ဗိုလ်ရာဇာအကြောင်း တစေ့တစောင်း
3/13/2010
ရခိုင်ပြည်တပ်မတော် စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ဆိုရင် ဗိုလ်ရာဇာ ကျဆုံးသွားတာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ တိုင်းပြည်နဲ့လူမျိုး လွတ် မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ ခုလို အိန္ဒိယစစ်တပ်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။ ခုလို ခေါင်းဆောင်တဦး ကျဆုံးသွားတာဟာ ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သလို ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးတရပ် လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ရာဇာဟာ ဘယ်လိုခေါင်းဆောင်မျိုးလဲ။ သူရဲ့စိတ်နေသဘောထားတွေက ဘယ်လိုရှိသလဲဆိုတာကို သိရှိနိုင်အောင် ဗိုလ်ရာဇာနဲ့ ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်တဲ့ ကိုလင်းခိုင်ကို ကိုမောင်အေးက တွေ့ဆုံပီး ယခုလို မေးမြန်းထားပါတယ်။
မေး။ ကိုလင်းခိုင်အနေနဲ့ ဗိုလ်ရာဇာရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပေးပါလား။
ဖြေ။ ဗိုလ်ရာဇာဟာ မင်းပြားမြို့နယ် ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါတယ်။ သူရဲ့ဖခင်က ဦးသာမြအောင်၊ မိခင်က ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါတယ်။ သားသမီး ၇ ယောက်အနက် တတိယမြောက် သားဖြစ်ပါတယ်။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါတယ်။ သူ့ကို အသက် ၁၃ နှစ်မှာ ရှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နဲ့ စစ်တွေမြို့က ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပေတွေကို သင်ကြားခဲ့ပါတယ်။
မေး။ ဗိုလ်ရာဇာဟာ တော်လှန်ရေးနဲ့ ဘယ်လိုစတင် ဆက်စပ်ခဲ့ပါသလဲ။ ဘယ်ပါတီနဲ့ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခဲ့တာပါလဲ။
ဖြေ။ အဲဒီလို စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆ နှစ်အရွယ်ကတည်းက သူဟာ နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ စစ်တွေကို အသွားအလာလုပ်ပြီးတော့ လျှို့ဝှက်ယူဂျီ လုပ်နေတဲ့အချိန်မှာ အသက် ၂၀ ပြည့်တဲ့အခါ သူတို့ရွာမှာ မိဘတွေက ရဟန်းခံပေးပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ကို ပြန်သွားပီး လျှို့ဝှက်ယူဂျီအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ လူသိများ လာတဲ့အခါ ရန်ကုန်မှာ နေလို့မရတဲ့အတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို ထွက်သွားခဲ့ရပါတယ်။
မေး။ ဗိုလ်ရာဇာရဲ့ ငယ်စဉ်က စိတ်သဘောထား ဘယ်လိုရှိလည်းဆိုတာကို ပြောပေးပါ။
ဖြေ။ သူ့ စိတ်နေသဘောထားကို သိရသလောက်ပြောရရင် သူ ဘယ်နေရာကိုဘဲ ရောက်ရောက်၊ ဘယ်အလုပ်ကိုဘဲ လုပ်လုပ်၊ ဘယ်ပညာကိုဘဲ သင်သင် သူဟာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးတော့ အလေးထားတဲ့စိတ်ရှိတယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက သူဟာ အမျိုးသားရေးအကြောင်းတွေကိုသာ ပြောလေ့ရှိပါတယ်။ နောက်ပြီးတော့ သူ့အဖေကလည်း ရခိုင်တော်လှန်ရေးသမား ပြောက်ကျားတစ်ဦးဖြစ်တဲ့ အတွက် သူဟာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက ပြင်းထန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက် ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်တဲ့အတွက် အရွယ်ရောက် လာတဲ့အခါ မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် သွားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
မေး။ ဗိုလ်ရာဇာဟာ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သူ့လက်အောက်မှာရှိတဲ့ ရဲဘော်ရဲဘက်တွေကို သူက ဘယ်လို သဘောထား ဆက်ဆံတတ်ပါလဲ။
ဖြေ။ သူဟာ အမျိုးသားရေးသမားပီပီ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့ ဘယ်သူ့ ကိုမဆို ချစ်မြတ်နိုးတဲ့ စိတ်ရှိပါတယ်။ သူနဲ့အတူ တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပီး စောင့်ရှောက်ပါတယ်။ တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲ့ ရဲဘော်တွေ အတွက်လည်း သူဟာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့ စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါတယ်။
မေး။ ဗိုလ်ရာဇာ ဘာကြောင့် ကျဆုံးရသလဲလို့ အစ်ကို့အနေနဲ့ ယူဆပါသလဲ။
ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရတာဟာ စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့် လဲဆိုရင် ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ရှိသူဖြစ်ပြီး သူ့အောက်က တာဝန်ရှိသူတွေ သွားရောက်ဆောင်ရွက် ရင် ရနိုင်တဲ့ကိစ္စဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင် သွားရောက်လုပ်ကိုင်တဲ့အတွက် အခုလိုဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ ဘယ်အလုပ်မဆို မိမိကိုယ်တိုင် သွားရောက်လုပ်ကိုင်ရမှ ကျေနပ်တဲ့လူစားမျိုးဖြစ်ပါတယ်။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နေကြတဲ့ သူတွေကို အားမလိုအားမရဖြစ်ရာကနေ သူကိုယ်တိုင်ပါဝင်ပီး အိန္ဒိယကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမဆို သူလုပ်မှ ရတယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ အမျိုးသားအတွက် ဖြစ်စေချင်တဲ့ဆန္ဒတွေဟာ လွန်ကဲတဲ့အတွက် အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
မေး။ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကြပါတယ်။ ဗိုလ်ရာဇာဟ နိုင်ငံရေးမရှိ၊ မိုက်ရူးရဲဆန်တယ်။ စစ်ဘုရင်ဝါဒကျင့်သုံးတယ်။ စသဖြင့် အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွေရှိပါတယ်။ အဲဒီအပေါ် အစ်ကိုဘယ်လို ထင်ပါသလဲ။
ဖြေ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင် သူဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အပြောကြမ်း ပါတယ်။ ဒါပေမယ့် သူ့နှလုံးသားဟာ အလွန်တရာမှ နုညံ့ပါတယ်။ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအပေါ်မှာ သူ ထားတဲ့သဘောထားဟာ အလွန်ဘဲ နုညံ့လွန်းပါတယ်။ ဘယ်လောက်ဘဲ သူ့ပါးစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောပေမယ့် သူပြောတဲ့ စကားတွေထဲမှာ စေတနာပါတဲ့အတွက် ကြားရတဲ့သူတွေက စကားကြမ်းကြမ်း ပြောပေမယ့် ခွင့်လွှတ်သည်းခံကြပါတယ်။ ဗိုလ်ရာဇာရဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော် အနီးကပ်မြင်လိုက်ရတာက ဘာမှပြောစရာမရှိပါ။ နောက်တခုက သူ့ကို ၀ိုင်းရံပေးကြတဲ့ တချို့ခေါင်းဆောင် တွေက သူ့အမှားတွေကိုတွေ့ရင်လည်း မှားတာကို မှားတယ်လို့မပြောဘဲ မှန်တယ်ဆိုပီး မြှောက်ပင့်လို့ ပေးကြတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့်လည်း ဗိုလ်ရာဇာကို ထိခိုက်မှုတချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း ဗိုလ်ရာဇာဟာ တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် မှားတာတွေ ရှိနိုင်ခဲ့ပေမယ့် သူမှားခဲ့တာတွေဟာ သာမန်အမှားမျိုးတွေသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
မေး။ ဗိုလ်ရာဇာဟာ ရခိုင်ပြည်တပ်မတော်ကို စတင်တည်ထောင်လာတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီ စတင်လာတဲ့အခါ သူ ဘယ်လိုဖြတ်သန်းကျော်လွှားလာသလဲဆိုတာကို အစ်ကိုသိသလောက် ပြောပြပေးပါလား။
ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါတယ်။ သိရသလောက် ဗိုလ်ရာဇာဟာ ALP က ခေါင်းဆောင်တချို့နဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ သိရပါတယ်။ ဒါကြောင့် သူ့ကို သေဒဏ်ပေးခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။ အဲသလို သေဒဏ်ပေးခံရတဲ့အတွက် သူဟာ ကရင်နယ်မြေ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါသွားပြီး အဲဒီမှာ တော်လှန်ရေးစလုပ်ပီး လက်နက်တွေ စုဆောင်းတယ်။ လူတွေ စုဆောင်းခဲ့ပါတယ်။ လက်နက်နဲ့ငွေအင်အား တောင့်တင်းလာတဲ့အခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တွေနဲ့ ဖြတ်ပီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော် AA ကို လာရောက်ထူထောင်ခဲ့ပါတယ်။ ဗိုလ်ရာဇာဟာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွေ စုဆောင်းပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
မေး။ ဗိုလ်ရာဇာဟာ ရခိုင်တော်လှန်ရေးမှာ အလွန်နာမည်ကြီးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
ဖြေ။ ဗိုလ်ရာဇာဟာ သူရ သတ္တိနဲ့ ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နောက်ပီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါတယ်။ နေတာထိုင်တာ သွားတာလာတာအစ သတိ ရှိပါတယ်။ စစ်သားကောင်းတစ်ယောက်အနေနဲ့ ဘယ်နေရာမှ သူ့ကိုပြောဖွယ်ရမရှိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ပျော့ပျောင်းပါတယ်။ ပေးကမ်းချီးမြှင့်တဲ့နေရာမှာလည်း မငှဲ့ကွက်တတ်ပါ။ ငယ်သားတွေအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပီးတော့ မဟာမိတ်တွေနဲ့ လည်း ပြေလည်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ လှူဒါန်းစွန့်ကြဲပေးကမ်းမှုတွေကို ရောက်တဲ့နေရာမှာ လုပ်ပါ တယ်။ ဒါ့အပြင် ဗိုလ်ရာဇာဟာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် ဘာမှ လုပ်ကိုင်ခဲ့တာ မရှိဘဲ အမြင့်မြတ်ဆုံး ပေးဆပ်သွားသူတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာဟာ အထူးထင်ရှားသူတစ်ဦးဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ရခိုင်လူမျိုးတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ကျွန်တော်တို့ ရခိုင်သားတွေအတွက် အလွန့်အလွန် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ခံစားရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့လိုလူမျိုး နောက်ထပ်ပေါ်ပေါက်မလာတဲ့အတွက် ဖြစ်ပါတယ်။ ဗိုလ်ရာဇာ လုပ်ခဲ့တဲ့လမ်းကြောင်းကို ဆက်လက် လုပ်နိုင်တဲ့သူ မရှိသလို ဗိုလ်ရာဇာ အသက်၊ သွေး၊ ချွေးနဲက ရင်းနှီးပီးရှာဖွေထားခဲ့တဲ့ လက်နက် ခဲယမ်း မီးကျောက်တွေကိုလည်း ထိန်းသိမ်းနိုင်ခဲ့တဲ့သူတွေ မရှိခဲ့ပါဘူး။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတွေ နည်းပါးပြီးတော့ ဗိုလ်ရာဇာလို ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်တွေကို လက်ဆင့်ကမ်း မမွေးထုတ်နိုင်တဲ့အတွက် သူကျဆုံးသွားတာဟာ ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ရခိုင်အမျိုးသားတွေ လွတ် မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျသွားတယ်။ အားနည်းသွားတယ်လို့ ကျွန်တော့် အနေနဲ့ သတ်မှတ်ပါတယ်။
မေး။ တချို့ကပြောပါတယ်။ ဗိုလ်ရာဇာ အသက်ရှင်ရှိသေးတယ်။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တယ်လို့ အမျိုးမျိုးပြောနေကြပါတယ်။ အဲဒီအပေါ် ညီတော်စပ်တဲ့ မိသားစုဝင် တစ်ယောက်အနေနဲ့ ဘယ်လိုထင်ပါသလဲ။
ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သေဆုံးသွားပြီဖြစ်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြဿနာ ဖြစ်တဲ့နေ့ကစပြီး ခုအချိန်ထိ ဘာအစအနမှ ပေါ်မလာဘူးဆိုတော့ ဗိုလ်ရာဇာနဲ့တကွ ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်တာမှန်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ယခု အဖမ်းခံနေရတဲ့ ရဲဘော်တွေလည်း ဗိုလ်ရာဇာနဲ့ ပစ်သတ်ခံရတာကို မမြင်ခဲ့ရပေမယ့် သေနတ်သံတွေကို ကြားခဲ့ရသူတွေလည်း ဖြစ်ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ လုပ်ကြံသတ်ဖြတ်ပစ်တယ်ဆိုတာကို ဧကန်မုချ ယုံကြည်ပါတယ်။ နောက်တချက်က အိန္ဒိယနိုင်ငံမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင် ဖြုတ်ပစ်ရတဲ့အဆင့်ထိ ရှိခဲ့တဲ့အတွက် အမှန်တကယ် သတ်ပစ်တာဟုတ်တယ်လို့ ယုံကြည်ပါတယ်။
ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဆင်နွဲဖို့ဆိုပြီးတော့ ရခိုင်ပြည် တပ်မတော် AA ကို ထူထောင်ခဲ့တဲ့ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်ပေးမယ် ဆိုပြီး ခေါ်ယူသွားက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနဲ့အတူ ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ယနေ့တိုင် အိန္ဒိယအစိုးရက ချုပ်နှောင်ထားပါတယ်။ ဘင်္ဂလာနယ်စပ်မှာ ရှိနေတဲ့ ရာနဲ့ချီတဲ့ ရဲဘော်တွေနဲ့ ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနဲ့အတူ ပျောက်ဆုံးသွားခဲ့ရပါတယ်။
(မောင်အေးမှ မေးမြန်းထားခြင်း ဖြစ်သည်။)
Tuesday, March 16, 2010

ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် လာရောက် လည်ပတ်မည်
3/15/2010
နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်သည် မတ်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောသို့ လာရောက်လည်ပတ်မည် ဖြစ်သည်ဟု အမည် မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။
“သူမနက်ဖြန်မှာ ရောက်ပါလိမ့်မယ်။ ဘာကိစ္စကြောင့် လာရောက် လည်ပတ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ သူအနေနဲ့ တပ်မိသားစုတွေ အပါအ၀င် အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ပါလိမ့်မယ်။”
သို့သော်လည်း အများစု ပြည်သူများက ဗိုလ်ချုပ် သိန်းစိန် လာရောက်ခြင်းမှာ လာမည့် ရွှေးကောက်ပွဲနှင့် သက်ဆိုင် နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။
မောင်တောမြို့တွင်လည်း ၀န်ကြီးချုပ် သိန်းစိန် ခရီးစဉ်အတွက် ရဟတ်ယာဉ်ကွင်းကို ပြန်ပြင်နေပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားသည်ဟု သိရသည်။
“သူက ဘူးသီးတောင်ကို ပထမ ရောက်ပြီး ဘူးသီးတောင်က တဆင့် မောင်တောကို သွားမယ်လို့ သိရပါတယ်။ မောင်တောကိုရောက်ရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့် ရပါတယ်” ဟု သူက ဆက်ပြောသည်။
ယနေ့တွင် ၀န်ကြီး သိန်းစိန်သည် စစ်တွေသို့ ရောက်လာနိုင်ပြီး သူ့ခရီးစဉ်အတွင်း ရခိုင် မြို့အများအပြားကို သွားရောက် လည်ပတ်မည်ဟု သိရသည်။
ဝန်ကြီးချုပ်သိန်းစိန်သည် ယခင် ၀န်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ရခိုင်ပြည်သို့ အများအပြား လာရောက် လည်ပတ်သူ တဦး မဟုတ်သော်လည်း ၂၀၁၀ ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေး အခြေအနေ ရှုတ်ထွေးနေချိန်တွင် လာရောက်လည်ပတ် ခြင်း ဖြစ်သဖြင့် သူ့ခရီးစဉ်အပေါ် လူအများက စိတ်ဝင် စားနေကြသည်ဟု သိရသည်။
ကျောက်တော် ခေါင်းတုတ်ကျေးရွာ ရွာလုံးကျွတ် မီးလောင်
3/16/2010
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာတွင် မတ်လ ၁၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၈၃ လုံးမီးထဲပါသွားခဲ့သည်။
ကျောက်တော်မြို့ အလယ်ပိုင်းရပ်ကွက်မှ လူကြီး တဦးက “ မီးက မတ်လ ၁၃ ရက် ညနေ ၃ နာရီ ခန့်မှာ စလောင်တာ ဖြစ်ပါတယ်။ ထမင်းချက်ရာ ကနေ မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၃ လုံးတွင် နေထိုင်သော အိမ်ထောင်စု ၈၆ စု မှာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။
သို့သော်လည် ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီ မရရှိသေးသဖြင့် အနီးအနား ကျေးရွာများမှ အကူညီများဖြင့် ရပ်တည် စားသောက်နေရသည်ဟု သိရသည်။
ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပြီး နေရာချပေးထား သော်လည်း မီးဘေးဒုက္ခသည် အတွက် အကူညီများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း အဆိုပါ အရပ်လူကြီးမှ ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မီးလောင်မူများ တိုးပွားနေပြီး မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင်လည်း မကြာသေးမှီက မီးလောင်ကျွမ်းမူများ ရှိခဲ့သည်ဟု သိရသည်။
3/16/2010
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာတွင် မတ်လ ၁၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၈၃ လုံးမီးထဲပါသွားခဲ့သည်။
ကျောက်တော်မြို့ အလယ်ပိုင်းရပ်ကွက်မှ လူကြီး တဦးက “ မီးက မတ်လ ၁၃ ရက် ညနေ ၃ နာရီ ခန့်မှာ စလောင်တာ ဖြစ်ပါတယ်။ ထမင်းချက်ရာ ကနေ မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၃ လုံးတွင် နေထိုင်သော အိမ်ထောင်စု ၈၆ စု မှာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။
သို့သော်လည် ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီ မရရှိသေးသဖြင့် အနီးအနား ကျေးရွာများမှ အကူညီများဖြင့် ရပ်တည် စားသောက်နေရသည်ဟု သိရသည်။
ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပြီး နေရာချပေးထား သော်လည်း မီးဘေးဒုက္ခသည် အတွက် အကူညီများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း အဆိုပါ အရပ်လူကြီးမှ ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မီးလောင်မူများ တိုးပွားနေပြီး မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင်လည်း မကြာသေးမှီက မီးလောင်ကျွမ်းမူများ ရှိခဲ့သည်ဟု သိရသည်။
Monday, March 8, 2010

အမြတ်များမည့် ပြည်သူပိုင်လုပ်ငန်းများ ဦးပိုင် သိမ်းမည်
Monday, 08 March 2010 18:10 အောင်သက်ဝိုင်း
E-mail Print
စစ်အစိုးရ လေလံပစ်သည့် ပြည်သူပိုင် စီးပွားရေး လုပ်ငန်းများအနက်မှ အမြတ်အစွန်းများရန် သေချာသော လုပ်ငန်းကြီးများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တိုက်ရိုက်လွှဲပြောင်း ရယူလျက် ရှိကြောင်း သတင်းရရှိသည်။
စစ်တပ်အတွက် အသုံးစရိတ်နှင့် ရန်ပုံငွေ ရှာဖွေပေးနေရသည့် ဦးပိုင်လီမိတက်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အပြိုင် စက်သုံးဆီရောင်းချရေး လုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ ကုန်တိုက်နှင့် အရောင်းဆိုင်လုပ်ငန်း၊ ရွှေသတ္ထုနှင့် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် စီးပွားရေးအရ အဓိကကျသည့် လုပ်ငန်းကြီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ လွှဲပြောင်း ရယူနေကြောင်း သိရသည်။
bus_rangoon
ဦးပိုင်လီမိတက်၏ လုပ်ငန်းတခုဖြစ်သော မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလက်အောက်မှ ပါရမီ ၁၈၃ ယာဉ်လိုင်း ပြေးဆွဲနေသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
စွမ်းအင်ဝန်ကြီးဌာနက လေလံပစ်ထားသည့် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်အနက် ထက်ဝက်ကျော်ကို ဦးပိုင်က လွှဲပြောင်း ရယူကာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များနှင့် ယှဉ်ပြိုင် ရောင်းချမည်ဖြစ်ကြောင်း ဦးပိုင်နှင့် နီးစပ်သော အသိုင်းအ၀န်းက ဆိုသည်။
“ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေက အဓိကအချက်အချာကျတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကို ဦးပိုင်က လွှဲယူမယ်။ ပုဂ္ဂလိကဆိုင်တွေလိုပဲ ဦးပိုင်ကလည်း ဒီဇယ်သွင်းမယ်၊ ရောင်းမယ်” ဟု ဦးပိုင်နှင့် ပုံမှန် ဆက်ဆံနေရသည့် အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူး တဦးက ပြောသည်။
ဦးပိုင်အနေနှင့် ပင်လယ်ကူး သင်္ဘောလိုင်း တလိုင်းကို တည်ထောင်ထားပြီး တရုတ်နိုင်ငံမှ ကွန်တိန်နာတင် သင်္ဘောများ မှာယူထားကြောင်း၊ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းမှ သင်္ဘောတချို့နှင့် သင်္ဘောသား ၀န်ထမ်းများကိုလည်း ရယူထားကြောင်း သိရသည်။
ဦးပိုင်လီမိတက်ပိုင် သင်္ဘောလိုင်းအတွက် ကွန်တိန်နာ အလုံး ၅၀၀ သယ်ဆောင်နိုင်သည့် DELPPNI ALPHA အမည်ရှိ သင်္ဘောကို တရုတ်နိုင်ငံတွင် ပထမဆုံး တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန် Asia World ဆိပ်ကမ်းသို့ ရောက်ရှိကာ တရားဝင် အခမ်းအနားဖြင့် လွှဲပြောင်းရယူခဲ့သည်။
မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သင်္ဘောတချို့ကိုလည်း ဦးပိုင်က လွှဲပြောင်းရယူရန် ညှိနှိုင်းနေရုံမက အဆိုပါလုပ်ငန်းမှ သင်္ဘောသား များအနေနှင့် ဦးပိုင် သင်္ဘောများတွင် အလုပ်လုပ်လို ကြကြောင်းလည်း သိရသည်။
ဦးပိုင်သင်္ဘောလိုင်း၏ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနက လေလံပစ်သည့် ဆိပ်ကမ်း ၅ ခု အနက် အသင့်အသုံးပြုနိုင်သော ဆိပ်ကမ်းကြီးတခုကို ရယူမည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
ဦးပိုင် လီမိတက်သည် မြန်မာနိုင်ငံတ၀န်း အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ရန်နှင့် အငှားကား လုပ်ငန်းများ အတွက် ကားစီးရေ ရာပေါင်းများစွာ တင်သွင်းရန် စီစဉ်နေသည်ဟု မဟာဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ အရာရှိတဦးက ပြောသည်။
မဟာဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် ဦးပိုင်လီမိတက် လက်အောက်မှ လုပ်ငန်းတခုဖြစ်ပြီး ရန်ကုန်တွင် ပါရမီ၊ အဓိပတိ အမည်များဖြင့် ခရီးသည်တင် ယာဉ်လိုင်းနှင့် အငှားကားများ ပြေးဆွဲနေပြီး ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ရှမ်းမလေး၊ ပုသိမ်သူ အမည် များဖြင့် အဝေးပြေးယာဉ်လိုင်း ၁၄ လိုင်းတည်ထောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အဝေးပြေးခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။
ခရီးသည်တင် ယာဉ်လိုင်းများအတွက် ကားများတင်သွင်းရုံမက ဇိမ်ခံ ကားများ တင်သွင်းရောင်းချသည့် လုပ်ငန်းကိုလည်း ဦးပိုင်လီမိတက်က လုပ်ဆောင်လျက်ရှိသည်။
စက်မှု ကုန်ထုတ်ပစ္စည်း လုပ်ငန်းတွင်လည်း မြ၀တီထရေးဒင်း ၊ 547 ထရေးဒင်း အမည်များဖြင့် လုပ်ငန်းခွဲများ ထူထောင်ကာ
ဦးပိုင်လီမိတက်ပိုင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ကုန်ထုတ် ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း ဦးပိုင်သတင်းရပ်ကွက်မှ
သိရှိရသည်။
ရန်ကုန်မြို့ရှိ အစိုးရ၀န်ကြီးဌာနပိုင် မြေနေရာများနှင့် အဆောက်အအုံ များကိုလည်း ဦးပိုင်က လွှဲပြောင်းရယူထားပြီး ကုန်တိုက်ကြီးများ ဆောက်လုပ်ရောင်းချရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန် စီးပွားရေး သမားများက ပြောဆိုနေသည်။
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင် ဦးပိုင်လီမိတက်က ခေတ်မီ Hyper Market ကုန်တိုက်ကြီးတခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါကုန်တိုက်ကြီးတွင် ကားအရောင်း စင်တာများပါ ပါဝင်မည်ဟု သိရသည်။
ဦးပိုင်လီမိတက်ပိုင် မြ၀တီဘဏ်သည် ရန်ကုန်မြို့ရှိ ဗဟိုဘဏ်နေရာကို ၎င်းရုံးချုပ်အဖြစ် သိမ်းယူဖွင့်လှစ်မည့်အပြင် ယခု ဘဏ်ခွဲပေါင်း ၇ ခုရှိနေရာမှ နိုင်ငံတ၀န်းတွင် ဘဏ်ခွဲများ ဆက်တိုက်တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။
လက်ရှိတွင် မြ၀တီဘဏ်သည် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ၊ နေပြည်တော်ပျဉ်းမနား ဘဏ်ခွဲ၊ ဖားကန့်ဘဏ်ခွဲ၊ တောင်ကြီးဘဏ်ခွဲ၊ ပုသိမ် ဘဏ်ခွဲများအ ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရွှေတူးဖော်ရေး လုပ်ငန်းနှင့် ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများတွင်လည်း ဦးပိုင်လီမိတက်က ရွှေနှင့် ကျောက်မျက် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ပြန်လည်ငှားရမ်းချထားပေးခြင်းနှင့် အကျိုးတူ ပူးပေါင်းတူးဖော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများကို ဦးပိုင်က အများစု လုပ်ခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက “စစ်တပ်ကတော့ သူရဲ့ ဝေစုအဖြစ် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းတွေကို အမွေခွဲတာပဲ။ ဘယ် အစိုးရတက်တက် စစ်တပ် မိသားစု၊ ဆွေမျိုး အသိုင်းအ၀န်းတွေအတွက် ကိုယ်ပိုင်ဝင်ငွေရသွားမယ်” ဟု မှတ်ချက်ချသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒ ကထိက တဦးကမူ စစ်အာဏာရှင်တိုင်းသည် ၎င်းတို့၏ မိသားစု ဆွေမျိုး အသိုင်းအဝန်းများအတွက် စီးပွားရေးအုပ်စုများ ဖွဲ့စည်းကာ စီးပွားရှာလေ့ရှိကြောင်း ပြောသည်။
“စစ်အာဏာရှင်တိုင်းက ဦးပိုင်လီမိတက်လို ကုမ္ပဏီကြီးတွေဖွဲ့၊ စီးပွားရှာကြတာ ထုံးစံလိုပဲ။ အနီးဆုံး ဥပမာ ပြောရရင် အင်ဒိုနီးရှား စစ်အာဏာရှင် လက်ထက်မှာ စစ်တပ် ကျောထောက်နောက်ခံပြု ကုမ္ပဏီကြီးတွေ ဖွဲ့ပြီး စီးပွားရှာခဲ့တာရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကလည်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်ကဲ့သို့ပင် စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ရုံမက လုပ်ငန်းများ ထပ်မံတိုးချဲ့လျက်ရှိ သည်ဟု နေပြည်တော် စစ်အရာရှိ အသိုင်းအ၀န်းမှ သတင်းရရှိသည်။

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်
Monday, 08 March 2010 19:32 သန်းထိုက်ဦး
E-mail Print
၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြား၏ ယနေ့ ညနေ ၄ နာရီသတင်းတွင် ထုတ်လွှင့်သွားသည်။
ထိုဥပဒေများတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်သည်။
electionwatch_news“အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့မှ စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေ ဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်” ဟု MRTV က ဆိုသည်။
ဥပဒေများ ထုတ်ပြန်လိုက်ပြီ ဆိုသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။
နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဟု လွန်ခဲ့သည့် ၂ နှစ်ကပင် စစ်အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။
သို့သော်လည်း အာဏာပိုင်တို့က လွှတ်တော် ခေါ်ယူပေးခြင်း၊ အာဏာ လွဲအပ်ပေးခြင်း မပြုဘဲ ရွေးကောက်ခံရသူ အများအပြားကို အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ နုတ်ထွက်ရန် နှင့် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ဖိအား ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
NLD သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး နှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။
ထို ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းဖုံး ဌာရမ်းခ နစက နယ်မြေမှူး တဦး တလ ကျပ်သိန်းရာကျော်ဝင်
3/7/2010
မောင်အေး(နိရဉ္စရာ) မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် တွင် တာဝန်ကျနေသော နစက နယ်မြေမှူး တဦးသည် ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို ဒေသအတွင်းရှိ စီးပွားရေး သမားများသို့ အခကြေးငွေယူပြီး ဌားရမ်းသဖြင့် တလအတွင်း သူ့အတွက် မြန်မာကျပ်ငွေ သိန်းရာကျော် ၀င်ငွေ ရရှိနေသည်ဟု အမည်မဖေါ် လိုသူ ရဲစခန်းမှူး တဦးက ပြောသည်။
“ဘင်္ဂလာဒေခ်ျ့က လက်ကိုင်ဖုံး ကိုင်ဆောင်ခွင့်ကို မြန်မာနိုင်ငံမှာ တရားဝင် ပိတ်ပင်ထားတဲ့အတွက် မည်သူမှ ကိုင်ဆောင်ပိုင်ခွင့် မရှိပါ။ ဒါကို အခွင့်ကောင်းယူပြီး မောင်တောမြို့နယ် အမှတ် (၇) နယ်မြေ နစကမှူး ဗိုလ်မှူး နေမျိုးက သူ့နယ်မြေအတွင်း မိုဘိုင်းဖုံး အလုံးပေါင်း ၇၀ ကို ဒေသအတွင်းက စီးပွားရေး သမားတွေကို ဖုံးတလုံးကို တလ တသိန်းခွဲနုန်းနဲ့ ဌားရမ်းပီး ကိုယ်ကျိုး စီးပွားရှာ နေပါတယ်။ သူ့နယ်မြေအတွင်းမှာ သူက အာဏာ အရှိဆုံး ဆိုတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ်ကျိုးစီးပွားကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”
အဆိုပါ ဘင်္ဂလာဒေခ်ျ့မှ မိုဘိုင်းဖုန်း အလုံး ၇၀ ကျော်ကို ဒေသအတွင်းရှိ ကျေးရွာများမှ မူဆလင် စီးပွားရေး သမားများသို့ ဌားရမ်းထားပြီး လစဉ်ကြေး အဖြစ် တလုံးကို ကျပ်ငွေ တသိန်းခွဲစီ ယူသည်ဟု သိရသည်။
“အခု သူဌားရမ်းထားတဲ့ မိုဘိုင်းဖုံးတွေကတော့ အလယ်သံကျော် ကျေးရွာမှာ ၁၀ လုံး၊ မြင်းလွှတ်မှာ ၈ လုံး၊ ကညင်တန်းမှာ ၇ လုံး၊ ကံပူးကျေးရွာမှာ ၃လုံး၊ ချိန်ခါလီကျေးရွာ ၃ လုံး၊ ၀က်ချ ကျေးရွာ ၂ လုံး၊ သန္တာကျေးရွာ၂ လုံး အပါအ၀င် ဖုံးအလုံးပေါင်း ၇၀ ခန့်ရှိတယ်လို့ သိရပါတယ်” ဟု ရဲအရာရှိက ပြောသည်။
လစဉ်ကြေးစနစ်ဖြင့် ငှားရမ်းထားသော မိုဘိုင်းဖုံးများကို စီးပွားရေး သမားများ အနေဖြင့် အမှတ် (၇) နစက နယ်မြေအတွင်းရှိ ကျေးရွာများတွင် ဖုံးဆိုင်များကို ပေါ်တင်ကြီး ဖွင့်လှစ်ကာ ဘင်္ဂလာဘက်သို့ တမိနစ်ပြောခ ၂၀၀ ကျပ် ယူကာ စီးပွားရေး လုပ်နေကြသည်ဟု သိရသည်။
တခြား အရပ်သား တဦးကလည်း နစက နယ်မြေမှူး နေမျိုးမှ ဘင်္ဂလာ လက်ကိုင် ဖုံးများကို စီးပွားရေး သမားများကို ဌားရမ်းပြီး ကိုယ်ကျိုး ရှာနေသည်ကို ယခုကဲ့သို့ ပြောသည်။
“ဘယ်အရပ်သားမှ မောင်တောမြို့နယ်မှာ ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးတွေကို ကိုင်ခွင့် မရှိပါ။ ကိုင်ရင် ဖမ်းပါတယ်။ ဒဏ်တပ်ပါတယ်။ ထောင်ချပါတယ်။ ဒါပေမယ့်လည်း နစက နယ်မြေမှူးတွေဆီက ဌားရမ်းပီး ကိုင်တဲ့သူဆိုရင်တော့ ဖမ်းတာ ဆီးတာတွေ မရှိသလို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ကိုင်လို့ ရပါတယ်။ သူတို့က နစက နယ်မြေမှူးဆီက ကျပ်တသိန်းခွဲပေးပြီး ဌားရမ်း ကိုင်ဆောင်တဲ့အတွက် သူတို့ကို ဘယ်သူမှ ဖမ်းလို့ မရပါ။ သာမန် အရပ်သားတွေကိုင်ရင်တော့ ဖုံးကို ချက်ချင်းသိမ်းပြီး ဒဏ်တပ်ပါတယ်။ ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ချပါတယ်။”
ယခု ဗိုလ်မှူး နေမျိုး ဌားရမ်းထားသော မိုဘိုင်းဖုံးများမှာလည်း ပြည်သူများထံမှ သိမ်းဆည်းထားသော မိုဘိုင်းဖုံးများ ဖြစ်ပြီး အရပ်သားများထံမှ သိမ်းဆည်း ရရှိပြီးနောက် ရဲလက်သို့ အဆိုပါ ဖုံးများကို မအပ်ဘဲ ကိုယ်ကျိုး အတွက် လျို့ဝှက် သိမ်းဆည်းထားကာ အရပ်သား စီးပွားရေး သမားများကို ဌားရမ်းပြီး စီးပွားရေး လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းဖုံးများကို ဒေသအတွင်းက စီးပွားရေး သမားများသို့ ဌားရမ်းပြီး ကိုယ်ကျိုးစီးပွား ရှာနေသူများမှာ ဗိုလ်မှူး နေမျိုး တဦးတည်း မဟုတ်ဘဲ မောင်တောမြို့နယ်ရှိ နစက နယ်မြေတိုင်းတွင် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့မှ ဆန်တန်ချိန် ၂၅၀၀၀ မြန်မာမှ တင်သွင်းမည်
3/7/2010
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန် မက်ထရစ် တန်ချိန် ၂၅၀၀၀ တင်သွင်းသွားမည် ဖြစ်သည်။
ယမန်နေ့က ပြုလုပ်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကက်ဘိနက် ကော်မီတီ အစည်းအဝေးတွင် ဆန် တန်ချိန် ၂၅၀၀၀ ကို မြန်မာမှ ၀ယ်ယူရန် အတည်ပြုလိုက်သည်ဟု သတင်း ရရှိသည်။
ဆန်တတန်ကို အမေရိကန် ဒေါ်လာ ၃၉၅ ဖြင့် ၀ယ်ယူမည် ဖြစ်ပြီး စင်္ကာပူ အခြေစိုက် Indo-Sino Trade Pte ကုမ္ပဏီက မြန်မာ့ဆန်ကို တင်ပို့ရန် ကန်ထရိုက်ရသွားကြောင်း သိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆန်အထွက်ကောင်းခဲ့သော်လည်း စပါးဈေးမရသဖြင့် တောင်သူလယ်သမားများ အခက်ကြုံနေရသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်မှ လယ်သမား တဦးက ယခုနှစ်တွင် စပါး အထွက်ကောင်းခဲ့သော်လည်း ဆန်စပါး ဈေး မကောင်းသည့် အပြင် ရောင်းချရန် ဈေးကွက်လည်း မရှိသဖြင့် တောင်သူလယ်သမား အများစုမှာ အဆင်မပြေ ဖြစ်နေရကြောင်း နိရဉ္စရာသို့ ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ ဆန်တန်ချိန် ၂၅၀၀၀ ၀ယ်ယူမည် သတင်းကို ကြိုဆိုကြောင်း ရခိုင်ဆန်ကုန်သည် အသင်းမှ တာဝန်ရှိသူ တဦးက ပြောကြားပြီး ရခိုင်ထွက် ဆန်များကို တင်ပို့ခွင့် ရမည်ဟု မျှော်လင့်ကြောင်း သူက ပြောကြားသည်။
ရခိုင်တွင် ဆန်စပါးဈေး မကောင်းသဖြင့် တချို့တောင်သူ လယ်သမားများ အနေဖြင့် မော်တော်ဘုတ်များဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ ရောင်းချ နေကြသည်ဟု သိရသည်။
Friday, March 5, 2010

စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက်
Friday, 05 March 2010 19:39 ဧရာဝတီ
E-mail Print
စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။
[ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ]
ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ
စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။
နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင်ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကိုပန်ကြားထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။
ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေးလုပ်မည်ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲရှိကြောင်း၊ UWSA တပ်ဖွဲ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့်အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေးအကဲခတ်များကဆိုသည်။
တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့်အမျှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း နယ်စပ် ဒေသတွင်အနီးကပ်စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက်သတင်းများက ဆိုသည်။
ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။
စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင်တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။
ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။
ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။
မြန်မာ ထောင်သား ၄၅ ဦးကို ဘင်္ဂလာမှ မြန်မာသို့ လွဲပြောင်း
3/5/2010
ထွန်းနိုင်(နိရဉ္စရာ) ယမန်နေ့က ပြုလုပ်သော မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် လွှတ်ရက်စေ့ မြန်မာ အကျဉ်းသား ၄၅ ဦးကို ဘင်္ဂလာဘက်မှ မြန်မာဘက်သို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက် အရ သိရှိရသည်။
အဆိုပါ ထောင်သားများမှာ ကော့ဘဇားထောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ခဲ့သူ လွတ်ရက်စေ့ ထောင်သားများ ဖြစ်ကြောင်း သိရသည်။
ကော့ဘဇားထောင်ထဲတွင် လက်ရှိ အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား ထောင်သား ၆၃၆ ဦးရှိပြီး ထိုအထဲမှ ၈၉ ဦးမှာ လွှတ်ရက်စေ့ ထောင်သားများ ဖြစ်ကြသည်။
မြန်မာဘက်မှ ၄၅ ဦးသာ လက်ခံခဲ့သဖြင့် အများအပြားမှာ လွှတ်ရက်စေ့သော်လည်း ပြည်တော် မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။
ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် မြန်မာ နစကဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်နှင့် ဘင်္ဂလာရိုင်ဖယ်ဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်စီ တက်ရောက်ပြီး နယ်စပ် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် နယ်စပ်ဖြတ်ကျော်ပြီး ဓါးပြတိုက်နေသော ကိစ္စအပါအ၀င် လူမှောင်ခိုကူးမူ တားဆီးရေး၊ မူးယစ်ရောင်းဝယ် ဖေါက်ကားမူတားဆီ်းရေးနှင့် တခြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ အပြီးတွင် နစက တပ်ဖွဲ့နှင့် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့တို့ ချစ်ကြည်ရေး ဘော်လီဘော ကစားကြရာ မြန်မာ နစကမှ သုံးပွဲ စလုံး ရှုံးသွားခဲ့ကြောင်း သိရသည်။
မြန်မာဘက်ကမှ ကိုယ်စားလှယ်အဖွဲ့ကို နစက ဒုကွက်ကဲရေးမှူး မှ ဦးဆောင်ပြီး ဘင်္ဂလာကိုယ်စားလှယ်အဖွဲ့ကို တက်ကနက် အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူးက ဦးဆောင်ကြောင်း သိရသည်။
3/5/2010
ထွန်းနိုင်(နိရဉ္စရာ) ယမန်နေ့က ပြုလုပ်သော မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် လွှတ်ရက်စေ့ မြန်မာ အကျဉ်းသား ၄၅ ဦးကို ဘင်္ဂလာဘက်မှ မြန်မာဘက်သို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက် အရ သိရှိရသည်။
အဆိုပါ ထောင်သားများမှာ ကော့ဘဇားထောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ခဲ့သူ လွတ်ရက်စေ့ ထောင်သားများ ဖြစ်ကြောင်း သိရသည်။
ကော့ဘဇားထောင်ထဲတွင် လက်ရှိ အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား ထောင်သား ၆၃၆ ဦးရှိပြီး ထိုအထဲမှ ၈၉ ဦးမှာ လွှတ်ရက်စေ့ ထောင်သားများ ဖြစ်ကြသည်။
မြန်မာဘက်မှ ၄၅ ဦးသာ လက်ခံခဲ့သဖြင့် အများအပြားမှာ လွှတ်ရက်စေ့သော်လည်း ပြည်တော် မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။
ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် မြန်မာ နစကဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်နှင့် ဘင်္ဂလာရိုင်ဖယ်ဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်စီ တက်ရောက်ပြီး နယ်စပ် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် နယ်စပ်ဖြတ်ကျော်ပြီး ဓါးပြတိုက်နေသော ကိစ္စအပါအ၀င် လူမှောင်ခိုကူးမူ တားဆီးရေး၊ မူးယစ်ရောင်းဝယ် ဖေါက်ကားမူတားဆီ်းရေးနှင့် တခြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ အပြီးတွင် နစက တပ်ဖွဲ့နှင့် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့တို့ ချစ်ကြည်ရေး ဘော်လီဘော ကစားကြရာ မြန်မာ နစကမှ သုံးပွဲ စလုံး ရှုံးသွားခဲ့ကြောင်း သိရသည်။
မြန်မာဘက်ကမှ ကိုယ်စားလှယ်အဖွဲ့ကို နစက ဒုကွက်ကဲရေးမှူး မှ ဦးဆောင်ပြီး ဘင်္ဂလာကိုယ်စားလှယ်အဖွဲ့ကို တက်ကနက် အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူးက ဦးဆောင်ကြောင်း သိရသည်။

ရခိုင် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ကိုးရီယား ဟွန်းဒိုင်းမှ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပြီ
3/5/2010
စံလင်း (နိရဉ္စရာ) ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ပူးပေါင်းလုပ်ကိုင်ရန် အတွက် တောင်ကိုးရီးယား ဟွန်ဒိုင်း ကုမ္ပဏီမှ ဒေ၀ူးနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ တန်ဖိုးရှိသည့် စာချုပ် တခုကို လက်မှတ်ရေးထိုးလိုက်သည်။
အဆိုပါ စာချုပ်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချုပ်ဆိုခဲ့သည်ဟု သိရသည်။
ကိုးရီးယား ကုမ္ပဏီကြီးနှစ်ခု စာချုပ်ချုပ် ဆိုခဲ့ခြင်းသည် ရခိုင် ကမ်းလွန်ဒေသ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အတွက် ကမ်းလွန်နှင့် ကုန်းတွင်းပိုင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ဖြစ်သည်ဟု သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုသည် ရခိုင်မှ တရုတ်သို့ သွယ်တန်းမည့် ဂတ်စ် ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် မတ်လတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်သည်ဟု သတင်းများတွင် ဖေါ်ပြသည်။
၂၀၁၃ မေလတွင် ရခိုင်မှ ဓာတ်ငွေ့များကို ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချ သွားမည်ဖြစ်သည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေသန်း ၅၀၀ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ ၄ဒသမ ၅ ထရီလျံမှ ၇ဒသမ၇ ထရီလျံ ကုဗပေ အထိ ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ယင်းခန့်မှန်းမှု အတိုင်း ဓါတ်ငွေ့ ပမာဏ ရှိနေပါက နှစ်ပေါင်း ၂၅ နှစ် မှ ၃၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
တောင်ကိုးရီးယားမှ ကုမ္ပဏီများသည် စစ်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မှုကြောင့် အကျိုးစီးပွားများ ဖြစ်ထွန်း နေသော်လည်း သဘာဝဓာတ်ငွေ့၏ မူလ ပိုင်ရှင်ဖြစ်သော ရခိုင် အမျိုးသားတို့မှာ အကျိုးကျေးဇူး တစုံတရာ မခံစားရသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လယ်ယာမြေများ သိမ်းပိုက် ခံနေရမှု၊ ရပ်ရွာများပြောင်းရွေ့ခံရမှု၊ လုပ်အားပေးစေခိုင်ခံရမှု စသည့် ဆိုးကျိုးများနှင့်သာ ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

အမ်းချောင်း ရေအား လျှပ်စစ်စီမံကိန်း ၂၀၁၀ ခုနှစ်တွင်အပြီးသတ် တည်ဆောက်မည်ဟု နအဖက ပြော
3/5/2010
စံလင်း(နိရဉ္စရာ) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက် တည်ဆောက်နေသော ရခိုင်ပြည်နယ် အမ်းချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း နအဖ စစ်အစိုးရမှ များမကြာမှီက ထုတ်ဖေါ် ပြောကြားသည်။
အမ်းချောင်း ရေအား လျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တနှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၄၅ သန်းထိ ထုတ်လုပ် သွားနိုင်မည် ဖြစ်ကြောင်း နအဖ တာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် နအဖ စစ်အစိုးရမှ ရေအားလျှပ်စစ် စီမံကိန်း သုံးခုကို တည်ဆောက်နေရာ ထိုအထဲတွင် အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်းလည်း ပါဝင်သည်။ တခြား ရေအားလျှပ်စစ် စီမံကိန်း ၂ ခုမှာ သံတွဲ သူဌေးချောင်းနှင့် ဘူးသီးတောင် စိုင်းတင် ရေအားလျှပ်စစ်တို့ ဖြစ်သည်။
သို့သော်လည်း အမ်းချောင်း ရေအားလျှပ်စစ်မှ ထုတ်လုပ်ရရှိသော ရေအားလျှပ်စစ်ကို ရခိုင်ပြည်သူများ တစုံတရာ ခံစားရနိုင်ဖွယ် မရှိကြောင်း လေ့လာသူများက ပြောသည်။
အဆိုပါ ရေအားလျှပ်စစ်မှ လျှပ်စစ်ဓါတ်အားကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အတွက် အသုံးပြုသွားမည် ဖြစ်ပြီး ပိုလျှံသော လျှက်စစ်ဓါတ်အားကို မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စက်ရုံများသို့ ဖြန့်ဖြူးသွားမည် ဖြစ်သည်ဟု သိရသည်။
အမ်းမြို့ခံ တဦးကို မေးကြည့်ရာ သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။
“အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်တာဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွက်သာ ဖြစ်ပီး ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အတွက် မဟုတ်ပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အခရာ အကျဆုံးဟာ လျှပ်စစ်မီး ဖြစ်ပါတယ်။ ဒါကို နအဖ စစ်အစိုးရက သိပေမယ့် သူတို့က နှစ်ပေါင်း ၂၀ ကျော်အတွင်း လုပ်ပေးတာ မရှိခဲ့ပါ။ ခုလည်း လုပ်ပေးမှာ မဟုတ်ပါ။ စစ်အစိုးရကသာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီး လုံလုံလောက်လောက် ဖြန့်ဖြူး ပေးချင်တယ်ဆိုရင် ရခိုင်ပြည်က ထွက်တဲ့ ဂစ်နဲ့လည်း လျှပ်စစ်မီး ရရှိအောင် လုပ်ပေးလို့ရပါတယ်။ သူတို့က ရခိုင်အမျိုးသားတွေ ချမ်းသာကြီးပွားမှာကို မလိုလားတဲ့ အတွက် ဘယ်သောအခါမှ လျှပ်စစ်မီး ရရှိအောင် လုပ်ပေးမှာ မဟုတ်ပါ။”
လက်ရှိ ရခိုင်ပြည်နယ်၌ စစ်တွေမြို့ အပါအ၀င် မြို့ကြီးများတွင် လျှပ်စစ်မီး တနေ့ကို ၂ နာရီ ကျော်သာ ရရှိပြီး အဆိုပါ လျှပ်စစ်မီးကိုလည်း အင်ဂျင်စက်များ တဆင့် ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် လျှပ်စစ်မီးခမှာ အလွန်ဈေးကြီးပြီး မီတာ တယူနစ်ကို ကျပ်ငွေ ၅၀၀ ထိ ပေးဆောင် ရသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝ သယံဇာတ အလျှံအပယ် ထွက်သော ပြည်နယ် တခုဖြစ်သော်လည်း တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု အနိမ့်ဆုံး ပြည်နယ်တခု ဖြစ်သည်ဟု သိရသည်။

ဆင်လိုက်၍ ထွက်ပြေးရာမှ နအဖ စစ်သားတဦး သေဆုံး
3/3/2010
မင်းအောင် (နိရဉ္စရာ) ဘူးသီးတောင် အခြေစိုက် တပ်ရင်း တရင်းမှ စစ်သား တဦးမှာ ဆင်ရိုင်းများလိုက်၍ ထွက်ပြေးစဉ် တောင်ပေါ်မှ လိမ့်ကျပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူ စစ်သားမှာ တပ်သား မင်းနောင်ဖြစ်ပြီး မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ် ချောင်းဖျားတွင် ဆင်များကို လိုက်လံဖမ်းဆီးနေသော စစ်တပ်ဖွဲ့မှ ဖြစ်သည်ဟု သိရသည်။
တပ်သား မင်းနောင်မှာ သေဆုံးသွားပုံကို မြင်းလွှတ်ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။
“တောဆင်ရိုင်းတွေကို စစ်တပ်က လိုက်ဖမ်းနေတဲ့ အတွက် ဆင်တွေက မကျေမနပ် ဖြစ်နေပုံရပါတယ်။ ဒါကြောင့် တွေ့တဲ့ လူကို သူတို့က တိုက်ခိုက် နေပါတယ်။ ခုသေသွားတဲ့ စစ်သား ကိုလည်း ဆင်တွေက မြင်တာနဲ့ လိုက်လံ တိုက်ခိုက်တော့ ထွက်ပြေးရာကနေ နောက်ဆုံး တောင်စောင်းပေါ်က လိမ့်ကျပြီးတော့ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူ့အလောင်းကို ကျွန်တော်တို့ ရွာကလူတွေ သွားယူပြီး မောင်တောဆေးရုံကို ပို့လိုက်ရပါတယ်။ ဆေးရုံမှာ စစ်ဆေးတော့ ဘာဒဏ်ရာမှ မတွေ့ရဘူးလို့ သိရပါတယ်။”
ယခုအခါ တောဆင်ရိုင်းများကို စစ်တပ်မှ ဗိုလ်ကြီး အောင်သူဟိန်း၊ ဗိုလ်ကြီး ဟိန်းခန့်နှင့် ဘူးသီးတောင် ၅ မိုင် ဆင်ထိန်းစခန်းမှ ဦဖေသန်းတို့ ဦးဆောင်ပြီး အုပ်စုဖွဲ့ကာ မြန်မာ နိုင်ငံ အနောက်ဘက် မယူတောင်တန်းတလျှောက်တွင် လိုက်လံ ဖမ်းဆီးနေသည်။
ဘူးသီးတောင် တောင်ပိုင်းနှင့် မောင်တောမြို့နယ် တခုလုံးတွင် ဆင်ဖြူတော် လေ့လာရေး လုပ်ငန်း ဟု ခေါင်းစဉ်တပ်ကာ စစ်တပ် တပ်ရင်းများမှ လွန်ခဲ့သောနှစ် ဒီဇင်္ဘာလမှ စတင်၍ ဆင်များကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသအတွင်းက လာသော သတင်းများ အရ သိရသည်။
၎င်းဆင်ဖမ်းအဖွဲ့များသည် ဆင်များကို ဖမ်းဆီးသည်သာမက အစွယ်ရှင် ဆင်ရိုင်းများကိုလည်း ပစ်ခတ် ဖမ်းဆီးနေသည်ဟု သိရသည်။
ဖမ်းဆီး ရမိသောဆင်များကို ငါးမိုင် ဆင်ထိန်း စခန်းသို့ ပို့ဆောင်ပြီး ယဉ်ပါးအောင် ထိန်းသိမ်း လေ့ကျင့် ပေးကာ မြန်မာပြည်မသို့ ပို့ဆောင်သော်လည်း ပစ်ခတ် ဖမ်းဆီး ရရှိသော ဆင်စွယ်များကိုမူ ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဒေသအတွင်းက စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့ ရောင်းချသည်ဟု သိရသည်။
ယခုကဲ့သို့ ဆင်များကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် မယူ တောင်တန်းတွင် နေထိုင် ကျက်စားနေကြသော တောဆင်ရိုင်းများ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာနေသည်ဟု သိရသည်။
ဒေသခံများ အပြောအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသသို့ မြန်မာဘက်မှ ဆင်များ ၀င်ရောက် ခိုအောင်းမူ ရှိနေပြီး တောဆင်ရိုင်းများ ဒေသခံများ စိုက်ပျိုးထားသော တောင်ယာခင်းများကို ၀င်ရောက်ဖျက်ဆီးမူများ ရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို ကာကွယ်စောင့်ထိန်းရန် ဥပဒေများ ချမှတ် ပြဌာန်း ထားသော်လည်း ဒေသအတွင်း တပ်စွဲထားသော စစ်တပ် တပ်ရင်းများမှ ဆင်ရိုင်းများကို ဥပဒေမဲ့ ပစ်ခတ် ဖမ်းဆီးမူများကို ပြုလုပ်နေသည်ဟု သိရသည်။
ဓါးပြများ သောင်းကျန်း၍ ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်ရ
3/5/2010
မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တလျှောက်တွင် ဓါးပြများ အထူး သောင်းကျန်းနေသဖြင့် ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်နေကြရသည်ဟု သတင်း ရရှိသည်။
ဝိမလ ရွာသား တဦးက “ ဓါးပြတွေက တော်တော်ကို သောင်းကျန်းနေပါတယ်။ အာဏာပိုင်တွေ ကလည်း လုံခြုံရေး အပြည့်အ၀ မပေးနိုင်တော့ ကျေးရွာသားတွေက ကိုယ့်ရွာကို ကိုယ်စောင့်တဲ့ သဘောအနေနဲ့ ကင်စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဓါးပြများသည် လုပ်သေနတ်များ၊ ဓါများကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများ အတွင်းသို့ အုပ်စုလိုက် ၀င်ရောက်ပြီး ဓါးပြတိုက်နေခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ကျေးရွာ အနီးဝိုက်မှာ တည်ရှိတဲ့ ၀ိမလကျေးရွာ၊ စံပယ်ပင်းရင်း၊ အီတလာယာ၊ ငါးစားကြူး၊ မင်းကြီးရွာ၊ ကပ်ပကောင်း စတဲ့ ကျေးရွာတွေ အပါအ၀င် မောင်တောမြို့ပေါ် ရပ်ကွက် တွေမှာလည်း ကင်းစောင့်နေကြရပါတယ်။ တဖွဲ့မှာတော့ ငါးယောက်ကနေ ခြောက်ယောက်ထိ ပါဝင်ပီး အလှည့်ကျ စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောမြို့ပေါ်ရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း သူတို့ ရပ်ကွက်တွင် ကင်းစောင့် နေရပုံကို ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်မောင်တောမှာ ဆိုရင် ကင်းရုံကို ကိုယ့်အား ကိုယ်ကိုး စနစ်နဲ့ဆောက်လုပ်ပီး အလှည့် ကျ စောင့်ကြရတယ်။ တညကို အိမ် (၅) အိမ်က ၁ ယောက် ကျစီနုန်းနဲ့ စောင့်ကြရပါတယ်။ တညမှာ ၅ ယောက်ကနေ ၇ ယောက်ထိ အဖွဲ့တွေခွဲပြီး စောင့်ကြရပါတယ်။
ယခုကဲ့သို့ ဓါးပြများ ရခိုင်ပြည်နယ် အနောက်ဘက် တလျှောက်တွင် သောင်းကျန်းနေသော်လည်း သက်ဆိုင်ရာ နစက တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နှိမ်နှင်း နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ထိုကဲသို့ ဖြစ်နေခြင်းကို ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။
“ နစကတွေကို အားကိုး မရတဲ့အတွက် ကျေးရွာသားတွေ ကိုယ်တိုင် ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။ နစက တပ်ဖွဲ့တွေလာရင် သောက်စားမူးယစ်နေပြီး သူတို့ကို အရက်တိုက်ရတယ်။ ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးရတော့ အကုန်အကျများတဲ့အတွက် ကျေးရွာသားတွေက နစကတွေ ရွာကို လာမှာကိုတောင် ကြောက်နေကြရတယ်။ ဒါကြောင့် နစကတွေကို အားမကိုးဘဲ ကိုယ်ဟာကိုယ်ဘဲ ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။”
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း မောင်တောမြို့တွင် ဓါးပြများနှင့် ဓါးပြများကို ကင်းပုန်းဝပ်နေသော ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
“ ဓါးပြတွေကို ရဲက မေးတော့ ဓါးပြတွေက နစကလို့ ပြန်ဖြေတယ်။ သူတို့(ရဲနဲ့ နစက) မှာ အချင်းချင်း ပေးထားတဲ့ စကားဝှက်တွေ ရှိတယ်။ စကားဝှက် မပေးနိင်တော့ ရဲက ချက်ချင်း ပစ်တယ်။ ရဲသား သေနတ်က မပေါက်တော့ ဓါးပြတွေက ပါလာတဲ့ နှစ်လုံးပြူး သေနတ်နဲ့ တချိန် ပြန်ပစ်ပြီး ထွက်ပြေး သွားကြတယ်။ ရဲတွေက သိက္ခာကျသွားပါတယ်” ဟု သူက ပြောသည်။
ယခု ၀င်ရောက် ဓါးပြ တိုက်နေသူများမှာ ဘီဒီပြေးခေါ် တဘက်နိုင်ငံရောက် မူဆလင်များ ဖြစ်ကြပြီး တဖွဲ့တွင် အယောက် ၁၀ မှ ၂၀ ခန့်ပါဝင်ကာ ဓါးပြတိုက်ပြီးလျှင် ဘင်္ဂလာဒေ့ခ်ျဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရှိရသည်
လွန်ခဲ့သော ဇန္န၀ါရီနှင့် ဖေဖေါ်ဝါရီ လအတွင်း မောင်တောမြို့နယ်တွင် ဓါးပြတိုက်မူ အနည်းဆုံး ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သော်လည်း တရားခံ တစုံတယောက်ကိုမှ မြန်မာ အာဏာပိုင်များမှ ဖမ်းဆီး ရရှိမိခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ဓါးပြများသည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများကို ဓါးပြ ၀င်တိုက်သည်သာမက နတ်မြစ်အတွင်း လူတင်ပို့နေသည့် ကူးတို့လှေများကိုလည်း လမ်းမှ ဖြတ်ပြီး ဓါးပြတိုက်နေကြောင်း သိရသည်။
လွန်ခဲ့သော အပတ်ကလည်း မြစ်နားရွာမှ အမျိုးသမီး တဦး မြန်မာဘက်ကမ်းသို့ ကူးတို့ လှေတစီးဖြင့် ဖြတ်ကူးစဉ် ဓါးပြများ လှေကို ဖြတ်တိုက်ပြီး အမျိုးသမီးထံတွင် ပါလာသော ရွှေ ၃ ကျပ်သားကို လူယူသွားခဲ့ကြသည်။
3/5/2010
မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တလျှောက်တွင် ဓါးပြများ အထူး သောင်းကျန်းနေသဖြင့် ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်နေကြရသည်ဟု သတင်း ရရှိသည်။
ဝိမလ ရွာသား တဦးက “ ဓါးပြတွေက တော်တော်ကို သောင်းကျန်းနေပါတယ်။ အာဏာပိုင်တွေ ကလည်း လုံခြုံရေး အပြည့်အ၀ မပေးနိုင်တော့ ကျေးရွာသားတွေက ကိုယ့်ရွာကို ကိုယ်စောင့်တဲ့ သဘောအနေနဲ့ ကင်စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဓါးပြများသည် လုပ်သေနတ်များ၊ ဓါများကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများ အတွင်းသို့ အုပ်စုလိုက် ၀င်ရောက်ပြီး ဓါးပြတိုက်နေခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ကျေးရွာ အနီးဝိုက်မှာ တည်ရှိတဲ့ ၀ိမလကျေးရွာ၊ စံပယ်ပင်းရင်း၊ အီတလာယာ၊ ငါးစားကြူး၊ မင်းကြီးရွာ၊ ကပ်ပကောင်း စတဲ့ ကျေးရွာတွေ အပါအ၀င် မောင်တောမြို့ပေါ် ရပ်ကွက် တွေမှာလည်း ကင်းစောင့်နေကြရပါတယ်။ တဖွဲ့မှာတော့ ငါးယောက်ကနေ ခြောက်ယောက်ထိ ပါဝင်ပီး အလှည့်ကျ စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောမြို့ပေါ်ရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း သူတို့ ရပ်ကွက်တွင် ကင်းစောင့် နေရပုံကို ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်မောင်တောမှာ ဆိုရင် ကင်းရုံကို ကိုယ့်အား ကိုယ်ကိုး စနစ်နဲ့ဆောက်လုပ်ပီး အလှည့် ကျ စောင့်ကြရတယ်။ တညကို အိမ် (၅) အိမ်က ၁ ယောက် ကျစီနုန်းနဲ့ စောင့်ကြရပါတယ်။ တညမှာ ၅ ယောက်ကနေ ၇ ယောက်ထိ အဖွဲ့တွေခွဲပြီး စောင့်ကြရပါတယ်။
ယခုကဲ့သို့ ဓါးပြများ ရခိုင်ပြည်နယ် အနောက်ဘက် တလျှောက်တွင် သောင်းကျန်းနေသော်လည်း သက်ဆိုင်ရာ နစက တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နှိမ်နှင်း နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ထိုကဲသို့ ဖြစ်နေခြင်းကို ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။
“ နစကတွေကို အားကိုး မရတဲ့အတွက် ကျေးရွာသားတွေ ကိုယ်တိုင် ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။ နစက တပ်ဖွဲ့တွေလာရင် သောက်စားမူးယစ်နေပြီး သူတို့ကို အရက်တိုက်ရတယ်။ ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးရတော့ အကုန်အကျများတဲ့အတွက် ကျေးရွာသားတွေက နစကတွေ ရွာကို လာမှာကိုတောင် ကြောက်နေကြရတယ်။ ဒါကြောင့် နစကတွေကို အားမကိုးဘဲ ကိုယ်ဟာကိုယ်ဘဲ ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။”
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း မောင်တောမြို့တွင် ဓါးပြများနှင့် ဓါးပြများကို ကင်းပုန်းဝပ်နေသော ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
“ ဓါးပြတွေကို ရဲက မေးတော့ ဓါးပြတွေက နစကလို့ ပြန်ဖြေတယ်။ သူတို့(ရဲနဲ့ နစက) မှာ အချင်းချင်း ပေးထားတဲ့ စကားဝှက်တွေ ရှိတယ်။ စကားဝှက် မပေးနိင်တော့ ရဲက ချက်ချင်း ပစ်တယ်။ ရဲသား သေနတ်က မပေါက်တော့ ဓါးပြတွေက ပါလာတဲ့ နှစ်လုံးပြူး သေနတ်နဲ့ တချိန် ပြန်ပစ်ပြီး ထွက်ပြေး သွားကြတယ်။ ရဲတွေက သိက္ခာကျသွားပါတယ်” ဟု သူက ပြောသည်။
ယခု ၀င်ရောက် ဓါးပြ တိုက်နေသူများမှာ ဘီဒီပြေးခေါ် တဘက်နိုင်ငံရောက် မူဆလင်များ ဖြစ်ကြပြီး တဖွဲ့တွင် အယောက် ၁၀ မှ ၂၀ ခန့်ပါဝင်ကာ ဓါးပြတိုက်ပြီးလျှင် ဘင်္ဂလာဒေ့ခ်ျဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရှိရသည်
လွန်ခဲ့သော ဇန္န၀ါရီနှင့် ဖေဖေါ်ဝါရီ လအတွင်း မောင်တောမြို့နယ်တွင် ဓါးပြတိုက်မူ အနည်းဆုံး ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သော်လည်း တရားခံ တစုံတယောက်ကိုမှ မြန်မာ အာဏာပိုင်များမှ ဖမ်းဆီး ရရှိမိခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ဓါးပြများသည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများကို ဓါးပြ ၀င်တိုက်သည်သာမက နတ်မြစ်အတွင်း လူတင်ပို့နေသည့် ကူးတို့လှေများကိုလည်း လမ်းမှ ဖြတ်ပြီး ဓါးပြတိုက်နေကြောင်း သိရသည်။
လွန်ခဲ့သော အပတ်ကလည်း မြစ်နားရွာမှ အမျိုးသမီး တဦး မြန်မာဘက်ကမ်းသို့ ကူးတို့ လှေတစီးဖြင့် ဖြတ်ကူးစဉ် ဓါးပြများ လှေကို ဖြတ်တိုက်ပြီး အမျိုးသမီးထံတွင် ပါလာသော ရွှေ ၃ ကျပ်သားကို လူယူသွားခဲ့ကြသည်။
Subscribe to:
Posts (Atom)