Showing posts with label ALP ၏ကြေငြာချက်. Show all posts
Showing posts with label ALP ၏ကြေငြာချက်. Show all posts

Saturday, July 14, 2012

ရဟန်းရှင်လူ၊ ရခိုင်ပြည်သူများသို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း သ၀ဏ်လွှာ


၂၀၁၂ ခု ဇန်န၀ါရီလ (၂၃) ရက်နိန့် ရက်စွဲဖြင့် ငြိမ်းချမ်းရေးအတွက် တွိ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလအတွင်း လာရောက်ခဲ့သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ငြိမ်းချမ်းရေးကိုယ်စားလှယ် 

Friday, July 13, 2012

၂၀၁၂-ခု၊ ဇွန်လ(၈)ရက်နေ့မှ စတင်ဖြစ်ပွါးခဲ့သော အရေးအခင်းအပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားထုတ်ပြန်ချက်


(၁) မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များနှင့် စစ်တွေမြို့တို့တွင် နေထိုင်လျှက်ရှိနေကြ သည့် ဘင်္ဂလီမူဆလင်အများစုသည် 

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲ


၂၀၁၂-ခု၊ ဇူလိုင်လ (၇) ရက် နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၊ ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲကို

Friday, January 27, 2012

ALP/ALA ကို ငြိမ်းချမ်းရီးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA ကို ၂၀၁၂ နှစ်ခု ဇန်နဝါရီ လ ၁၂ ရက်နိန့်မှာ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရီး ဆွေးနွေးရီးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အရှိဖက်ဒေသသို့ စာနန့်ရေးပြီးကေ ကမ်းလှမ်းလာ ပါရေ။

Thursday, January 6, 2011

နအဖ စစ်စခန်းကို ALA မှတိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံး

မောင်အေး
-------------
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

Friday, June 4, 2010


အာဇာနည် ဗိုလ်ခိုင်မိုးလင်း အထိမ်းအမှတ်နေ့ ကျင်းပ

6/4/2010

စံလင်း (နိရဉ္စရာ)
၃၃ နှစ်မြောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌကြီး ခိုင်မိုးလင်း ကျသည့်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဌာနချုပ်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့တွင် ကျင်းပခဲ့ကြသည်။

အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဗဟိုဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၉၀ တက်ရောက်ပြီး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးဆပ် တိုက်ပွဲဝင်သွားသူ ဗိုလ်ခိုင်မိုးလင်းအား တက်ရောက် ဦးညွှတ် အလေးပြုခဲ့ကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်ထွန်းလင်းက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။

“ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့ရတဲ့ ဇွန်လ ၄ ရက်နေ့ကို ရောက်တိုင်း ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ အနေနဲ့ အခမ်းနားတွေ ထုတ်ပြန်ချက်တွေ ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဖရခိုင်ပြည်ကြီးနဲ့ ရခိုင်အမျိုးသားတွေ လွတ်မြောက်ရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းရဲ့ ဂုဏ်ကျေးဇူးတွေကို အစဉ် သတိရနေစေရန်နဲ့ သူ့ရဲ့ ဂုဏ်ကျေးဇူးတွေကို ဖေါ်ထုတ်လိုတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်တော်လှန်ရေးမှာ ကိုယ့်အသက်ကို မဌဲ့ကွက်ဘဲ ပေးဆပ် တိုက်ပွဲ ၀င်သွားခဲ့တဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းကို အထူး ဂါရဝဦးညွတ် အလေးပြုလိုတဲ့ အတွက် ခုလို အခမ်းအနားကို ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်။”

၎င်းပြင်သူက “နောက်ပြီးတော့ ဥက္ကဌကြီး ခိုင်မိုးလင်းရဲ့ ရခိုင်ပြည် လွတ်မြောက်ရေး အတွက် စိတ်ရှည်ခြင်း သဘောထား ကြီးခြင်း စွန့်လွတ် အနစ်နာခံခြင်းနှင့် သူမတူ ထူးခြားတဲ့ ဇွဲလုံးလ ဝိရီယ တွေကို အနာဂတ် ရခိုင်မျိုးဆက် လူငယ်တွေ အတုယူနိုင်အောင် ရည်ရွယ်ပီး ကျင်းပ ပြုလုပ်ရတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

အခမ်းအနားတွင် တက်ရောက်သူများက ဥက္ကကြီး ဗိုလ်ခိုင်မိုးလင်း၏ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းမူများကို ဖေါ်ကျူးသော မိန်းခွန်းစကားများကို ပြောကြားခဲ့သည်ဟု သိရသည်။

ဥက္ကဌကြီး ခိုင်မိုးလင်းသည် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် တပ်အင်အား ၁၀၀ ကျော်ကို ဦးစီးပြီး ကရင် မဟာမိတ် နယ်မြေမှ ၁၉၇၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ရခိုင်ပြည်သို့ စတင်ချီတက်ခဲ့သည်။ ကရင်နယ်မြေမှ ကရင်နီ၊ ရှမ်း၊ ကချင် ဒေသများကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ၂၀၀၀ ကျော်ခရီးကို ချီတက်ပြီးနောက် ရခိုင်နှင့် ချင်းနယ်စပ် အရောက်တွင် ဗမာ စစ်တပ်မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဗမာ စစ်တပ် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မူ အတွင်း ရဲဘော်အများအပြား ကျဆုံးသွားခဲ့ပြီး အများ အပြားလည်း ဖမ်းဆီးခံခဲ့ရသည်။ ၎င်းနောက်ပိုင်း ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ အရောက်တွင် ဥက္ကဌကြီး ခိုင်မိုးလင်းသည် ဗမာ စစ်တပ်လက်မှ မလွှတ်မြောက်နိုင်သည်ကို သိသဖြင့် ရန်သူထံတွင် လက်မြှောက် ဒူးထောက် အရှုံးပေးခြင်း မရှိဘဲ သူရဲကောင်း ပီသစွာဖြင့် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့တဲ့ ၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ ဆုတောင်းပွဲ အခမ်းအနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ဖလောင်းချိတ်တွင် ယနေ့ (ဇွန်လ ၄ ရက်) က ရခိုင်အမျိုးသမီး အစည်းအရုံးမှလည်း ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

Saturday, February 13, 2010

ALA နှင့်တိုက်ပွဲ ဖြစ်ပွား၍ နအဖ စစ်သား တဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ
2/13/2010

ALA ခေါ် ရခိုင်ပြည် လွှတ်မြှောက်ရေး တပ်မတော်နှင့် နအဖ စစ်တပ်တို့အကြား ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရာ နအဖ စစ်တပ်မှ တဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။

ရခိုင်ပြည်လွှတ်မြောက်ရေး ပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ခိုင်ထွန်းလင်းက နအဖ ဘက်မှ တဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားခြင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ တိုက်ပွဲက ကျွန်တော်တို့ ရခိုင်ပြည်လွှတ်မြှောက်ရေးတပ်မတော်က တပ်ခွဲမှူး ဗိုလ်ခိုင်ကျော်မိုးထွန်း ဦးစီတဲ့ တပ်ဖွဲ့နဲ့ ဘူးသီးတောင် အခြေစိုက် ခမရ ၂၆၃ တပ်ရင်းက တပ်ဖွဲ့တဖွဲ့တို့ ပလက်ဝမြို့နယ် ပြိုင်ဇော်ရွာ အနီးမှာ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက် လက်ဦးမူ ရရှိပီး စတင် ပစ်ခတ်ခဲ့တဲ့ အတွက် ဗမာ နအဖ စစ်တပ်ဘက်က တဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။”

၎င်းပြင်သူက တိုက်ပွဲအသေးစိတ် အခြေအနေများကို ယခုကဲ့သို့ ပြောကြားသည်။

“ တိုက်ပွဲကတော့ ရင်ဆိုင်တွေ့ဆုံ ဖြစ်ပွားတာပါ။ ရန်သူဘက်က ဗိုလ်မှူး စိုးအောင် ဦးစီးတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ၁၅ ဦးခန့်ပါပီး ရန်သူဘက်ကလည်း ၁၅ ဦးခန့် ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကတော့ နံနက် ၁၁ နာရီ ၄၅ မိနစ်က စတင် ဖြစ်ပွားခဲ့တာပါ။ စုစုပေါင်း မိနစ် ၅၀ ခန့် ကြာပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက် ဒဏ်ရာ ရရှိတာ မရှိပါဘူး။”

ယခုကဲ့သို့ နအဖ ဘက်မှ တပ်သား တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်းကို အရပ်ဘက် သတင်းနှင့် နအဖ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များ အရ သိရှိရကြောင်း သူက ပြောကြားသည်။

ယခု တိုက်ပွဲမှာ ၂၀၁၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ရခိုင်ပြည်တပ်မတော်နှင့် နအဖ တပ်မတော်တို့ အကြား စတင် ဖြစ်ပွားသော တိုက်ပွဲ ဖြစ်ပီး ၂၀၀၉ ခုနှစ်က ALA နှင့် နအဖ တို့အကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ကာ ၂၀၀၈ ခုနှစ်က ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သည် ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည့် အတွက် ရခိုင်ပြည်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မူများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေသော နအဖ စစ်တပ်အပေါ် အခြေအနေ အခွင့်ကောင်းများကို အရယူပြီး ဆက်လက် တိုက်ပွဲများ ဖေါ်ထုတ်သွားရန် အစီအစဉ်များရှိကြောင်း ကိုခိုင်ထွန်းလင်းမှ ပြောဆိုသည်။

Friday, January 22, 2010

2.1. Rakhaing/Rakhine (Arakan), country and race

The Arakanese (Rakhaing/Rakhine) believe that their ancestors had to chase out the demon-like beings (most probably Negrito tribes) before they established their first kingdom. The Sanskrit word rakshasa, Pali rakkhaso can be translated as “the demon of water” or “an ogre-like being living in water”. That's why the etymology of Arakan can be traced as a Sanskrit or Pali words A-Rakkha Desa (The Land which is now free from the Demons). The word "Arakan" is therefore a derivation of "A-Rakkhan" - "Arakan". Sir Arthur Phayre supported this version too .

Here, I would like to cite Col. Henry Yule and A. C. Burnell’s "Hobson-Jobson" A Glossary of Colloquial Anglo Indian Words and Phrases, and of Kindred Terms, Etymological, Historical, Geographical and Discursive (First Published in 1886, Last Edition: Calcutta, 1990). At page 34, where it was written: "ARAKAN, ARRACAN, n.p. This is a European form, perhaps through Malay [which Mr. Skeat has failed to trace], of Rakhaing, the name which the natives give themselves. This is believed by Sir Arthur Phayre [see Journ As. Soc. Ben. xii 24 seqq.] to be a corruption of the Skt. rakshasa, Pali rakkhaso, that is "Ogre" or alike, a word applied by the early Buddhists to unconverted tribes with whom they came in contact. It is not impossible that the 'Apyupn' of Ptolomy, which unquestionably represents Arakan, may disguise the name by which the country is known to the foreigners; at least no trace of the name as 'Silverland' in Old Indian Geography has yet been found. We may notice, without laying any stress upon it, that in Mr. Beal's account of early Chinese pilgrims to India, there twice occurs mention of an Indo-Chinese kingdom called O-li-ki-lo, which transliterates fairly into some name like Argyre, and not into any other yet recognisable (see J.R.A.S.(N.S.) xiii. 560,562)."

Some Rakhaings/Rakhines (Arakanese) felt insulted because of the term "Ogre". Here I would like to cite Maung U Shang, who wrote: "There is another word for ogre in Pali Yakkha which is written with y "Ya" and not with r "Ra" in Burmese Scripts. The Burmese normally do not enunciate the sound "Ra" but only the sound "Ya" for both. The Burmese pronunciation for "Rakhaing /Rakhine" is "Yakhaing /Yakhine". Because of this Burmese pronunciation people were confused by the terms rkp¨r "Rakkha Pura" and ykp¨r "Yakkha Pura", and made the wrong translation to designate Rakhaing/Rakhine as "The Land of the Ogres" instead of "The land of the People who protect their own Race and Culture". The word "Arakan" is therefore a derivation of "Rakhaing" - "Arakhaing" - "Arakan" - "Araccan."

Tuesday, January 12, 2010

1/6/2010


ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ တတိယ အကြိမ်မြောက် ပါတီညီလာခံမှ လက်ရှိ ဥက္ကဌ ခိုင်ရဲခိုင်ကို ပါတီ ဥက္ကဌ အဖြစ် နောက်ထပ် တကြိမ် ပြန်လည် ရွှေးချယ် တင်မြှောက် လိုက်ကြောင်း သတင်းရရှိသည်။

ALP ၏ တတိယ အကြိမ်မြှောက် ညီလာခံကို ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၂၉ ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ ၂ ရက်နေ့ထိ (၅) ရက်တိုင်တိုင် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တနေရာရှိ ပါတီ ဗဟိုဌာနချုပ် တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ညီလာခံမှ ဥက္ကဌ ခိုင်ရဲခိုင် အပါအ၀င် တခြား ဗဟိုကော်မီတီဝင် ၁၅ ဦးကိုလည်း ရွှေးချယ် တင်မြှောက်ခဲ့သည်။

ရွှေးချယ် တင်မြှောက်ခံခဲ့ရသော ထိပ်ပိုင်း ခေါင်းဆောင်များမှာ ခိုင်စိုးနိုင်အောင် ( ဒု ဥက္ကဌ - ၁)၊ ခိုင်မျိုးမင်း (ဒု ဥက္ကဌ - ၂)၊ ခိုင်အောင်မိုးဝေ (အထွေထွေ အတွင်းရေးမှူး)၊ ခိုင်ရန်နောင် (တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁)၊ ခိုင်သုခ (တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂)၊ တို့ဖြစ်ကြသည်။

ALP ၏ ထုတ်ပြန်ချက်တွင် ဗဟို အလုပ်အမူဆောင်ကော်မီတီ ၁ ဦး၊ ဗဟိုကော်မီတီဝင် ၄ ဦးနှင့် အရံဗဟိုကော်မီတီဝင် ၄ ဦးတို့ကို ရွှေးချယ် တင်မြှောက်ခဲ့ကြသည်ဟု ဖေါ်ပြသည်။

ALP တတိယ အကြိမ် ညီလာခံ ထုတ်ပြန် ကြေငြာချက်အရ ပါတီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ်များမှာ (၁) ပြည်တွင်း ပြည်ပ စည်းရုံးရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရန် (၂) မြန်မာ စစ်အုပ်စု၏ ၂၀၁၀ ရွှေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်သွားရန် (၃)ပါတီ တပ်မတော်တွင်း စည်လုံးညီညွတ်မူကို ပိုမို ကျစ်လစ် ခိုင်မာအောင် တည်ဆောက်၍ ပါတီ၏ အန္တိမ ရည်မှန်းချက် ဖြစ်သော အချုပ်အချာအာဏာ ပြန်လည် ရရှိရေးအတွက် အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်သွားရန် (၄) အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံ၍ ရခိုင်ပြည်တော်လှန်ရေး အကျိုး၊ ပါတီနှင့် တပ်မတော် အကျိုး ပိုမို ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် (၅) ရခိုင်ပြည်မှ သဘာဝ အရင်းအမြစ်များအား မြန်မာ့ စစ်အုပ်စုက မတရားလုယက် ရောင်းချနေမူများကို ရပ်တန့်စေရေး အတွက် အတိုက်အခံ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် တို့ဖြစ်သည်။

သို့သော်လည်း ALP ၏ တတိယ အကြိမ် ညီလာခံ ထုတ်ပြန်ချက်တွင် ရခိုင်တမျိုးသားလုံး အရေးတကြီး လိုလားနေသော အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်မှာ ပါတီ၏ ဆုံးဖြတ်ချက်ထဲတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရသည်။

ALP တတိယ အကြိမ် ညီလာခံသို့ ပါတီ ခေါင်းဆောင်ကြီးများ၊ ရဲဘော် ရဲမေများ အပြင် အိန္ဒိယ၊ဘင်္ဂလာဒေခ်ျ့ အခြေစိုက် ပါတီ ခေါင်းဆောင်များ၊ ကေဒါများ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။