် အထောက်အကူပစ္စည်းများအား လိုအပ်သူများထံသို့ သယ်ယူပို့ဆောင် ပေးရမည့်အစား ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်ကာ ထရပ်ကားများဖြင့် မဲများကိုသာ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
သောကြာနေ့က ရာထူး အပြောင်းအလဲတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာခဲ့သည်။
အနည်းဆုံး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ဆယ်ဦးခန့် ရာထူးမှ နှုတ်ထွက်သွားပြီး ထိုရာထူးများအား တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများ နှင့် အစားထိုးခဲ့သည်။
ရာထူးမှ နှုတ်ထွက်သွားသူများသည် နိုဝင်ဘာ ၇ရက်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။ စစ်ဘက်ရာထူး အပြောင်းအလဲ နောက်ဆုံး အသေးစိတ် အခြေအနေနှင့် သတင်းများကို ဆက်လက် စုံစမ်းလျက် ရှိသည်။

Subscribe to:
Posts (Atom)