ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G)သည် ၂၀၁၂-ခုနှစ်မှ လက်ရှိ အချိန်အထိ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)ALAသို့လစဉ်လတိုင်း စားနှင့်ရိပ်ခါ နှင့် ငွေ အချိုကို ထောက်ပံ့ ကူညီလာခဲ့ သည်မှာ နှစ်တာအားဖြင့် ၃ နှစ်ပြည့်ပီးဖြစ်ပါသည်။ ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း (A.R.K.G) မဲဆောက်၊ ဗဟို၊ (A.R.K.G-
ဋ္ဌာနခွဲ၊ဟတ်ယိုင်၊ ပါသနီ၊နာဠာဒေ၀၊ယလာ)မှ
ရခိုင်ပြည်လွတ် မြောက် ရေးပါတီ(ALP/ ALA)သို့ လစဉ် လတိုင်း
ရိက္ခာပစ္စည်းများကို ယင်းသို့ ကူညီ
ထောက်ပံ့ပေးမှုအတွက် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် မိမိတို့
တက်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ပေးမှုအတွက် ရခိုင်ပြည် လွတ်မြောက်
ရေးပါတီ(ALP) ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) အနေဖြင့်
ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်အသင်း(A.R.K.G)အား မှတ်တမ်းတင်
ဂုဏ်ပြုအပ်ပါသည်။
Showing posts with label သတင်း. Show all posts

Wednesday, February 25, 2015
လောက်ကိုင်စစ်ပွဲကရလိုက်တဲ့..မြန်မာ့တပ်မတော်၏အားနည်းချက်များ(၁)

(စာရေးသူအနေနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့ စေတနာအရင်းခံဖြင့်အပြုသဘော ဝေ
ဖန်သုံးသပ်သွားပါ့မယ်။ဒါကြောင့်ပုဂ္ဂိုလ်ရေးရာချစ်ခြင်း၊မုန်းခြင်းမထားဘဲကျဆုံးသူတွေ
ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေရဲ့မျက်နှာကို မြင်တွေ့လိုက်ရချိန် ခံစားချက်ဖြစ်ပေါ်လာကာ တပ်မတော်ရဲ့ အနာဂါတ်ကို ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်ပါတယ်။မည်သူတဦး
တယောက်ကိုမှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ..နောက်နောင်ကိုသင်ခန်းစာယူရန်သာ
ဖြစ်ပါတယ်)
-------

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောငိလှိုင်ဟာ တပ်မတော်
ကို(Standard Army) ဖြစ်ရေးလမ်းညွန်ချက်တရပ်အနေနဲ့ အခမ်းအနားတွေမှာ
ပြောဆိုသွားတာတွေ့ ရပါတယ်။ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး၊ (ကြည်း၊ လေ၊ ခြေလျင်တင့်အမြောက်) ပူးပေါင်းစစ်ဆင်ရေး၊(ရေ၊လေ)ပူးပေါင်းစစ်
ဆင်ရေးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေပါတယ်။ တပ်ချူပ်ရဲ့ နိုင်ငံတကာ
ခရီးစဉ်တွေမှာစစ်လက်နက်ပစ္စည်း၊၊ရေငုပ်သင်္ဘော၊ဂျက်လေယာဉ်၊တင့်ကား၊ လေ
ကြောင်းရန်ကာကွယ်ရေးဒုံးများ လေ့လာကာ ခေတ်မီတပ်မတော် ဖြစ်ရေး ကြိုးစားနေ
ရာ အရှိန်အဟုန်ရနေပြီဖြစ်လို့ စိတ်ကူးယဉ်အိပ်မက်တောင် မက်နေခဲ့ပါတယ်။
--
မကြာသေးမီကာလကလေးကမှ လောက်ကိုင်ဒေသဧရိယာမှာ ပြင်းထန်တဲ့တိုက်ပွဲ
များကြောင့် အရာရှိ၊ စစ်သည်ကျဆုံး၊ ထိခိုက်ဒဏ်ရာရ (၁ရ ရက်နေ့ ထိ ၄၇ ကျ၊ ၇၃ ထိခိုက်) ဖြစ်ကာ ရန်သူ့ထံမှ ၂၈ အလောင်းရ၊ လက်နက် ၁၀၀၊ လက်တော့ကွန်ပျူ
တာ၎လုံး၊ခဲယမ်းများရရှိတဲ့သတင်းကြောင့်အိပ်ပျော်နေရာမှအလန့်တကြားနိုးထလိုက်
သလို ဖြစ်မိပါတယ်။
---
စာရေးသူအနေနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့ စေတနာအရင်းခံဖြင့်အပြုသဘော ဝေ
ဖန်သုံးသပ်သွားပါ့မယ်။ဒါကြောင့်ပုဂ္ဂိုလ်ရေးရာချစ်ခြင်း၊မုန်းခြင်းမထားဘဲကျဆုံးသူတွေ
ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေရဲ့မျက်နှာကို မြင်တွေ့လိုက်ရချိန် ခံစားချက်ဖြစ်ပေါ်လာကာ တပ်မတော်ရဲ့ အနာဂါတ်ကို ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်ပါတယ်။
---
စာရေးသူအနေနဲ့ ခေတ်မီတပ်မတော်ဖြစ်ရေးအတွက်ယခုတိုက်ပွဲများမှသင်ခန်းစာ
ဖေါ်ထုတ်ချက်အား သုံးသပ် သွားပါမယ်။ လောက်ကိုင်ဒေသတိုက်ပွဲများမှာ တပ်
မတော်သားများ ကျဆုံးထိခိုက်ဒဏ်ရာရ အရေအတွက်ဆုံးရှုံးမှု ကြီးမားလှပါတယ်။ စစ်သဘောအရအပေါင်းအနှုတ်ရလဒ်မှာတပ်မတော်ဘက်မှထိခိုက်ကျဆုံးတဲ့၁၀၀ခန့် 
နဲ့ ရန်သူဆီမှ သိမ်းဆည်းရမိတဲ့လက်နက် ၁၀၀ တို့ တိုက်ဆိုင်တူညီလုနီးပါး တွေ့ ရပါ
တယ်။ ဒါပေမဲ့ လူနဲ့ လက်နက်တန်ဘိုး ချိန်ထိုးလို့ မကောင်းပါ။ မလဲနိုင်ပါ။ လက်နက်
ထက် လူကို တန်ဘိုးထားရပါမယ်။ ဒါကြောင့် ပေးဆပ်ရတာကြီးမားလှပါတယ်။
----
ဒီပြသနာမဖြစ်ခင်၂၀၁၄ခုနှစ်ဧပြီလခန့်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလားဂွင်မှာကိုးကန့်
အဖွဲ့ စစ်သင်တန်းလျို့ဝှက်ပေးနေရာ – တပ်စုမှုးကို မကျေနပ်လို့ တရုတ်ကြေးစားစစ်
သား ၈ဦးက ပစ်သတ်ပြီး လက်နက်ခဲယမ်းအပြည့်အစုံတင်ကာ ကားဖြင့် ထွက်လာခဲ့ပါ
တယ်။သူတို့ ဟာ မြို့ပေါင်း၂၀ ဖြတ်ကျော်၊ မြန်မာပြည်အရှေ့မှအနောက်ဘက်အိန္ဒိယ
နယ်စပ်တွင်းဝင်ခါနီး၊ ကလေးမြို့ဂိတ်မှာ လက်မတင်လေး မိခဲ့ပါတယ်။
---
ဒီအဖွဲ့ လွယ်လွယ်ကူကူနဲ့ ဖြတ်သွားနိုင်တာကြောင့် လုံခြုံရေးကွန်ယက်ကြီး ပေါက်ပြဲ
နေတာ အထင်သားတွေ့ မြင်နေရပါတယ်။ ဒီလောက်ကိုင်တိုက်ပွဲ ဖြစ်ခါနီးအချိန်လေး
မှာပင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ကွမ်းလုံမြို၊့ ကျွန်းပေါ်ခြုံဒေသ၊မုန်းစီ၊မုန်းပေါ်
လေးတွေမှာကိုးကန့်အဖွဲ့ ကတပ်မတော်ကိုခြုံခိုချလို့တပ်ဘက်မှ(၇)ဦး)ကျသွားတဲ့ဖြစ်
စဉ်ရှိပါတယ်။ ဒါအပြင်ဖုန်ကြားရှင် ကိုယိတိုင် တရုတ်အစိုးရအာဘော် Gobel သတင်း
စာမှာတိုက်ပါမယ်လို့ ပေါ်တင်ကြေညာထားတာကိုစစ်ရေးသတိ၊လုံခြုံရေးစီမံချက်၊ ကြို
တင်ပြင်ဆင်မှုတွေကို ကစထမှုး ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်တယောက် ဂေါက်ရိုက်
ပြီး စဉ်းစားနေပုံရ ပါတယ်။
---
ကစထမှုးအနေနဲ့ တပ်ရင်းလိုက်အလှူးအလဲဖြစ်နေချိန် လားရှိုးမြို့ မှ တဖ၀ါးမှမခွါဘဲ အဝေးရောက်ကွပ်ကဲနေတာကို အံ့သြစွာတွေ့ ရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ
(ခံ-ခွါ-ချီ) တိုက်စစ်နည်းဗျုဟာ ဥပဒေသအတိုင်း ရှေ့တန်းကျကျ ကွပ်ကဲရမည်ဆိုတာ ကိုအောင်သန်းထွဋ်တယောက် မေ့ပုံရပါတယ်။ ယခင်ဒုဗိုလ်ချုပ်ကြီးမောင်လှ ဆိုရင် ရန်သူ့ပစ်အား ဒလစပ်ပစ်အားကြမ်းနေတဲ့ကြား ရဟတ်ယာဉ်ပိုင်းလော့ကို အတင်းမ
ရမက ဆင်းခိုင်းတာမို့ - သူ့သွေးထုတ်ပြီး ကိုအောင်သန်းထွဋ်ထံ သွင်းရကိန်းဆိုက်နေ
ပါတယ်။
---
ကက(ကြည်း)မှာ စစ်ဆင်ရေးကိုင်တွယ်နေပြီး စရဖကို အရည်အသွေးမြှင့်အောင်မလုပ်
နိုင်လို့ စစ်ဦးစီးအရာရှိချူပ် (ကြည်း)ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေတယောက် နတခတိုင်းမှုးလုပ်ခဲ့တုန်းက မုန်တိုင်းအငွေ့သက်ကျန်သေးနေလို့ အသာမှေးနေလား
မသိပါ။ တကယ်တော့ ဒီရာထူးဟာ ဦးသန်းရွှေက ဦးတင်ဦးအား နေရာပေးချင်တာ
ကြောင့် စစ်ရုံးမှာ အပိုလိုဖြစ်နေပြီး၊ ဦးတင်ဦးမရှိတဲ့နောက်တော်တော်နဲ့ အစားမထိုးခဲ့
ရာမှဒုဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးကိုတဖန်နေရာပေးချင်လို့ ပြန်လည်အသက်ဝင်လာတာ
့ဖြစ်ပါတယ်။
---
အဲဒီနောက် ကိုကျော်ဆွေနဲ့ နေရာချိန်းလိုက်တာဖြစ်ပါတယ်။ တကယ်တော့စစ်ရုံးမှာ ဆုံးဖြတ်နိုင်ခွင့်ပါဝါဟာ (၄) ဦး (ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦး
စီးချုပ် (ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဦးစီး ဗိုလ်မှုး
ချုပ်စစ်ဆင်ရေး) တောင်ရှိနေတာအမိန့်၊ကွပ်ကဲမှုအဆင်ဆင့်ဖြတ်နေရတာမို့ ကြန့် 
ကြာနိုင်ပါတယ်။ လက်ရှိ စရဖ ကိုင်နေတဲ့ ကိုမြတ်ထွန်းဦးဟာ ဗိုလ်ချုပ်ထိန်မောင်ကို စည်းရုံးနိုင်ခဲ့လို့ (၆)နှစ်အတွင်းရာထူးထိပ်ပိုင်းကိုတက်လာရာဦးစီးချုပ်အလောင်းလျာ
အဖြစ် ရေပန်းစားရာမှ ရာထူးရွေ့ခံရလို့ စိတ်ဓါတ်တွေကျဆင်းနေတာလားမသိပါ။
---
လက်ရှိတိုက်ပွဲများတွင် ထောက်လှမ်းရေးကွန်ယက်ကြီးပေါက်ပြဲလို့ အားနည်းချက်ကြောင့် တပ်အထိနာလှပါတယ်။
(အပိုင်းနှစ်ဆက်ဖတ်ရန်)
ဗိုလ်ထက်မင်း။

Tuesday, October 8, 2013
စစ်တွေမှာ ဆန္ဒပြသူနှစ်ဦး ကို ထောင် (၃) လစီ ချမှတ်
ရခိုင်ပြည်နယ်
စစ်တွေမြို့မှာ မွတ်ဆလင် ဒုက္ခသည်တွေအတွက် တူရကီနိုင်ငံရဲ့အကူအညီနဲ့
လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် ကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့
ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးနဲ့ ရခိုင်လူမှုကွန်ယက်
ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇောဦးတို့ကို ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ- ၁၈ နဲ့ စစ်တွေမြို့နယ်
တရားရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းက မြို့ခံလူထု အတော်များများ
ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ အဲဒီအထဲက ဒီနှစ်ဦးကို ခေါင်းဆောင်လို့ရွေးချယ်
သတ်မှတ်ပြီး ထောင်ဒဏ်တွေချမှတ်တာဖြစ်တယ်လို့ ဦးကျော်ဇောဦးရဲ့မိခင် ဒေါ်စောသိန်းတန်က RFA ကိုပြောပါတယ်။
ကျောက် ဖြူ အထူး စီး ပွား ရေး ဇုံ တည် ဆောက်

မည့် နေ ရာ တဝိုက် ရှိ ကျေး ရွာ ပေါင်း ၄၂ ရွာ မှ
ရွာ သား ပေါင်း ၄၀၀ခန့် နှင့် ကျောက် ဖြူ မှ မြို့
မိ မြို့ ဖ များ၊ အရပ် ဘက် လူ့ အဖွဲ့ အစည်း များ
မှ ကို ယ် စား လှယ် များ စည် မော် ကျေး ရွာ တွင်
၈၊၁၀၊ ၂၀၁၃ နေ့ ၁၂ နာ ရီ က ကျေး ရွာ ဘုန်း တော် ကြီး ကျောင်း တွင်
တွေ့ ဆုံ ပွဲ တရပ် ကို ပြု လုပ် ခဲ့ ကြ သည် ။
၎င်း တွေ့ ဆုံ ပွဲ တွင် ဒေ သ ခံ အများ စု တို့ က
ဤ ဇုံ ကို လက် ခံ ကြာင်း ဆွေး နွေး ကြ သည်။
သို့ သော် လည် ၄င်း တို့ တနည်း နည်း နှင့် မှီ ခို
နေ ရ သော လယ် မြေ တော တောင် မြစ် ချောင်း
များ ကိုအသုံး ပြု ရမည် ဆို လျင် လည်း ဒေ သခံ
တို့ အကျိုး ကို မထိ ခိုက် စေ ရန် လေ့ လာ တွက် ချက် ပြီး မှ အသုံး ပြု စေ လို ကြောင်း ဆွေး နွေး
ကြ သည် ။ ထိုင်း နိုင် ငံ မက် တာ ဖွတ် ဒေ သ စက်မှု ဇုံ မှ အကြောင်း အရာ အ ဖြစ် အပျက် များ ကို ပရို ဂျက် တာ ဖြင့်
ရှင်း လင်း ပြီး နောက်ဒေ သ ခံ တို့ ၏ ပတ်
ဝန်း ကျင် နှင့် ကျန်း မာ ရေးကို ထိ ခိုက်
စေ နိုင် သော စက် ရုံ များ ကို အလို
မရှိ ကြောင်း ၊ ဒေ သ ခံ တို့ အလုပ် အကိုင်
အခွင့် အလမ်း နှင့် အတပ် ပညာ ဆိုင် ရာ သင်
တန်း များ ကို ဖန် တီး ပေး ရ မည် ဖြစ် ကြောင်း၊
စောင့် ကြည့် ရေး ကော် မီ တီ ကို ဒေ သခံ တို့
ကိုယ် တိုင် ပါ ဝင် ဖွဲ့ စည်း ရန် လို အပ် ကြောင်း၊
၎င်း ဇုံ ဖြစ် လာ ခဲ့ လျင် ဒေ သခံ မဟုတ် သူ များ
အဆမတန် များ လာ နိုင် သဖြင့် ဒေ သခံ တို့၏
ဓလေ့ စရိပ် မပျောက် ပျက် အောင် ထိန်း သိမ်း
ရမည် ဖြစ် ကြောင်း ၊ကောင် ကျိုး များ ရှိ သ လို
ဆိုး ကျိုး များ လည်း ရှိ သဖြင့် ဖြစ် ပေါ် လာမည့်
ဆိုး ကျိုး အတွက် လည်း ပြင် ဆင် ထား ဖို့ လို
အပ် ကြောင်း ကျယ် ပြန့် စွာ ဆွေး နွေး ခဲ့ ကြ သည်။ လူ မှု ကွန် ယက်( ကျောက်
ဖြူ ) မှ ဦး ထွန်း လွင် က ဆွေး နွေး ရာ တွင်
(သမတ ကြီး ကျောက် ဖြူ ခရီး စဉ် ၌ ပြော
ဆို သွား သော ကွန် ယက် အဖွဲ့ သည် မသိ နား
မလည် သဖြင့် ဖျက် လို ဖျက် ဆီး လုပ် နေ
ကြောင်း ပြော ဆို ခြင်း သည် ) မဟုတ် မှန်
ကြောင်း အောက် ခြေ ဆိုင် ရာ ဌာ နတို့ မှ
မှား ယွင်း စွာ အစီရင် ခံ ခြင်း ကြောင့် သမတ
ကြီး က ဤ သို့ ပြော ခြင်း ဖြစ် ကြောင်း ချေ ပ
သည်။ေ ကျး လက် ဒေ သ ဖွံ့ ဖြိုး ရေး အသင်း
များ ကို အား ကောင်း စေ ပြီး
ဒေသ ဖွံ ဖြိုး ရေး ကို ဆောင် ရွက် ကြ ရာ
တွင် ဌာ န ဆိုင် ရာ တို့ ပူး ပေါင်း ဆောင် ရွက်
ကြ ရန် လို အပ် ကြောင်း ကို လည်း တိုက် တွန်း
ခဲ့ သည်။
Monday, February 11, 2013
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်ရောက်ရှိ
ဒေါ်ခင်မျိုးသက်
11.02.2013
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ ၅
ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ ရောက်ရှိလာခဲ့ပြီး၊
မကြာသေးခင်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို
သွားရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် အိုဟေး
ကင်တားနား (Thomas Ojae Quintana) ရဲ့ ခရီးစဉ် ပထမနေ့အဖြစ်
ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေ ကိုပါ တွေ့ဆုံခဲ့တဲ့အတွက်
အခြေအနေတွေ တိုးတက်မှု ရလာဖို့ ဒေသခံ လွှတ်တော်အမတ်တွေက
မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့
ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေနဲ့ စိန်ခေါ်မှု အတိုင်းအတာ ဘယ်လောက်ရှိနေသေးတယ်ဆိုတာကို ဆန်းစစ်ဖို့ လာရောက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဟာ တနင်္လာနေ့က ရခိုင်ပြည် နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ RNDP ရခိုင်တိုးတက်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မရကျော် က ဗွီအိုအေ ကို ပြောပါတယ်။
“ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ သူ စစ်တွေကို ရောက်ပါတယ်။ ရောက်ပြီးပြီးချင်း သူက ဘောဒူဝစခန်းဖြစ်တဲ့ သဲချောင်းစခန်းတွေကို သူက အစိုးရအဖွဲ့ ၀န်ကြီး သုံးဦးနဲ့ အဲ့လိုမျိုး တောက်လျှောက် ဆင်းသွားပါတယ်။ အဲ့ဒါပြီးနောက် နေ့လည်စာစားပြီးရင် သူတို့ မြေပုံကို ဆက်ပြီးသွားပါတယ်။ ဒီနေ့ညနေဘက် ပြန်ဝင်ပြီးရင် စစ်တွေ ဟိုတယ်မှာ ဒီနေ့ညအိပ်မယ်လို့တော့ သိရပါတယ်။”
ဦးအောင်မရကျော်ပါ။ အစိုးရတာဝန်ရှိသူတွေပါ လိုက်ပါပြီး အခုထိ တည်ငြိမ်မှုမရှိသေးတဲ့ ရခိုင်ပြည်နယ်ထဲကို အခုလို ကိုယ်တိုင်လာရောက်ပြီး စစ်ဆေးတာမို့ လူ့အခွင့်အရေးဆိုင်ရာ အကျိုးရှိတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။
“အဲ့ဒီမှာက အဓိက လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူတယောက်အနေနဲ့ ကျနော်တို့ နိုင်ငံကိုရောက်လာတာဆိုတော့ ကျနော်တို့ နယ်မြေထဲမှာ ရှိတဲ့ဟာတွေကို သူ လေ့လာမယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေမှာတော့ အကျိုးရှိမယ် လို့ ထင်ပါတယ်။ အရင်တခါလာတုန်းကလည်း အဲ့ဒါမျိုး အကျိုးရှိတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဆိုတော့ အဲ့ဒါမျိုးလေးတွေကို နည်းနည်း Address လုပ်လို့ရှိရင်လည်း ခုနကပေါ့နော် နိုင်ငံတော်က သက်ဆိုင်ရာ လူကြီးတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အဲ့ဒါမျိုးလေးတွေ ပူးပေါင်း ဆောင်ရွက်လို့ရှိရင်တော့ အကျိုးရှိမယ်လို့တော့ ထင်တယ်ဗျ။”
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ပြောသွား တာပါ။ ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့အတွက် အရေးကြီးသလို၊ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေ ဘယ်လောက်ရှိလာပြီဆိုတာနဲ့ အကဲစမ်း စိန်ခေါ်မှုအဖြစ် ဘာတွေ ကျန်နေသေးသလဲဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောဆို ခဲ့တဲ့ မစ္စတာ ကင်တားနား ဟာ မနက်ဖြန်မှာ ရခိုင်ကနေ အပြန်မှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရသလို၊ မြောက်ပိုင်း ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ကချင်ပြည်နယ်ထဲမှာ အခု လောလောဆယ် မြန်မာအစိုးရကနေ ကုလသမဂ္ဂ အပါအ၀င် လူသားချင်းစာနာမှု အဖွဲ့တွေကို ဒုက္ခသည်တွေ လိုအပ်နေတဲ့ ပံ့ပိုးမှုတွေ သွားရောက်ပေးအပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
KIA ကချင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်မှုတွေ ရပ်စဲစေဖို့အတွက်လည်း ဆွေးနွေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ မကြာသေးခင်ကပဲ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကလည်း သွားရောက် စစ်ဆေး ကြည့်ရှုဦးမှာဖြစ်ပါတယ်။

Saturday, July 14, 2012
ရဟန်းရှင်လူ၊ ရခိုင်ပြည်သူများသို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း သ၀ဏ်လွှာ
၂၀၁၂ ခု ဇန်န၀ါရီလ (၂၃) ရက်နိန့် ရက်စွဲဖြင့်
ငြိမ်းချမ်းရေးအတွက် တွိ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလအတွင်း
လာရောက်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်
(ALA) ငြိမ်းချမ်းရေးကိုယ်စားလှယ်
Friday, July 13, 2012
ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ငြိမ်းချမ်းရေး အဖွဲ့ကို စစ်တွေမြို့တွင် ပြည်သူ သိန်းချီ ကြိုဆို
ထွန်းထွန်း
----------
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။

၂၀၁၂-ခု၊ ဇွန်လ(၈)ရက်နေ့မှ စတင်ဖြစ်ပွါးခဲ့သော အရေးအခင်းအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားထုတ်ပြန်ချက်
(၁)
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များနှင့် စစ်တွေမြို့တို့တွင် နေထိုင်လျှက်ရှိနေကြ
သည့် ဘင်္ဂလီမူဆလင်အများစုသည်
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲ
၂၀၁၂-ခု၊
ဇူလိုင်လ (၇) ရက် နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၊ ရမ္မာဝတီတပ်ရင်း အမှတ်စဉ်
(၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲကို
Friday, January 27, 2012
ALP/ALA ကို ငြိမ်းချမ်းရီးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA ကို ၂၀၁၂ နှစ်ခု ဇန်နဝါရီ လ ၁၂ ရက်နိန့်မှာ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရီး ဆွေးနွေးရီးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အရှိဖက်ဒေသသို့ စာနန့်ရေးပြီးကေ ကမ်းလှမ်းလာ ပါရေ။
Friday, January 13, 2012
ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ကိုထွန်းလင်းကျော်အပါအဝင် ၆ဦးလွတ်မြောက်
မင်းဆက်ခိုင်
----------
၂၀၀၉ ခုနှစ်တွင် မတရားဖမ်းဆီးခံခဲ့ရသော ရခိုင်ကျောင်းသားနှင့် လူငယ်များထဲမှ ၆ဦးမှာ ယနေ့ လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက်လာကြောင်း သိရသည်။

Wednesday, December 28, 2011
Sunday, December 25, 2011
ရခိုင်စာ အရွီးအသား ပြဿနာ
ဂနိရခိုင်ပြည်နယ်အတွင်းမှာ
ဟိကတ်တေ မြို့နယ်အင်တန်များများနန့် အသင်းအဖွဲ့တိ တစ်ချို့မဂ္ဂဇင်း
ထုတ်လုပ်လာနိုင် ကတ်ပါဗျာလ်။ ပုဂ္ဂလိကအဖြစ် ရခိုင်သားကြီးစာပေကလဲ
စာအုပ်စာတမ်းတိ ထုတ်နိန်ရုံမက မပြောခင်မှာပင် မဂ္ဂဇင်းတစ်အုပ်ကို
ထုတ်ဖို့ဆိုစွာ သိရပါရေ။ ၀မ်းမြောက်စရာတိပါ။
ALP ဂုဏ်ထူးဆောင်ဗဟို ကော်မတီဝင် ခိုင်နေလင်း လီဖြတ်လားပါရေ
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP)မှ ဂုဏ်ထူးဆောင်ဗဟို ကော်မတိဝင်
တယောက်ဖြိုက်တေ ဆရာကြီး ခိုင်နေလင်းရေ အေနိ ၂၀-၁၂-၂၀၁၁ ရက်နိ မိုးသောက်ဖက်က
လီတခြမ်းဖြတ်လားပါရေ။
ရခိုင်နိုင်ငံတော်ကျဆုံးရေနိ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြပါဖို့
၂၂၇ နှစ်မြောက် ရခိုင်နိုင်ငံတော်ကျဆုံးခြင်းအထိမ်းအမှတ်နိကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတရပ်ကို ဒီဇာဘာလ ၃၁ ရက်နေ့တွင်ပြုလုပ် လားဖို့ ဖြိုက်ပါရေလို့ သိဟိရပါရေ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကောင်မတီဝင်ဟောင်း ခိုင်နီလင်း သီဆုံး
အေနိ ၂၁၊ ၁၂၊ ၂၀၁၁
(ဗုဒ္ဓဟူးနိ) မှာ တိုင်းပြည်နန့် လူမျိုးအပေါ်တာဝန်ထမ်းဆောင်ယင်း
သီဆုံးလားပါရေ။ ဆရာကြီးရေ ဥက္ကဌကြီး ခိုင်မိုးလင်း လက်ထက်ကပင် အကြံပီး
အဖြိုက်သော်လည်းကောင်း၊ ကိုယ်တိုင်းလည်း စစ်သားကောင်းတယောက်အဖြိုက်
အဖပြည်အတွက် အသက်ကို ပီးဆပ်ပနာ တာဝန်ကျီးပွန်စွာ ထမ်းဆောင်ခရေ မျိုးချစ်
ပြည်ချစ် လူမျိုးချစ် ပုဂ္ဂိုလ်တယောက်တစ်ဦးလည်း ဖြိုက်ပါရေ။ ဆရာကြီးရေ
ရခိုင်လူမျိုးရို့၏ သမိုင်းဆိုင်ရာကိုလည်း နှံစပ်ပြီးကေ ရခိုင်လူငယ်တိကို
နိုင်ငံချစ်စိတ် အချုပ်အချာအာဏာအရေးကြီးရေပုံတိကို တတ်နိုင်သလောက်
အသီခင်ကာလတလျှောက်လုံးမှာ စည်းရုံးဟောပြောပီးခပါရေ။
Saturday, January 15, 2011
လေဘေးဒေသ ဖြန့်ကျက် စစ်သားများ အားလုံး ရုတ်သိမ်း
ယခုကဲ့သို့ ရုတ်သိမ်းသွားခြင်းမှာ ကရင်ရှေ့တန်းသို့ ပို့ဆောင်ရန် အတွက် ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
“ အခု ကယ်ဆယ်ရေး လုပ်နေတဲ့ စစ်သားတွေ တစ်ဦးမှ မရှိတော့ဘူး။ သူတို့ကို အကုန်လုံး တပ်ရင်းကို ပြန်ခေါ်သွားတယ်။ လက်ရှိ သိရတာက သူတို့ကို ကရင်ဘက်ကို ပို့နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။
Wednesday, January 12, 2011
Friday, December 10, 2010
စစ်တွေ တက္ကသိုလ် ကျောင်းသားများမှ ခေတ်လေးခေတ် ရိုးရာ အ၀တ်အစားများဖြင့် သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေတွင် ကျင်းပမည်
၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သော တန်ဆောင်းမုန်း လပြည့်နေ့တွင် စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဖွဲ့စည်းထားသော AUSSAR အသင်းမှ ဦးစီးပြီး ရခိုင် ခေတ် ၄ ခေတ် ရိုးရာ အ၀တ်အစားများကို ၀တ်ဆင်ပြီး သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်ပုန်းဆွမ်း ကပ်လှူပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၁)ရက် တနင်္ဂနွေနေ့ တဆောင်မုန်းလပြည့်နေ့ နံနက် ၆း၀၀ နာရီတွင် စစ်တွေမြို့ လောက မာရ်ဇိန်ပြည်လုံး ချမ်းသာဘုရားကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဟု တာဝန်ရှိသူများက ပြောသည်။
“ သင်ပုန်းဆွမ်း ကပ်လှူပွဲကို လောကမာရ်ဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ရခိုင် မင်္ဂလာ စည်တော်ကိုတီးပြိး ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ကျင်းပ ပြုလုပ် ဖြစ်ပါတယ်။ သင်ပုန်းဆွမ်း ကပ်လှူရာမှာလည်း ရခိုင် မင်္ဂလာစည်တော်က ရှေ့မှ ဦးဆောင်ပြီး နောက်မှ ကျောင်းသား ကျောင်းသူ အယောက် ၁၀၀ ကျော်ခန့်က ဓညဝတီခေတ်၊ ဝေသာလီ ခေတ်၊ လေးမြို့ ခေတ်၊ မြောက်ဦးခေတ် စတဲ့ ခေတ်(၄) ခေတ်ရဲ့ ရခိုင်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ပြီး မြို့ကိုပတ်၍ ရခိုင်ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု အသင်းဝင် ကျောင်းသား တဦးက နိရဉ္စရာ သို့ ပြောကြားခဲ့သည်။
အဆိုပါ သင်ပုန်းဆွမ်းကပ်လှူပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ တက္ကသိုလ် ပေါင်းစုံမှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူ များက ပျော်ပျော် ရွှင်ရွှင် စည်စည်ကားကား ကပ်လှူပူဇော်မည်ဟုလည်း ပြောကြားသည်။
သင်ပုန်းဆွမ်းကပ်လှူပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်ကို သူက ယခုလို ရှင်းပြသည်။
“ ဒီပွဲကို ကျွန်တော်တို့ (AUSSAR) အသင်းက ဦးစီးပြီးတော့ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ (AUSSAR) ဆိုတာကတော့ (Association of University Social and Stipen Affair Rakhine) တက္ကသိုလ် ပညာသင် ထောက်ပံ့ရေးနဲ့ သာရေး နာရေး အသင်း (ရခိုင်) ဖြစ်ပါတယ်။ ဒီအသင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ တွေနဲ့ ဖွဲ့စည်း ထားတာပါ။ ကျွန်တော်တို့ အသင်းကတော့ ကျောင်းသားတွေရဲ့ နာရေနဲ့ ပတ်သတ်လို့လည်း ကုညီ ထောက်ပံ့ပေးသလို သာရေးနဲ့ ပတ်သတ်လာရင်တော့ ကျွန်တော်တို့က ရခိုင်ရိုးရာ အစဉ်အလာ ကို ဖော်ထုတ်မူ ပြုလုပ်ပါတယ်။ ဒီသင်ပုန်းဆွမ်း ကပ်ရတဲ့ အဓိက အချက်လည်း ရခိုင်ရိုးရာကို ထိမ်းသိန်း စောင့်ရှောက်ရေးနဲ့ ဖော်ထုတ်ရေး အတွက် ဖြစ်ပါတယ်။
(နိရဉ္စရာ သတင်း)

လေဘေးသင့် ပြည်သူများကို ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တချို့တွင် စတင် ပိတ်ပင်
စောသူဝင်း
--------------
ရခိုင်ပြည်နယ်မှ လေဘေးသင့် ကျေးရွာများတွင် သောက်ရေကန်များမှ သောက်သုံးရေများ သယ်ယူခွင့်ကို စတင်ပိတ်ပင် တားမြစ်လာသဖြင့် လေဘေးသင့် ပြည်သူများ ရေရရှိရေး အထူး အခက်ကြုံနေကြကြောင်း သတင်း ရရှိသည်။
ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ပိတ်ပင်လိုက်သဖြင့် ဒုက္ခကြုံနေရသော ကျေးရွာများမှာ မြေပုံမြို့နယ်မှ ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။
“ အခု ကျွန်တော်တို့ မြေပုံမြို့နယ် စိတ္တရကျေးရွာ၊ သင်ဘောင်ချောင်း ကျေးရွာနဲ့ တခြားအနီးအနား ကျေးရွာတွေမှာ သောက်ရေကန်တွေထဲ ဆားငံရေတွေ ၀င်သွားတဲ့ အတွက် သရက်တောင် ကျေးရွာတွေမှာ တည်ရှိတဲ့ ရေကန်တွေက ရေကို ခပ်ယူ အသုံးပြုနေကြရပါတယ်။ အခုတော့ သရက်တောင်ကျေးရွာတွေက ရေကန်တွေမှာလည်း ရေက လျော့နည်း လာတော့ အချိန်ပိုင်းနဲ့ ခွင့်ပြုလာတဲ့ အတွက် သောက်သုံးရေ ရရှိရေး အထူး အခက်ကြုံ နေကြရပါတယ်။”
သရက်တောင် ကျေးရွာတွင်လည်း ဂရိ မုန်တိုင်းဒဏ်ကြောင့် သောက်ရေကန် တချို့မှာ ဆားငံရေ ၀င်သွားသဖြင့် သောက်သုံး၍ မရဘဲ ဖြစ်နေသဖြင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျန်ရေကန်များမှ ရေသယ်ယူခွင့်ကို အချိန်ပိုင်းဖြင့် ခွင့်ပြု လာခြင်း ဖြစ်သည်။
သရက်တောင်ကျေးရွာမှ ရွာသားတစ်ဦးကလည်း “ နွေရာသီ ရောက်ရင် ကျွန်တော်တို့ ရွာမှာလည်း ရေရှားပါးမူနဲ့ ရင်ဆိုင်ရနိုင်တဲ့ အတွက် ပတ်ဝန်းကျင်ကျေးရွာတွေက ရေခပ် ရေသယ်ယူခွင့်ကို တစ်နေ့မှာ ညနေ ၃ နာရီက နေပြီးတော့ ညနေ ၅ နာရီ အထိ သယ်ဆောင်ခွင့် ပြုပေးထား ပါတယ်။ နွားလှည်းတွေကို အသုံးပြုပြီး ရေသယ်ယူခွင့်ကို မပြုပါဘုး “ ဟု သူက ပြောသည်။
ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တစ်ချို့တွင် စတင် ပိတ်ပင်လာသဖြင့် လေဘေးသင့်ပြည်သူများမှာ သောက်သုံးရေ ရရှိရေးနှင့် ပတ်သက်ပြီး အထူး ဒုက္ခကြုံတွေ့ နေကြရပြီး လက်ရှိ စစ်အစိုးရ အာဏာပိုင်များမှလည်း လေဘေးသင့် ကျေးရွာများတွင် ကြုံတွေ့နေရသော သောက်သုံးရေး ရရှိရေး ကိစ္စကို ယခုအချိန်ထိ တစုံတရာ ၀ိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

Subscribe to:
Posts (Atom)